ယူနန်ပြည်နယ် ပေါင်စန်းမြို့ လုကျန်းမြို့နယ်တွင် လက်ပံပန်းနှင့် နုကျန်းမြစ် အပြန်အလှန်ရောင်ပြန်ဟပ်၍ နွေဦးအငွေ့အသက်များ တောင်နှင့်မြစ်များတွင် ပြည့်နှက်နေ
2026-03-17 16:23|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) လက်ရှိတွင် ယူနန်ပြည်နယ် ပေါင်စန်းမြို့ လုံယန်ခရိုင် လုကျန်းမြို့နယ်ရှိ လက်ပံပန်းများသည် ဝေဝေဆာဆာ ပွင့်ဖူးနေပြီ။ နုကျန်းမြစ်ကမ်းနှစ်ဖက်တွင် မြင့်မားဖြောင့်တန်းသော လက်ပံပင်များသည် မြစ်ဘေးတွင် ရှိနေ၍ အရွက်မရှိသော်လည်း တောက်ပသော အနီရောင်ပန်းပွင့်များသည် ကြည်လင်သော မြစ်ရေနှင့် အပြန်အလှန် ရောင်ပြန်ဟပ်ပြီး ပန်းချီကဲ့သို့ သာယာလှပ၍ "ပန်းများသည် အနီရောင် ပွင့်ထိုးပိုးဖဲထည်ကဲ့သို့ ပွင့်ဖူးနေ၍ ရေသည် အပြာရောင်ဖန်ကဲ့သို့ တအိအိထနေသည်" ဟူသော ကြီးကျယ်ခမ်းနားသော နွေဦးရှုခင်းကို ရေးဆွဲဖော်ပြနေသည်။
နှစ်စဉ်နှစ်တိုင်း ဖေဖော်ဝါရီလမှ မတ်လအထိသည် မြေပြန့်အရပ်ရှိ လက်ပံပန်းများကို ကြည့်ရှုရန် အကောင်းဆုံးသော အချိန်ကာလ ဖြစ်သည်။ မြစ်တစ်လျှောက်တွင် မိုင်ပေါင်းများစွာ ကျယ်ဝန်းသော လက်ပံပန်းများသည် ရှေ့စဉ်နောက်ဆက် ပွင့်ဖူးနေကြ၍ ဤပန်းများ၏ ဟန်အမူအရာသည် အားမာန်ပြည့်ဖြိုးပြီး အရောင်အဆင်း တောက်ပရွှန်းတင့်၍ ရွာများကို အလှဆင် ရုံသာမက နွေဦးပန်းများကို ရှုစားရန် နေရာအသီးသီးမှ ခရီးသည်များနှင့် ဓာတ်ပုံဝါသနာရှင်များကို ဆွဲဆောင်လျက်ရှိသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ






