တရုတ်-မြန်မာ ကျောက်စိမ်းရောင်းဝယ်ရေး ပလက်ဖောင်းကို မကြာသေးမီက ကူမင်းတွင် စတင်ဖွင့်လှစ်ခဲ့
2026-02-10 16:55|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) မကြာသေးမီက တရုတ်-မြန်မာ ကျောက်စိမ်းရောင်းဝယ်ရေး ပလက်ဖောင်းကို ကူမင်းမြို့ မြောက်ပိုင်းရပ်ကွက်ရှိ အောက်စီတီ စီးပွားရေးစင်တာတွင် တရားဝင် ဖွင့်လှစ်ခဲ့သည်။
တရုတ်-မြန်မာ ကျောက်စိမ်းရောင်းဝယ်ရေး ပလက်ဖောင်းသည် ကူမင်းမြို့မှ သက်ဆိုင်ရာဌာနများနှင့် တက်ဟုန်း တိုင်လူမျိုးနှင့် ဂျင်းဖောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲရှိ ယင်ကျန်းခရိုင်တို့မှ ပူးတွဲဖွင့်လှစ်ခဲ့သည် ဖြစ်၍ စံသတ်မှတ်ထားသော၊ ထိရောက်သောနှင့် ပွင့်လင်းမြင်သာသော ကျောက်စိမ်းရောင်းဝယ်ရေး ပလက်ဖောင်းတစ်ခုကို တည်ဆောက်ရန် ရည်ရွယ်ထားသည်။ ဤပလက်ဖောင်းသည် "အစိုးရမှ ရှေ့ဆောင်လမ်းပြပြုခြင်း၊ ဈေးကွက်မှ လည်ပတ်ခြင်း၊ လိုက်နာမှုကို ဦးစားပေးခြင်းနှင့် ငွေကြေးဖြင့် အစွမ်းပေးခြင်း" ဟူသော မူများကို လိုက်နာမည် ဖြစ်ပြီး၊ ကူမင်း၏ တည်နေရာ၊ ငွေကြေး၊ သတင်းအချက်အလက်နှင့် လူချွန် စသည့် နယ်ပယ်များတွင် အထွေထွေအားသာချက်များအပြင်၊ တက်ဟုန်းပြည်နယ်ခွဲ၏ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၊ ကျောက်စိမ်းအရင်းအမြစ် စုစည်းဖြန့်ဖြူးခြင်းနှင့် စက်မှုလုပ်ငန်းအခြေခံတို့တွင် ထူးခြားသော အခြေအနေများကို ပေါင်းစပ်ခြင်းအားဖြင့် "နယ်စပ်တွင် စုစည်းဖြန့်ဖြူးခြင်း- ပြည်နယ်မြို့တော်(ကူမင်းမြို့)တွင် ကုန်သွယ်မှု- နိုင်ငံတကာသို့ ရောက်ရှိခြင်း" ဟူသော ပူးပေါင်း ဖွံ့ဖြိုးတိုးတက်မှုပုံစံကို ဖန်တီးပေးမည် ဖြစ်သည်။
တက်ဟုန်းပြည်နယ်ခွဲသည် တရုတ်နှင့် မြန်မာနိုင်ငံအကြား ကျောက်စိမ်းကုန်သွယ်မှုအတွက် အရေးကြီးသော လမ်းကြောင်းနှင့် စုစည်းဖြန့်ဖြူးရေးနေရာတစ်ခု ဖြစ်ပြီး ရွှေလီနှင့် ယင်ကျန်း စသည့် နယ်စပ်ဒေသများသည် ကျောက်စိမ်းကုန်ကြမ်း တင်သွင်းမှုနှင့် နယ်စပ်ကုန်သွယ်မှုတွင် မရှိမဖြစ်သော အကျိုးသက်ရောက်မှုများ ထုတ်ဖော်နေကြသည်။ ယူနန်ပြည်နယ်၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ငွေရေးကြေးရေးနှင့် ကုန်စည်ပို့ဆောင်ရေး စင်တာအနေဖြင့် ကူမင်းသည် ပြည့်စုံကောင်းမွန်သော အကြောင်းအချက် ဈေးကွက်စနစ်၊ နိုင်ငံတစ်ဝှမ်းသို့ ဖြာထွက်ပြီး နိုင်ငံတကာနှင့် ချိတ်ဆက်ထားသော အထွေထွေဗဟိုချက်မ၏ အကျိုးဖြစ်ထွန်းမှုများကို ရှိသည်။ နှစ်ဖက်မှ ကျောက်စိမ်းရောင်းဝယ်ရေး ပလက်ဖောင်း တည်ဆောက်ခြင်းကို ပူးတွဲတွန်းတင်ခြင်းသည် ရိုးရာနယ်စပ်ကုန်သွယ်မှု၏ ဖွဲ့စည်းမှုဆိုင်ရာ၊ စံပြဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းကို မြှင့်တင်ရန် ကူညီပေးနိုင်မည်။
