ယူနန်ပြည်နယ် ဆုန်းမင်ခရိုင် တုန်းချွန်းကျေးရွာလေးက "လစ်လပ်နေရာများ" ဖြင့် ခရီးသွား-နေထိုင်မှု လုပ်ငန်းပုံစံသစ်အဖြစ် ဆန်းသစ်ဖော်ဆောင်
2026-03-30 09:35|
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဆုန်းမင်ခရိုင် ဆုန်းယန်လမ်း တုန်းချွန်းကျေးရွာသည် တစ်ချိန်က ပြည်နယ်အဆင့် ဆင်းရဲနွမ်းပါးသည့်ကျေးလက်ဒေသဖြစ်ခဲ့ရာ အချိန်အတိုင်းအတာတစ်ခုအထိ အရင်းအမြစ်များ လစ်လပ်နေခြင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း တိုးတက်မှုခက်ခဲခြင်း စသည့် အကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရသည်။
ယခုနှစ်များတွင်မူ ဒေသန္တရက "ရပ်ရွာ+ကုမ္ပဏီလုပ်ငန်း+တောင်သူများ" ပုံစံဖြင့် အားလပ်နေသည့် လယ်မြေနေအိမ်၊ ကျောင်းအဆောင် စသည်တို့ကို ပြန်လည်အားသစ်လောင်းပြီး ခရီးသွား-နေထိုင်မှု လုပ်ငန်းပုံစံသစ်ကို ဖွံ့ဖြိုးအောင် ဆောင်ရွက်ခဲ့သည်။ ရပ်ရွာက ဈေးကွက်အခြေပြုအဖွဲ့အစည်းများအား ဖိတ်ခေါ်၍ အသုံးမပြုဘဲ လစ်လပ်နေသည့် အိမ်ဟောင်းများကို မူလလက်ရာမပျက် မွမ်းမံမှုဖြင့် နေအိမ်တည်းခိုခန်းများအဖြစ် ဖန်တီးခဲ့သလို လစ်လပ်နေသည့် အဆောက်အဦများကို ကဏ္ဍစုံလင်စွာပါဝင်သည့် စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွား ဘက်စုံ ပေါင်းစည်းပါဝင်သော အဆောက်အဦအဖြစ် တည်ဆောက်ခဲ့သည်။ ထိုသို့အားဖြင့် "နစ်မြုပ်နေသည့်အရင်းအမြစ်များ" က ကျေးလက်ခရီးသွားနေထိုင်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေသည့် အဓိက ဆောင်ကြဉ်းရာ ဖြစ်စေခဲ့ရာ စားသောက်စရာ၊ နေထိုင်တည်းခိုရာ၊ စာပေယဉ်ကျေးမှုဖန်တီးရာ၊ သုတေသနပြုလေ့လာရာ၊ ပြန်လည်ကျန်းမာသန်စွမ်းရေးအတွက် အပန်းဖြေနားခိုရာ စသည့် ကဏ္ဍစုံ ဟန်ချက်ညီညီတိုးတက်သည့် လုပ်ငန်းဂေဟစနစ် ဖြစ်တည်လာသည်။
၂၀၂၅ ခုနှစ်တွင် တုန်းချွန်းရပ်ရွာလေးသည် ပထမအသုတ် "ယူနန်တွင် ခရီးသွား-နေထိုင်မှု" အရည်အသွေးမြင့်တိုးတက်ရေး၏ ရှေ့ပြေးနေရာအဖြစ် ရွေးချယ်ခံခဲ့ရပေသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ













