ယူနန်တွင် ဖွားသစ်စ ဆင်ပေါက်လေး ၅ ကောင်နှင့် မိသားစုလိုက် အတူတူပြသခြင်း မြင်ကွင်းကို တွေ့မြင်
2026-03-17 16:51|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ၂၀၂၆ ခုနှစ်မှစ၍ ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနာ အမျိုးသားအဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဇုန်ရှိ တောဆင်ချိုင့်ဝှမ်း ဧရိယာတွင် အာရှဆင်များ၏ လှုပ်ရှားမှုကို ရက်ပေါင်း ၅၀ ကျော် ဆက်တိုက် စောင့်ကြည့်ရခဲ့သည် ဖြစ်ကာ ဆင်အုပ်စု ၅ စုမှ အာရှဆင်ရိုင်း အကောင် ၉၀ ကျော်သည် ဤနေရာတွင် နားခိုပြီး ဆင်ပေါက်လေး ၅ ကောင်သည် အောင်မြင်စွာ မွေးဖွားခဲ့ကြောင်း မှတ်တမ်းတင်ရခဲ့၍ ၄င်းသည် ဆင်အုပ်စုများ တိုးပွားလာမှု အခြေအနေကို ပြသထားသည်။
မကြာသေးမီနှစ်များအတွင်း ဆစ်ဆောင်ပန်းနား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲသည် အာရှဆင်များ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကို စနစ်တကျ လုပ်ဆောင်ခဲ့ကာ ဝါဒဖြန့်မှုနှင့် ရှေ့ဆောင်ညွှန်ပြမှုကို အားကောင်းစေခြင်းဖြင့် လူများ၏ ဆင်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ သဘောတူညီချက်ကို စဉ်ဆက်မပြတ် မြှင့်တင်ပေးခဲ့သည်၊ နားခိုရာနေရာနှင့် အစားအစာအရင်းအမြစ် အခြေခံစခန်းများကို ဆက်တိုက်တည်ဆောက်ခဲ့ပြီး ကြိုတင်သတိပေး စောင့်ကြည့်ခြင်းနှင့် အာမခံလျော်ကြေးပေးခြင်း ယန္တရားများကို ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ခဲ့ပြီး ကာကွယ်စောင့်ရှောက်ရေး နည်းပညာ စံနှုန်းများကို စံမှီစေခဲ့၍ အာရှဆင်များ၏ နေထိုင်မှုပတ်ဝန်းကျင်ကို စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာစေခဲ့ပြီး သိပ္ပံနည်းကျ ကယ်ဆယ်ခြင်းနှင့် မျိုးပွားယူခြင်းတို့ကို အားကောင်းစေခဲ့ပြီး ပုံတူထပ်ကူးနိုင်သော သိပ္ပံနည်းကျ ကယ်ဆယ်ခြင်းနှင့် မျိုးပွားယူခြင်း အတွေ့အကြုံများစွာကို ဖန်တီးပေးခဲ့ပြီ ဖြစ်သည်။
ဤအကြိမ် ဆင်ပေါက်လေး ၅ ကောင်၏ အောင်မြင်စွာ မွေးဖွားခြင်းကို စောင့်ကြည့်ရသည်မှာ ဒေသခံ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေး ဧရာမအောင်မြင်မှုများ၏ အရေးပါသော သက်သေပြချက် တစ်ခု ဖြစ်ပြီး လူသားနှင့် သဘာဝတရားအကြား သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်သော အသက်ဝင်ပန်းချီကားလိပ် တစ်ချပ်ကို ရေးဆွဲဖော်ပြခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု တန်ချိန် သန်း ၂၀ ထက် ကျော်လွန်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ စတင်ပို့ဆောင်










