ရှေးဟောင်းမြို့မှ ပန်းပင်လယ်သို့၊ မာရသွန်အပြေးပြိုင်ပွဲဖြင့် တရုတ်-ထိုင်း ချစ်ကြည်ရေးလမ်းကို ချိတ်ဆက်

2026-03-30 16:13|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်နှစ်စဉ်နှစ်တိုင်း နွေဦးရာသီတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချွီကျင့်မြို့ လော်ဖိန်ခရိုင်၌ မိုပေါင်း သန်းနှင့်ချီသော မုန်ညင်းပန်းများသည် ဝေဝေဆာဆာ ပွင့်ဖူးလျက်ရှိကာ ရွှေရောင်ပန်းပင်လယ်များအကြား ပြေးလမ်းသည် "လော်ဖိန်ခရိုင်ရှိ ပန်းပင်လယ် မာရသွန်အပြေးပြိုင်ပွဲ"ကို "နွေဦးရာသီထဲသို့ ပြေးသွားသည့် ပထမဆုံး မာရသွန်အပြေးပြိုင်ပွဲ"အဖြစ် ချီးကျူးခံစေလျက်ရှိသည်။

မတ်လ ၁၅ ရက်နေ့တွင် ၂၀၂၆ ခုနှစ် ချွီကျင့်မြို့ လော်ဖိန်ခရိုင်ရှိ ပန်းပင်လယ် မာရသွန်အပြေးပြိုင်ပွဲကို ကျင်းပခဲ့ကာ တရုတ်နိုင်ငံ နေရာအသီးသီးမှ အပြေးသမားများအပြင် ထိုင်းနိုင်ငံမှ ပထမဆုံးအသုတ် ပြိုင်ပွဲဝင်များကိုလည်း ကြိုဆိုခဲ့သည်။ ချင်းမိုင်ရှေးဟောင်းမြို့မှ လော်ဖိန်ခရိုင်ရှိ ပန်းပင်လယ်သို့ အတူတကွ ချစ်ခင်မြတ်နိုးသော မာရသွန်အပြေးပြိုင်ပွဲသည် တရုတ်နှင့် ထိုင်း နှစ်နိုင်ငံတို့အကြား ကူးလူးဖလှယ်မှု နက်ရှိုင်းစေသော ချစ်ကြည်ရေးတံတားတစ်စင်းကို ခင်းထားသည်။

1

"အဲဒီက ရှုခင်းအရမ်းလှပတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး ရွှေရောင်ပန်းပင်လယ်ထဲမှာ ပြေးလွှားခြင်းဟာ မမေ့နိုင်တဲ့ တွေ့ကြုံခံစားမှုတစ်ခု ဖြစ်ပါတယ်။" လော်ဖိန်ခရိုင်ရှိ ပြိုင်ပွဲ၏ စီစဉ်ခြင်းပုံစံသည် ကိုးကားတန်ဖိုး အလွန်ရှိပြီး အနာဂတ်တွင် ချင်းမိုင်၌ ပြိုင်ပွဲများကျင်းပရန် ဤအတွေ့အကြုံများမှ သင်ခန်းစာယူကာ ထိုင်းနှင့် တရုတ်အကြား အားကစား ဖလှယ်မှုများကို ပိုမိုနက်ရှိုင်းစေရန် မျှော်လင့်ကြောင်း ချင်းမိုင်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ Tengchai Teyingyong က ပြောကြားခဲ့သည်။

ချင်းမိုင်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ Pichai Lepong Adiso က ဤနှစ်ကုန်တွင် ချင်းမိုင်၌ ကျင်းပမည့် မာရသွန်အပြေးပြိုင်ပွဲတွင် ချွီကျင့်အပြေးအဖွဲ့ ပါဝင်ယှဉ်ပြိုင်နိုင်ရန်နှင့် နှစ်နိုင်ငံမှ အပြေးသမားများအကြား ဖလှယ်မှုများ ပုံမှန်ဖြစ်လာနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

2

"ဒီမှာရှိတဲ့ သဘာဝရှုခင်းတွေက သာယာလှပပြီး လေလဲ အေးအေးညှင်းညှင်း လန်းလန်းဆန်းဆန်း ဖြစ်ပါတယ်။ ကျွန်တော်က လော်ဖိန်ခရိုင်ကို ထိုင်းနိုင်ငံက ခရီးသည်တွေနဲ့ အပြေးသမားတွေထံ အကြံပြုရမယ်၊ သူတို့ကို ခရီးသွားလာရေးနဲ့ အားကစားအတွက် ဒီကိုလာဖို့ ဖိတ်ခေါ်ရမယ်၊ ကျွန်တော့်မိသားစုကိုလဲ ဒီအလှအပကို ထပ်မံခံစားဖို့ ခေါ်လာမှာပါ။" ပြိုင်ပွဲလမ်းကြောင်းတစ်လျှောက် ဆေးဘက်ဆိုင်ရာနှင့် ထောက်ပံ့ရေးဝန်ဆောင်မှုများ ပြီးပြည့်စုံပြီး သက်တောင့်သက်သာရှိသော ပြိုင်ပွဲအတွေ့အကြုံက လူတိုင်းကို အားကစား၏ ပျော်ရွှင်မှုတွင် နစ်မြုပ်နိုင်စေကြောင်း ချင်းမိုင်ကိုယ်စားလှယ်အဖွဲ့ဝင် Somboon Boonlong က ပြောကြားခဲ့သည်။

3

မနှစ်က ကုန်ပိုင်းတွင် ၂၀၂၅ ခုနှစ် ချင်းမိုင် အပြည်ပြည်ဆိုင်ရာ မာရသွန်အပြေးပြိုင်ပွဲ ကျင်းပရာတွင် လော်ဖိန်ပန်းပင်လယ် မာရသွန်အပြေးပြိုင်ပွဲ၏ ကိုယ်စားလှယ်အဖွဲ့သည် ပြိုင်ပွဲကြည့်ရှုလေ့လာခြင်း၊ နှီးနှောဆွေးနွေးခြင်း စသည့် နည်းလမ်းများစွာ မှတစ်ဆင့် ချင်းမိုင် အပြည်ပြည်ဆိုင်ရာ မာရသွန်အပြေးပြိုင်ပွဲ၏ လည်ပတ်မှုပုံစံနှင့် ကျင်းပမှု အတွေ့အကြုံများကို နက်ရှိုင်းစွာ သိရှိနားလည်ခဲ့ကြသည်။ ၄င်းကို အခွင့်အလမ်းအဖြစ်၊ နှစ်နိုင်ငံရှိ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း၊ အားကစားဌာနများသည် ကနဦး ပူးပေါင်းဆောင်ရွက်မှု ရည်ရွယ်ချက်ကို ရရှိခဲ့ကာ မာရသွန်အပြေးပြိုင်ပွဲကို နှောင်ကြိုးအဖြစ် နယ်ပယ်များစွာတွင် ဖလှယ်မှုများကို စတင်ရန် သဘောတူညီခဲ့ပြီး တောင်တန်းများနှင့် ပင်လယ်များကို ဖြတ်ကျော်သော "ပန်းပင်လယ်တွေ့ဆုံပွဲ"ကို စတင်ခဲ့သည်။

ပြိုင်ပွဲကျင်းပရာတွင် ချင်းမိုင်မှ အဖွဲ့ဝင် ၁၄ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ဒေသခံ ပျားရည်နှင့်ဂျင်း အချောကိုင်လုပ်ငန်းများနှင့် ကျူလုံရေတံခွန် ရှုခင်းသာနေရာများကိုလည်း သွားရောက်လည်ပတ်ခဲ့ကြပြီး စက်မှုလုပ်ငန်း၏ ရှင်သန်မှုနှင့် သဘာဝအလှရှုခင်းများကို ခံစားခဲ့ကြသည်။ နှီးနှောဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးသည် ပုံမှန် ဖလှယ်ရေး ယန္တရားတစ်ခုကို တဖြည်းဖြည်း တည်ထောင်ရန်၊ အားကစား၊ ပညာရေးနှင့် ယဉ်ကျေးမှု စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရန်၊ ပညာရေးဖလှယ်မှုများနှင့် အားကစားပြိုင်ပွဲများ စသည့် လှုပ်ရှားမှုများတွင် ပါဝင်ရန် နှစ်စဉ်နှစ်တိုင်း ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် စေလွှတ်ရန် စီစဉ်ထားသည်။

4

ချင်းမိုင်ရှေးဟောင်းမြို့မှ လော်ဖိန်ပန်းပင်လယ်ရှိ ရွှေရောင်ပြေးလမ်းများအထိ၊ မာရသွန်အပြေးပြိုင်ပွဲ တစ်ခုဖြင့် မြို့နှစ်မြို့ကို ချိတ်ဆက်ထားပြီး တရုတ်နှင့်ထိုင်း နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရေးကိုလည်း ပိုမိုရင်းနှီးစေသည်။ အနာဂတ်တွင် အားကစား၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း၊ ပညာရေး စသည့် နယ်ပယ်များတွင် ချွီကျင့်နှင့် ချင်းမိုင်အကြား ပူးပေါင်းဆောင်ရွက်မှု တဖြည်းဖြည်း ဖော်ဆောင်လာသည် နှင့်အမျှ နေရာနှစ်ခုကြား ဖလှယ်မှုများသည် ပိုမိုနီးကပ်လာပြီး ချစ်ကြည်ရေးကို အပြေးထဲတွင် ပိုမိုခိုင်မာစေမည် ဖြစ်သည်။

新华网昆明3月17日电 记者吉哲鹏 熊轩昂 陈欣波 每年春季,在中国云南省曲靖市罗平县,近百万亩油菜花如期绽放,金色花海间的赛道让“罗平花海马拉松”被誉为“跑进春天的第一场马拉松”。

3月15日,2026曲靖罗平花海马拉松鸣枪开跑,除了来自中国各地的跑者外,赛事还迎来了历史上首批泰国参赛者。从清迈古城到罗平花海,马拉松这一共同的热爱,架起了中泰两地深化交流的友谊之桥。

1

“这是一场风景绝美的赛事,在金色的花海里奔跑是难忘的体验。”清迈府行政组织副主席登猜·特英永说,罗平的赛事运营模式极具参考价值,未来希望将这些经验借鉴到清迈的赛事举办中,进一步深化泰中两国的体育交流。

清迈府行政组织主席皮猜·勒蓬阿迪颂说,今年年底清迈举办马拉松赛事时,期待曲靖跑团前往参赛,让两地跑者的交流成为常态。

2

“这里自然风光秀丽、空气清新,我一定会把罗平推荐给泰国的游客和跑者,邀请他们来这里旅游、运动,也会带着家人再来感受这份美好。”清迈代表团成员颂汶·汶隆说,比赛沿途的医疗、补给等服务一应俱全,舒适的参赛体验让每个人都沉浸在运动的快乐中。

3

去年底,在2025清迈国际马拉松举办期间,罗平花海马拉松代表团通过赛事观摩、座谈洽谈等多种形式,深入了解了清迈国际马拉松赛的运营模式和举办经验。以此为契机,两地文旅、体育部门达成初步合作意向,约定以马拉松为纽带,开启多领域交流,跨越山海的“花海之约”也由此开启。

赛事举办期间,清迈考察团一行14人还参观了当地蜂蜜、小黄姜加工企业和九龙瀑布景区,感受当地的产业活力和自然美景。座谈会上,两地计划逐步建立常态化交流机制,在体育、教育、文化等领域开展合作,每年互派代表团参与教育交流、体育赛事等活动。

4

从清迈古城到罗平花海的金色赛道,一场马拉松串联起两座城,更联结起中泰两国的民间友谊。未来,随着曲靖与清迈在体育、文旅、教育等多领域合作逐步落地,两地交流将愈发紧密,让友谊在奔跑中愈发绵长。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်