ယူနန်ပြည်နယ်၏ နွေဦးရာသီသည် အနည်းငယ်စောစွာ ရောက်ရှိလာ
2026-03-09 16:37|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုအချိန်တွင် တရုတ်နိုင်ငံ၏ နေရာအတော်များများ၌ နွေဦးရာသီအစောပိုင်း၏ အအေးဒဏ်ကို ခံစားနေရဆဲဖြစ်သော်လည်း ယူနန်ပြည်နယ်တွင် နွေဦးသစ်စ သာယာကြည်နူးလှသော အငွေ့အသက်များဖြင့် စောစွာကပင် ပြည့်နှက်နေပြီ ဖြစ်သည်။ ပန်းများသည် ယှဉ်ပြိုင်စွာ ပွင့်ဖူးနေကြပြီး လယ်ကွင်းများနှင့် စိုက်ခင်းများတွင် နွေဦးထွန်ယက်ခြင်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ရိတ်သိမ်းခြင်းတို့ဖြင့် နေရာအနှံ့ စည်ကားနေသည်။ ကုန်းပြင်မြင့်ဒေသထွက် ထူးခြားချက်ရှိသော လယ်ယာထွက်ကုန်စ္စည်းများကို ဈေးတွင် လတ်လတ်ဆတ်ဆတ် ရောင်းချနေပြီး "နွေဦးဟင်းသီးဟင်းရွက်များ စားသုံးမှု"ဖြင့် ယူနန်ပြည်နယ်သူပြည်နယ်သားများ၏ နှစ်စဉ် စားကောင်းသောက်ဖွယ်ရာသီကို စတင်ခဲ့ပြီး ခေတ်သစ် တောင်သူလယ်သမားများ၏ ကြိုးပမ်းတိုက်ခိုက်ခြင်းသည် စက်မှုလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အားမာန်သစ်များ ဖြည့်ဆည်းပေးသည်...အညွန့်တလူလူနှင့် စီရရီဖွာရရာရှိသော နွေဦးသစ်စပန်းချီကားလိပ် တစ်ချပ်ချပ်သည် ယူနန်ပြည်နယ်တစ်ဝှမ်းလုံးတွင် ဖြန့်ကားနေကြသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း






















