ရှားပါးသော ဧည့်သည်တော်ကဲ့သို့သော တစ်တီတူးခေါင်းမွဲ အကောင် ၁ ရာကျော်သည် ညူအယ်ချင့် ရေလှောင်ကန်၌ ထွက်ပေါ်လာ

2026-03-17 11:02|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်မကြာသေးမီက ဖုယွန်ခရိုင်ရှိ ညူအယ်ချင့် ရေလှောင်ကန်၌ တစ်တီတူးခေါင်းမွဲ အကောင် ၁ ရာကျော်သည် နားနေခဲ့ကြကာ ၄င်းတို့သည် တစ်ခါတစ်ရံ အစာကို ခေါင်းငုံ့ဆိတ်စားပြီး တစ်ခါတစ်ရံ တောင်ပံရိုက်ခတ်၍ နိမ့်စွာ ပျံသန်းပြီး ကြည်လင်သော အော်သံများသည် ရေပြင်တစ်လျှောက်တွင် ပဲ့တင်ထပ်ခဲ့ကြကြောင်း တွေ့ခဲ့သည်။

1

2

တစ်တီတူးခေါင်းမွဲသည် ဧည့်သည်ငှက်တစ်မျိုး ဖြစ်ပြီး နားနေရာနေရာ၏ ပတ်ဝန်းကျင်အတွက် မြင့်မားသော လိုအပ်ချက်များရှိကာ ရေကန်များ၊ စိမ့်မြေများနှင့် မြက်ခင်းပြင်များ စသည့် ဂေဟပတ်ဝန်းကျင် ကောင်းမွန်သော ပွင့်လင်းသောနေရာများတွင် နေထိုင်ရန် နှစ်သက်လျက်ရှိပြီး အဓိကအားဖြင့် တီကောင်များ၊ ပိုးမွှးကောင်များနှင့် ခရုမျိုးများကို စားသုံးသည်။ ၎င်း၏ မျိုးစိတ်နှင့် အရေအတွက်သည် ပိုမိုနည်းပါးသောကြောင့် "နိုင်ငံတော်ကာကွယ်ထားသော အကျိုးရှိ သို့မဟုတ် အရေးကြီးသော စီးပွားရေးနှင့် သိပ္ပံနည်းကျ သုတေသနတန်ဖိုးရှိသော ကုန်းနေတောရိုင်းတိရစ္ဆာန်များ စာရင်း"နှင့် "ကမ္ဘာ့သဘာဝထိန်းသိမ်းရေးဆိုင်ရာသမဂ္ဂ (IUCN)၏ မျိုးသုဉ်းလုနီးပါးဖြစ်သော မျိုးစိတ် အနီရောင်အမည်စာရင်း"တို့တွင် ထည့်သွင်းခံပြီး ရှားရှားပါးပါးသာ တွေ့ရလျက်ရှိသည်။

3

4

တစ်တီတူးခေါင်းမွဲ၏ ရောက်ရှိခြင်းသည် ဖုယွန်ခရိုင်၏ ဂေဟပတ်ဝန်းကျင် စဉ်ဆက်မပြတ် ကောင်းမွန်လာရန် ထင်ရှားသော မျက်မြင်သက်သေ ဖြစ်သည်။ မကြာသေးမီ နှစ်များအတွင်း ဖုယွန်ခရိုင်သည် ဂေဟစနစ် ကာကွယ်ရေးစွမ်းအားကို စဉ်ဆက်မပြတ် တိုးမြှင့်ပြီး အထူးသဖြင့် ရေနေပတ်ဝန်းကျင်အတွက် ဘက်စုံစီမံခန့်ခွဲမှုတွင် ထင်ရှားသော အောင်မြင်မှုများကို ရရှိခဲ့သည်။ ရေအရည်အသွေး စဉ်ဆက်မပြတ် ကောင်းမွန်လာခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ တိုးပွားလာခြင်းနှင့်အမျှ ရေလှောင်ကန်နှင့် အနီးတစ်ဝိုက်ဒေသများသည် ငှက်မျိုးများအတွက် ပိုမိုကြွယ်ဝလာသော အစားအစာ အရင်းအမြစ်များနှင့် ဘေးကင်းလုံခြုံသော နားနေရာနေရာများကို ထောက်ပံ့ပေးခဲ့သည်။

5

6

ဖြတ်သန်းသွားသည့် ရွှေ့ပြောင်းငှက်များကို ကာကွယ်ပေးရန်အတွက် ရွှေ့ပြောင်းရာသီအတွင်း ကင်းလှည့်ခြင်းနှင့် စောင့်ကြည့်ခြင်းကို အားကောင်းစေမည် ဖြစ်ပြီး ပိုများသော "ရှားပါးသော ဧည့်သည်တော်များ"ကို "ပုံမှန်သော ဧည့်သည်တော်များ" ဖြစ်လာစေလိမ့်မည်ဟု မျှော်လင့်ကြောင်း ရေလှောင်ကန်၏ စီမံခန့်ခွဲမှုဝန်ထမ်းက ပြောကြားခဲ့သည်။

近日,富源县牛耳箐水库迎来100余只灰头麦鸡栖息,它们时而低头啄食,时而振翅低飞,清脆鸣叫声回荡水间。

1

2

灰头麦鸡属于候鸟,对栖息地环境要求较高,通常喜欢生活在湖泊、沼泽、草地等生态环境良好的开阔地,主要以蚯蚓、昆虫及螺类为食 。由于其种群和数量相对较少,已被列入《国家保护的有益的或者有重要经济、科学研究价值的陆生野生动物名录》及《世界自然保护联盟濒危物种红色名录》,平时难得一见 。

3

4

此次灰头麦鸡的到访,是富源县生态环境持续改善的生动注脚。近年来,富源县持续加大生态保护力度,尤其是对水域环境的综合治理成效显著。随着水质不断改善和生物多样性增加,水库及周边区域为鸟类提供了越来越丰富的食物来源和安全的栖息场所。

5

6

水库管理人员表示,将加强迁徙期巡查监测,为途经候鸟保驾护航,期待更多“稀客”变成“常客”。(张政伟 吴振坤 潘田)

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်