နွေဦးလက်ဖက်မွှေးရနံ့ သင်းပျံ့လျက်ရှိခြင်းနှင့်အတူ ဆွတ်ခူးရေးတွင် အလုပ်များနေ
2026-03-02 10:08|
နွေဦးသစ်စရာသီချိန်အပြီး မိုးရေစိုစွတ်၍ နွေးထွေးသောရာသီဥတုနှင့်အတူ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်မြို့ စီးမောင်ခရိုင်ရှိ လက်ဖက်စိုက်ခင်းများသည် ဆက်တိုက် စိမ်းလန်းလာပြီး ၂၀၂၆ ခုနှစ် နွေဦးလက်ဖက်ဆွတ်ခူးခြင်း၊ ကုန်ချောထုတ်လုပ်ခြင်းနှင့် ဝယ်ယူစုဆောင်းခြင်းတို့အတွက် အကောင်းဆုံးအချိန်သို့ တရားဝင် စတင်ရောက်ရှိလာပြီဖြစ်သည်။
တောင်ပေါ် လက်ဖက်ခူးရာတွင် အလုပ်များနေပြီး၊ တောင်အောက် လက်ဖက်ထုတ်လုပ်မှုတွင် လက်ဖက်မွှေးရနံ့များ သင်းပျံ့လျက်ပေသည်။ လက်ဖက်သမဝါယမအသင်းနှင့် လက်ဖက်လုပ်ငန်းအသီးသီးတို့၏ ကုန်ချောထုတ်လုပ်ရေးရုံများတွင် စက်ယန္တရားများ အရှိန်မြင့် လည်ပတ်နေသလို အလုပ်သမားများသည် ဝယ်ယူလာသော လတ်ဆတ်သော လက်ဖက်ရွက်များကို ထုတ်လုပ်ရန် အလုပ်များနေပေသည်။ လက်ဖက်ရွက်အား ရေဓာတ်ပါဝင်မှု လျှော့ချခြင်း၊ အပူပေး၍ လက်ဖက်လှော်ခြင်း၊ နယ်လှိမ့်ခြင်း၊ နေလှန်း အခြောက်ခံခြင်း စသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်ပြီးနောက် လတ်ဆတ်သော လက်ဖက်ရွက်များသည် တစ်ပိုင်းကုန်ချောလက်ဖက်ခြောက်အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားကာ လက်ဖက်မွှေးရနံ့များ ပျံ့နှံ့နေပေသည်။
လက်ရှိတွင် စီးမောက်ခရိုင်ရှိ လက်ဖက်စိုက်ပျိုးဧရိယာသည် တရုတ်မူ ၃၅၃,၀၀၀ ခန့်တွင် တည်ငြိမ်နေပြီး ယင်းအနက် တရုတ်မူ ၁၀၀,၀၀၀ ကျော်ရှိ လက်ဖက်စိုက်ခင်းများတွင် နွေဦးလက်ဖက် ဆွတ်ခူးမှုကို စတင်ဆောင်ရွက်လျက်ရှိကာ ထုတ်လုပ်ရေးအခြေအနေမှာလည်း အားရဖွယ်ကောင်းလှသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ




