၂၀၂၆ ခုနှစ် ပထမ ၂ လအတွင်း ဖူအော်မြို့သည် လက်ဖက်ခြောက် ၁.၆ တန်ကို တင်ပို့ခဲ့ပြီး နွေဦးကာလ ကနဦးလက်ဖက်ခြောက်ကို နိုင်ငံတကာဈေးတွင် ရောင်းကောင်း

2026-03-31 19:01|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်၂၀၂၆ ခုနှစ် ပထမ ၂ လအတွင်း ဖူအော်မြို့သည် ဂျာမနီ၊ ပြင်သစ်နှင့် ရုရှား စသည့် နိုင်ငံများနှင့် ဒေသများသို့ လက်ဖက်ခြောက် ၁.၆ တန်ကို တင်ပို့ခဲ့ပြီး တန်ဖိုး ယွမ်ပေါင်း ၃.၉၃၂ သန်းရှိကာ လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၃.၃ ဆနှင့် ၁.၄ ဆ အသီးသီး တိုးလာခဲ့သည်။

နွေဦးရာသီအစောပိုင်းပြီးနောက် လက်ဖက်ပင်များသည် ဝေဝေဆာဆာ အညှောက်ထွက်လာနေကြသည်။ ပင်လယ်ရေမျက်နှာပြင်ထက် မီတာ ၁၅၀၀ မြင့်မားသော ဖူအော်မြို့ နန်ဖျင်မြို့နယ် ဇေဝန်ကျေးရွာရှိ အော်ဂဲနစ်လက်ဖက်ခြံများထဲတွင် လက်ဖက်စိုက်တောင်သူများသည် နှင်းရည်များဖြင့် ကပ်နေသော ပြည့်တင်းသော အဖူးများကို ခြင်းတောင်းများထဲသို့ ခူးဆွတ်ထည့်သွင်း နေကြသည်။ "ဒီနှစ်မှာ လက်ဖက်ရွက်တွေက ကြီးထွားတာ အရမ်းကောင်းပါတယ်။ အခုမှာ ပြည်ပအော်ဒါ ၁၀ တန်ကျော်နဲ့ ဒီအသုတ် နွေဦးရာသီ လက်ဖက်ခြောက်ကို ကြိုတင်မှာယူနေပါပြီ။" ဥရောပသမဂ္ဂ၏ အော်ဂဲနစ်စံချိန်စံနှုန်းများနှင့်အညီ စိုက်ပျိုးထားသော ဤလတ်ဆတ်သော အရွက်များကို အပူပေးသတ်ခြင်း၊ လိပ်ခြင်းနှင့် အချဉ်ဖောက်ခြင်း စသည့် လုပ်ငန်းစဉ်များဖြင့် အော်ဂဲနစ် ဖူအော်လက်ဖက်ခြောက်အဖြစ် လုပ်ဆောင်ပြီးနောက် ဂျာမနီသို့ တင်ပို့သွားမည် ဖြစ်ကြောင်း Pu'er Zuxiang Alpine Tea Garden Co., Ltd. ၏ ဒုတိယအထွေထွေမန်နေဂျာ တုန်ထျန်းဝူက ပြောကြားခဲ့သည်။


2026年前两个月,普洱市出口茶叶1.6吨,货值393.2万元,同比分别增长3.3倍和1.4倍,出口至德国、法国、俄罗斯等国家和地区。

早春过后,茶树抽芽正盛。海拔1500米的普洱市南屏镇整碗村的有机茶园里,茶农们将还带着露水的饱满芽头采入篓中。“今年茶叶长势特别好。目前已有10多吨海外订单,提前锁定了这批春茶。”普洱祖祥高山茶园有限公司副总经理董天武介绍,这些按照欧盟有机标准种植的鲜叶,经过杀青、揉捻、发酵等工艺,制作成有机普洱茶,将出口到德国。(云南日报 记者刘子语)

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်