ရှန်ဂရီလာမြို့ရှိ ငှက်မျိုးကွဲများသည် စံချိန်တင်
2026-02-11 10:14|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ရှန်ဂရီလာမြို့ရှိ နဖတ်ဟိုင်စိုစွတ်မြေ၌ အုပ်စုလိုက်သော လည်ပင်းနက်ကြိုးကြာငှက်များနှင့် Black stork ငှက်များသည် ရေတိမ်ပိုင်းတွင် အေးအေးဆေးဆေး အစာရှာဖွေနေကြခြင်း၊ တောဘဲအမျိုးမျိုးသည် ရေကန်ထဲတွင် လှည့်လည်သွားလာနေကြခြင်း၊ တောငန်းခေါင်းကြားငှက် (Bar-headed Goose) များသည် ကောင်းကင်ယံတွင် ပျံဝဲနေကြခြင်း၊ အသက်ဝင်သော ဂေဟစနစ်ပန်းချီကားလိပ်တစ်ချပ်ကို ဖွဲ့စည်းဖြစ်လာသည်။
နဖတ်ဟိုင် ပြည်နယ်အဆင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နယ်မြေ၏ စီမံခန့်ခွဲမှုနှင့် ကာကွယ်ရေးဗျူရို၏ နောက်ဆုံး စောင့်ကြည့်လေ့လာမှုအရ ဤနေရာတွင် ဆောင်းခိုသည့် လည်ပင်းနက်ကြိုးကြာငှက် ၅၇၃ ကောင်အထိ၊ Black stork ငှက် ၂၂၆ ကောင်အထိနှင့် ကြိုးကြာခေါင်းမည်းငှက် ၆၈ ကောင်အထိ ရောက်ရှိပြီး မျိုးကွဲနှင့် အရေအတွက် နှစ်ခုစလုံးသည် သမိုင်းဝင်စံချိန်တင်နေကြောင်း ဤကုန်းမြင့်စိုစွတ်မြေသည် သမိုင်းဝင် အခိုက်အတန့်တစ်ခုကို ကြိုဆိုခဲ့သည်။
ဒေသခံသည် "စားကျက်မြေကို မြက်ခင်းပြင်အဖြစ် ပြန်ပြောင်းစေခြင်း"နှင့် ရေစနစ်ပြန်လည်ထူထောင်ခြင်း စသည့် စီမံကိန်းများမှတစ်ဆင့် ဂေဟပတ်ဝန်းကျင် စီမံခန့်ခွဲမှုနှင့် ကာကွယ်ရေး၊ သဘာဝပညာရေးတွင် ပါဝင်ရန် ရွာသူရွာသားများအား လမ်းညွှန်ပေးခဲ့ပြီး ထိန်းသိမ်းစောင့်ရှောက်ရေး၏ ရလဒ်များဖြင့် နေထိုင်မှုဘဝကို အကျိုးပြုစေပြီး ဂေဟပတ်ဝန်းကျင်ကာကွယ်ရေးနှင့် ရွာဖွံ့ဖြိုးတိုးတက်မှုတို့၏ နှစ်ဖက်အကျိုးရှိသော အခြေအနေကို ရရှိစေခဲ့သည် ဖြစ်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- မြို့တစ်မြို့လုံးတွင် ကြယ်ငါးပွင့်အလံနီများ တလူလူလွင့်ပျံနေပြီး ကူမင်းမြို့ရှိ ဟိုင်ကေရေကာတာတွင် ကြီးကျယ်ခမ်းနားစွာ အလှဆင်ထား
- တျန်းချီရေကန်ဘေးမှ ကော်ဖီရနံ့သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ခြင်း၊ ယူနန်ကော်ဖီကို သိရှိခံစားရန် ကူမင်းမြို့သည် ကမ္ဘာအား ဖိတ်ခေါ်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အာဆီယံနိုင်ငံများမှ ဒူးရင်းလုပ်ငန်းများ တရုတ်နိုင်ငံ ကူမင်းမြို့တွင် လာရောက် "ဆုံစည်း"
- တရုတ်-လာအို ရထားလမ်း စုစုပေါင်း ကုန်စည် တင်သွင်း၊ တင်ပို့မှုတန်ဖိုး ယွမ် ၁၀၀ ဘီလီယံ ကျော်လွန်
- စိုက်ခင်းများမှ "အာရှပန်းမြို့တော်" အထိ ယူနန်ပြည်နယ် ပန်းများ၏ ခရီးစဉ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ


















