ကူမင်းတိရစ္ဆာန်ဥယျာဉ်တွင် "ယွန်ထုန်းတောင်ရှိ ချယ်ရီပန်းနှင့် သရက်ထည်ပန်းဒီရေလှိုင်း" ကြည့်ရှုရာသီကို စတင်
2026-02-28 09:27|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ကူမင်းတိရစ္ဆာန်ဥယျာဉ်၌ သရက်ထည်ပန်းများနှင့် ချယ်ရီပန်းများသည် စတင်ပွင့်ဖူးနေကြပြီး ပန်းနီရောင် နွေဦးရှုခင်းများမှာ လူများအား မူးယစ်စွဲလမ်းစေပြီး မြို့သူမြို့သားများနှင့် ခရီးသည်များအား လာရောက် လည်ပတ်ကြည့်ရှုရန်နှင့် ပန်းရှုစားရန် ဆွဲဆောင်နေ၍ တစ်နှစ်တစ်ကြိမ်ရှိသော "ယွန်ထုန်းတောင်ရှိ ချယ်ရီပန်းနှင့် သရက်ထည်ပန်းဒီရေလှိုင်း (ယွမ်ထုန်းရင်းချောင်)"ကိုလည်း စတင်ခဲ့သည် ဖြစ်သည်။
"ယွန်ထုန်းတောင်ရှိ ချယ်ရီပန်းနှင့် သရက်ထည်ပန်းဒီရေလှိုင်း"သည် နွေဦးမြို့တော် ဟုခေါ်သည့် ကူမင်းမြို့၏ ကိုယ်စားပြုနိုင်စွမ်း အရှိဆုံးသော နွေဦးရာသီရှုခင်းများထဲမှ တစ်ခုဖြစ်ပြီး ယူနန်ပြည်နယ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေး စာရင်းတွင် ထည့်သွင်းခံခဲ့သည် ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ပန်းကြည့်ရှုရာသီတွင် ဤဥယျာဉ်ထဲမှ အပင် ထောင်ပေါင်းများစွာသော ယူနန်ချယ်ရီပန်းများနှင့် သရက်ထည်ပန်းများသည် ယှဉ်ပြိုင်စွာ ပွင့်ဖူးကြပြီး ခန့်ညားထယ်ဝါသော "ပန်းရောင်ပန်းပင်လယ်" တစ်ခု ဖြစ်လာကာ ကူမင်း၏ အလှဆုံးသော နွေဦးရှုခင်းများကို ပြသသည့် မြို့တော်အမည်ကတ်ပြား တစ်ချပ် ဖြစ်လာသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: 文丽荣
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ




















