ယူနန်ပြည်နယ် ဘာ့မေရွာသည် လယ်ယာစိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းတို့ ပေါင်းစပ်မှုဖြင့် ရှင်သန်စွမ်းအားသစ် ဖြစ်ပေါ်လာ
2026-03-31 17:20|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယူနန်ပြည်နယ် ဝန်ဆန်း ကျွမ့်လူမျိုး၊ မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကွမ်နန်ခရိုင်ရှိ ဘာ့မေရွာသည် တောင်တန်းများကြားတွင် ပုန်းအောင်းထားပြီး ရွာသူရွာသားများနှင့် ခရီးသည်များမှာ လှေဖြင့် ရီမှောင်ရှည်လျားသော လိုဏ်ဂူကို ဖြတ်သန်းပြီးမှ ဝင်ထွက်နိုင်ပြီး ထောင်ယွမ်မင်း (ရှေးတရုတ်ကဗျာဆရာ) ရေးသားဖော်ပြခဲ့သော "ပရဒိသု နိဗ္ဗာန်ဘုံလေး"နှင့် တူသောကြောင့် ခရီးသည်များစွာကို လာရောက်လည်ပတ်ကြည့်ရှုရန် ဆွဲဆောင်လျက်ရှိသည်။
မကြာသေးမီနှစ်များအတွင်း ဒေသခံသည် ဘာ့မေရွာတွင် လယ်ယာစိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေး၏ အလားအလာကို နက်ရှိုင်းစွာ စူးစမ်းလေ့လာခဲ့သည်။ တစ်ဖက်တွင် စွဲမက်ဖွယ်ကောင်းသော ခရီးသွားအတွေ့အကြုံ စီမံကိန်းများကို ဖန်တီးပေးပြီး ခရီးသည်များအား သဘာဝရှုခင်းများကို ရှုစားစေသည့်အပြင် ကျွမ့်လူမျိုးကျေးရွာ၏ ရိုးရာ လယ်ယာစိုက်ပျိုးရေး ယဉ်ကျေးမှုကိုလည်း တွေ့ကြုံခံစားစေခဲ့သည်။ အခြားတစ်ဖက်တွင် ရှုခင်းသာနေရာများသည် ဒေသခံများကို တက်ကြွစွာ အလုပ်ခန့်ထားပြီး သူတို့ကို ဒေသအလိုက် သင့်တော်သော နည်းလမ်းဖြင့် လုပ်ငန်းစတင်တည်ထောင်ရန်နှင့် ဝင်ငွေတိုးပွားရန် အားပေးကာ လယ်ယာစိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းကို အပြန်အလှန် တွန်းအားပေးပြီး အတူတူ တိုးတက်စေခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ












