တရုတ်-ဗီယက်နမ် နယ်စပ်ဒေသတွင် ကြင်နာယုယသော ဆေးပညာဖြင့် "ကျန်းမာရေးတံတား" တစ်ခုကို ခင်းထား
2026-03-11 17:16|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) တရုတ်-ဗီယက်နမ် နယ်စပ်ဒေသတွင် တည်ရှိသော ယူနန်ပြည်နယ် ဟုံဟယ် ဟာနီလူမျိုးနှင့် ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ဟယ်ခုတ် ယောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ပြည်သူ့ဆေးရုံသည် ဒေသခံများကို ဝန်ဆောင်ပေးသည့်အပြင် ပြည်ပလူနာများအတွက် နယ်စပ်ဖြတ်ကျော် ဆေးဝါးကုသရေး အကူအညီများလည်း ပေးအပ်သည့် နယ်စပ်ဆေးရုံတစ်ခု ဖြစ်သည်။
ဆေးရုံခန်းမဆောင်ကြီးထဲသို့ ဝင်ရောက်လျှင် တရုတ်စာ၊ အင်္ဂလိပ်စာနှင့် ဗီယက်နမ်စာတို့ဖြင့် ရေးသားသည့် ရှင်းလင်းပြတ်သားသော ရှေ့ဆောင်ညွှန်ပြဆိုင်းဘုတ်များကို တွေ့မြင်နိုင်သည်။ ဘာသာစကား အတားအဆီးများကို ဖယ်ရှားရန်အတွက် ဆေးရုံ၌ စမတ်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဘာသာပြန်ဆော့ဖ်ဝဲလ်ကို တပ်ဆင်ထားပြီး၊ နိုင်ငံခြားဘာသာစကား လမ်းညွှန်ရာထူးများကို သီးသန့်စီစဉ်ထားပြီး၊ နိုင်ငံခြားဘာသာစကား ကျွမ်းကျင်သော ဆရာဝန်များကို ရောဂါစစ်ဆေးကုသမှု လုပ်ဆောင်ရန် ခန့်ထား၍ နိုင်ငံခြားလူနာတိုင်းကို ဆေးကုသမှုလိုအပ်ချက်များအား ချောမွေ့စွာ ဆက်သွယ်စေနိုင်သည်။
တရုတ်တိုင်းရင်းဆေးပညာ ဝန်ဆောင်မှုများသည် ဤဆေးရုံရှိ နယ်စပ်ဖြတ်ကျော် ဆေးဝါးကုသရေး၏ အဓိကထူးခြားချက် တစ်ခု ဖြစ်ကာ ဆရာဝန်များသည် တရုတ်တိုင်းရင်းဆေးပညာမှ ရိုးရာ ရောဂါစစ်ဆေးကုသမှုနည်းများနှင့် ခေတ်မီ ဆေးကုသမှုသိပ္ပံနည်းပညာ ပေါင်းစပ်ခြင်းအားဖြင့် လူနာများအတွက် မျိုးစုံသော ဆေးကုသနည်းများကို ပေးဆောင်သည်။ မကြာသေးမီနှစ်များအတွင်း ဤဆေးရုံတွင် ဗီယက်နမ်၊ ထိုင်း၊ မလေးရှားနှင့် စင်ကာပူ စသည့် နိုင်ငံများမှ လူနာပေါင်း ၁ သောင်းကျော်ကို နှစ်စဉ်ပျမ်းမျှ လက်ခံကုသပေးခဲ့သည် ဖြစ်ကြောင်း စာရင်းအချက်အလက်များအရ သိရှိရသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ














