ယူနန်ပြည်နယ် လျင်ချန်းမြို့သည် "အစေ့မှ အစားသို့" ကော်ဖီလုပ်ငန်းကွင်းဆက်ကို တည်ထောင်ခဲ့ပြီ
2026-03-17 15:07|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) လျင်ချန်းမြို့သည် ယူနန်ပြည်နယ် အနောက်တောင်ပိုင်းတွင် တည်ရှိပြီး ထူးခြားသော လတ္တီတွဒ်ဒီဂရီနိမ့်သော ကုန်းပြင်မြင့် ရာသီဥတုကြောင့် ကော်ဖီစိုက်ပျိုးရန် ကောင်းမွန်လှသော နေရာတစ်ခု ဖြစ်လာသည်။ ၁၉၅၀ ပြည့်လွန်နှစ်များတွင် စတင်စိုက်ပျိုးခဲ့ပြီး ကတည်းက လျင်ချန်းမြို့၏ ကော်ဖီလုပ်ငန်းသည် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ၂၀၂၅ ခုနှစ်ကုန်အထိ မြို့တစ်ဝှမ်းလုံးရှိ ကော်ဖီစိုက်ပျိုးရေး ဧရိယာသည် မိုပေါင်း ၂၉ သောင်းအထိ ရောက်ရှိခဲ့သည်။
လက်ရှိတွင် လျင်ချန်းမြို့၌ ကော်ဖီကုမ္ပဏီလုပ်ငန်း ၅၁ ခု ရှိပြီး အထူးပဲစိမ်း၊ လှော်ထားသောပဲ၊ ကော်ဖီမှုန့်၊ ကော်ဖီအရည်၊ ကက်ဆူးလ်ကော်ဖီနှင့် ကော်ဖီအခွံလက်ဖက်ရည် စသည့် အမျိုးအစားများစွာကို လွှမ်းခြုံထားသော ထုတ်ကုန်အမျိုးအစားများဖြင့် "အစေ့မှ အစားသို့" ပြီးပြည့်စုံသော လုပ်ငန်းကွင်းဆက်ကို တည်ထောင်ခဲ့ပြီ ဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း လျင်ချန်းမြို့ရှိ ကော်ဖီသည် ထူးချွန်သော အရည်အသွေးကြောင့် ကော်ဖီပြိုင်ပွဲများတွင် ဆုများစွာရရှိခဲ့ပြီး ၎င်း၏ နာမည်ကျော်မှုသည် ဆက်တိုက်မြှင့်တင်ခဲ့သည် ဖြစ်သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ









