ယူနန်ပြည်နယ် ဆွေကျန်းခရိုင်ရှိ မက်မန်းပန်းများ မိုပေါင်း ၁ သိန်းသည် ဝေဝေဆာဆာ ဖွင့်ဖူးနေပြီ
2026-03-17 15:52|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မကြာသေးမီက ယူနန်ပြည်နယ် ကျောင်းထုံးမြို့ ဆွေကျန်းခရိုင်ရှိ မက်မန်းပန်းများ မိုပေါင်း ၁ သိန်းသည် ဝေဝေဆာဆာ ပွင်းဖူးနေကြပြီး လှပသည့်အရာများ များပြားလှကာ နွေဦးရှုခင်း ကြည့်ရှုပြီး ပန်းရှုစားရန်နှင့် ရိုမန်တစ်ဆန်သော ဤနွေဦးပွဲတော်ကို အတူတူပါဝင်ရန် များပြားသော မြို့သူမြို့သားများနှင့် ခရီးသည်များကို ဆွဲဆောင်နေသည်။
ကောင်းကင်မြင့်မှ ဆွေကျန်းခရိုင် ရှင်းထန်းမြို့နယ်ရှိ ထျန်းပေါင်စန်းတောင်မှ သောင်းပေါင်းများစွာသော မက်မန်းပန်းခြံကို ငို့ကြည့်လျှင် လယ်ကွင်းများ၊ ရွာများနှင့် ချောင်းဘေးနှင့်လမ်းဘေးများ အားလုံးသည် ဖွေးဖွေးဖြူသော မက်မန်းပန်းများဖြင့် ဖုံးလွှမ်းခံထားသည် တွေ့နိုင်သည်။ မကြာသေးမီနှစ်များအတွင်း ဆွေကျန်းခရိုင်သည် "ဘန့်ပျန်းဟုံ (တစ်ဝက်နီ)" ဟုခေါ်သည့် မက်မန်းပင်လုပ်ငန်းကို မှီခိုပြီး ကျေးလက်ခရီးသွားလုပ်ငန်းကို အားသွန်ခွန်စိုက် ဖွံ့ဖြိုးတိုးတက်ပြီး မက်မန်းပန်းများ ရှုစားခြင်း၊ မက်မန်းသီးများ ဆွတ်ခူးခြင်းနှင့် ကျေးလက်ခရီးသွားလုပ်ငန်းတို့ကို အချင်းချင်း ပေါင်းစပ်၍ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်း ရောနှောပေါင်းစပ်စွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းတစ်ခုကို ဖော်ဆောင်ခဲ့သည်။ လက်ရှိတွင် ဆွေကျန်းခရိုင်ရှိ "ဘန့်ပျန်းဟုံ (တစ်ဝက်နီ)" မက်မန်းသီးများ မိုပေါင်း ၁ သိန်းသည် ကျင်းဆားမြစ်တစ်လျှောက်ရှိ မိုပေါင်း သောင်းနှင့်ချီသော အခြေခံစခန်း ၃ ခုနှင့် မိုပေါင်း ထောင်နှင့်ချီသော အခြေခံစခန်း ၆ ခု ပါဝင်ထားသော အတိုင်းအတာ ကြီးမားသော စိုက်ပျိုးရေးပုံစံကို ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ဤနှစ်တွင် ဆွေကျန်းခရိုင်ရှိ မက်မန်းပန်းပွင့်ချိန်သည် ရက်ပေါင်း ၂၀ ခန့် ကြာမြင့်မည် ဖြစ်ကာ ရွာအသီးသီးတွင် ထွေပြားစုံလင်သော ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး လှုပ်ရှားမှုများကို ပြင်ဆင်ထားပြီး ခရီးသည်များကို မက်မန်းပန်းများကို ရှုစားစေနိုင်သည့်အပြင် ဆွေကျန်းခရိုင်၏ ထူးခြားသော ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှုများနှင့် အစားအစာများ၏ ညှို့နိုင်စွမ်းများအား ခံစားနိုင်စေမည် ဖြစ်သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို
- ပထမ ၄ လအတွင်း ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂ သန်းကျော်ရှိလာခဲ့
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့


