၂၀၂၆ ခုနှစ် ပထမ ၂ လအတွင်း ယူနန်ပြည်နယ်ရှိ ဆိပ်ကမ်းများမှ ဒူးရင်းသီးတင်သွင်းမှုမှာ ၃၅၁.၆ ရာခိုင်နှုန်း တိုးပွားခဲ့

2026-03-31 15:08|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်မတ်လ ၁၆ ရက်နေ့တွင် ကူမင်းအကောက်ခွန်ဌာနမှ ထုတ်ပြန်ခဲ့သော အချက်အလက်များအရ ယခုနှစ် ပထမ ၂ လအတွင်း ကူမင်းအကောက်ခွန်ဌာန လက်အောက်ရှိ ထျန်းပေါင်အကောက်ခွန်ဌာနသည် အာဆီယံသစ်သီးဝလံ တန်ပေါင်း ၁.၄ သောင်း တင်သွင်းမှုကို ကြီးကြပ်အုပ်ချုပ်ခဲ့ပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၄၀၅.၂ ရာခိုင်နှုန်း တိုးလာခဲ့ကာ ၄င်းတို့အနက် ဒူးရင်းသီး တန်ပေါင်း ၁ သောင်းကို တင်သွင်းခဲ့ပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၃၆၃.၈ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ထို့ပြင် မိုဟန်နှင့် ဟယ်ခုတ် စသည့် ဆိပ်ကမ်းများတွင် ဒူးရင်းသီး တင်သွင်းမှုပမာဏနှင့် တန်ဖိုးလည်း တိုးလာခဲ့သည်။

ကူမင်းအကောက်ခွန်ဌာန၏ စာရင်းအင်းများအရ ယခုနှစ် ပထမ ၂ လအတွင်း ယူနန်ပြည်နယ်ရှိ ဆိပ်ကမ်းများမှ ဒူးရင်းသီး ယွမ်ပေါင်း ၂.၀၅ ဘီလီယံ တင်သွင်းခဲ့ပြီး ၃၅၁.၆ ရာခိုင်နှုန်း တိုးလာခဲ့ကာ ၄င်း၏ တင်သွင်းမှုတန်ဖိုးသည် နိုင်ငံတစ်ခုလုံး ပထမနေရာတွင် ရပ်တည်ခဲ့သည်။ ဒူးရင်းသီး တင်သွင်းမှုပမာဏ၏ အရှိန်အဟုန်ပြင်းစွာ မြင့်တက်လာခြင်းသည် ယူနန်ပြည်နယ်၏ ပူပြင်းသော နိုင်ငံခြားကုန်သွယ်မှုကို ဖော်ပြခဲ့ကာ စမတ်ကျသော အကောက်ခွန်ရှင်းလင်းရေးသည် ဆိပ်ကမ်းမှ နိုင်ငံခြားကုန်သွယ်မှုကို တိုးတက်စေသည့် အစွမ်းထက်သော အင်ဂျင်နှင့် မြှင့်တင်ပေးသည့် တွန်းအားတစ်ခု ဖြစ်လာခဲ့သည်။

记者3月16日从昆明海关获悉,数据显示,今年前2个月,昆明海关所属天保海关监管进口东盟水果1.4万吨,同比增长405.2%,其中进口榴莲1万吨,同比增长363.8%。此外,磨憨、河口等多个口岸进口榴莲量值也在增长。

昆明海关统计数据显示,今年前2个月,云南省口岸进口榴莲20.5亿元,增长351.6%,进口货值居全国首位。榴莲进口量的激增折射出云南外贸的火热,智慧通关成为口岸外贸增长的“强引擎”和“助推器”。(昆明日报 记者缪亚平 通讯员袁忻 曹轩报道) 

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်