တရုတ်-မြန်မာ ကျောက်စိမ်းရောင်းဝယ်ရေး ပလက်ဖောင်းသည် ပွင့်လင်းမြင်သာသော၊ တရားမျှတပြီး စနစ်တကျရှိသော ဈေးကွက်ပတ်ဝန်းကျင်ကို ဖြစ်လာရန် တွန်းအားပေးမည် ဖြစ်ပြီး ကျောက်စိမ်းလုပ်ငန်းကို "ရိုးရာအတွေ့အကြုံများကို အခြေခံပြုသည့် ရောင်းဝယ်မှု" မှ "ခေတ်မီအကြောင်းအချက် နှင့်ကိုက်ညီသော ဈေးကွက်ရောင်းဝယ်ရေး" သို့ အသွင်ပြောင်းစေပြီး အဆင့်မြှင့်တင်စေရန် တွန်းအားပေးမည် ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင်၊ ပလက်ဖောင်းသည် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများရှိ သက်ဆိုင်ရာဈေးကွက်များနှင့် အဖွဲ့အစည်းများနှင့် တက်ကြွစွာ ဆက်သွယ်ပြီး နယ်စပ်ဖြတ်ကျော် စာရင်းရှင်းခြင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်သွယ်မှုပုံစံအသစ်များကို စူးစမ်းလေ့လာမည် ဖြစ်ပြီး နိုင်ငံတကာဈေးကွက်တွင် ယူနန့်အထူးထုတ်ကုန်များ၏ သြဇာလွှမ်းမိုးမှုနှင့် ပြောဆိုခွင့်ကို မြှင့်တင်ပေးမည် ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူက ပြောကြားခဲ့သည်။
近日,中缅公盘翡翠交易平台在位于昆明北市区的奥斯迪商务中心正式启动。
据悉,中缅公盘翡翠交易平台由昆明市有关部门和德宏傣族景颇族自治州盈江县联合推出,着力构建规范、高效、透明的翡翠交易平台。该平台将坚持“政府引导、市场运作、合规先行、金融赋能”的原则,整合昆明在区位、金融、信息、人才等方面的综合优势,以及德宏州在中缅边境贸易、翡翠资源集散和产业基础方面的独特条件,形成“边境集散—省会交易—辐射国际”的协同发展模式。
德宏州是中缅翡翠贸易的重要通道和集散地,瑞丽、盈江等边境地区在翡翠原料进口和边贸往来中发挥着不可替代的作用。昆明是云南省政治、经济、文化、金融和物流中心,具备完善的要素市场体系和辐射全国、连接国际的综合枢纽功能。双方联合推进翡翠交易平台建设,有利于提升传统边境贸易的组织化、标准化和国际化水平。
相关负责人表示,中缅公盘翡翠交易平台将推动形成公开透明、公平有序的市场环境,促进翡翠产业由“传统经验交易”向“现代要素市场交易”转型升级。同时,平台还将积极对接南亚、东南亚国家相关市场和机构,探索跨境结算、国际合作和投资对接新模式,提升云南特色商品在国际市场的影响力和话语权。(记者浦超)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ရေလက်ကြားနှစ်ဖက်ဒေသ ကျောင်းများအကြား အားကစားမဟာမိတ် ဘေ့စ်ဘောပြိုင်ပွဲကို ကူမင်းမြို့တွင် ကျင်းပခဲ့
- ၂၀၂၆ ခုနှစ် တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် နွေဦးပွဲတော် ညချမ်းပဒေသာဖျော်ဖြေပွဲနှင့် နယ်စပ်အရပ်သားဖျော်ဖြေပွဲ ကျင်းပ
- ကူမင်းစီမံကိန်းပြတိုက်၏ မြူနီစပယ်အဆင့်ပြခန်းကို အများပြည်သူအတွက် ဖွင့်လှစ်
- ယီပင်း-ဖန်းကျီးဟွား အမြန်လမ်းမကြီး၏ ဆွေကျန်းလမ်းခွဲကို တည်ဆောက်ပြီးစီး၍ ယာဉ်များဖြတ်သန်းသွားလာနိုင်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကူမင်းမြို့ရှိ နှစ်သစ်ကူးအကြိုပန်းစျေးကွက်တွင် ထောက်ပံ့မှုနှင့် ဝယ်လိုအား နှစ်မျိုးလုံး တိုးတက်နေ
- ယူနန်ပြည်နယ်က နိုင်ငံခြားဆိုင်ရာ ဥပဒေဝန်ဆောင်မှုလှုပ်ရှားမှုစီးရီးများကို စတင်
- တရုတ်-လာအို ရထားလမ်း၏ ပထမဆုံး ယူနန့်ကော်ဖီစေ့ပို့ဆောင်ရေး အထူးရထားသည် လည်ပတ်ပြေးဆွဲ
- ကူမင်းမြို့မှ စီမံခန့်ခွဲခြင်းဖြင့် မိုဟန်မြို့နယ်သည် တံခါးဖွင့်ဒေသသစ်အဖြစ် ပြောင်းလဲသွားသည် ဟုဗဟိုမီဒီယာက ချီးကျူး


