ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်းပေါ်ရှိ တံတားတည်ဆောက်မှုအားလုံး ပြီးစီးသွားပြီ

2026-02-10 09:49|ရောင်စုံတိမ်တံတား

cc25c4b3e44b3b3bb00940317f5b5be5

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့ဖေဖော်ဝါရီလ ၃ ရက်နေ့ ၉:၄၅ နာရီတွင် ယူနန်ပြည်နယ် ကူမင်းမြို့ ချမ်ကုမ့်ခရိုင်ရှိ ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်ရေးလုပ်ငန်းခွင်၌ နောက်ဆုံးရက်မကို တိကျစွာ တပ်ဆင်ပြီး နေရာချထားခြင်းနှင့်အမျှ ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်းပေါ်ရှိ တံတားတည်ဆောက်မှုအားလုံး ပြီးစီးသွားခဲ့ပြီ ဖြစ်ပြီး၊ ၄င်းသည် နောက်နောင်တွင် ရထားလမ်းခင်းမှုနှင့် "လျှပ်စစ်ဓာတ်အား" စီမံကိန်း တည်ဆောက်မှု အတွက် ခိုင်မာသော အုတ်မြစ်ချပေးခဲ့ပြီး ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်မှုသည် နောက်ဆုံး အရှိန်မြှင့်ဖော်ဆောင်သည့် အဆင့်သို့ ဝင်ရောက်ခဲ့သည်ကို လက္ခဏာဆောင်ထားသည် ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် သတင်းထောက်က China Railway Kunming Group Co.,Ltd. မှ သိရှိရခဲ့သည်။

1eb1f63cbb6f96d6e6fa01fc50d4fd06

တရုတ်နိုင်ငံ၏ "အလျားလိုက် ရထားလမ်းကြောင်း (၈) ခု၊ ဒေါင်လိုက်ရထားလမ်းကြောင်း (၈) ခု" ပေါင်းစပ်ရာ မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်ထဲမှ ပေကျင်း-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုအနေဖြင့် ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်းသည် ချုံချင့်အနောက်ဘူတာရုံမှ စတင်၍ ချုံချင့်မြို့၊ စီချွမ်ပြည်နယ်၊ ကွေ့ကျိုးပြည်နယ်နှင့် ယူနန်ပြည်နယ်တို့ကို ဖြတ်သန်းပြီး ကူမင်းတောင်ဘူတာရုံသို့ ရောက်ကာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသရှိ အရေးကြီးသော မြို့များကို နီးကပ်စွာ ချိတ်ဆက်ထားသည်။

လက်ရှိတွင် ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်းပေါ်ရှိ တံတားတည်ဆောက်မှု ပြီးစီးသွားပြီ ဖြစ်၍ ဥမင်လိုဏ်ခေါင်း စီမံကိန်း ၉၉ ရာခိုင်နှုန်း ပြီးစီးသွားပြီ ဖြစ်ကာ Ballastless track နှင့် "လျှပ်စစ်ဓာတ်အား" စီမံကိန်းကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေသည် ဖြစ်ကြောင်း China Railway Kunming Group Co.,Ltd.၏ ယူနန်အလယ်ပိုင်းဒေသရှိ ရထားလမ်းများ တည်ဆောက်ရေး ကွပ်ကဲမှုဌာနမှ အင်ဂျင်နီယာ ဟန်ချမ်ဖုန်းက မိတ်ဆက်ပြောကြားခဲ့သည်။

928e8ec4ee99cd1e134c83859c83eeba

ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်းသည် ယူနန်ပြည်နယ်ရှိ တစ်နာရီလျှင် ၃၅၀ ကီလိုမီတာ အမြန်နှုန်းဖြင့် ပြေးဆွဲရန် ဒီဇိုင်းရေးဆွဲထားသော ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်းတစ်ခု အနေနှင့် ရထားလမ်းတစ်လျှောက်လုံး လည်ပတ်ပြေးဆွဲပါက ချုံချင့်မှ ကူမင်းသို့ လည်ပတ်ပြေးဆွဲချိန်ကို နှစ်နာရီခွဲခန့်အထိ လျှော့ချစေမည်၊ ချိန်တူး-ချုံချင့်ဒေသ မြို့နှစ်မြို့ စီးပွားရေးစက်ဝန်းနှင့် ယူနန်ပြည်နယ် အလယ်ပိုင်းဒေသရှိ မြို့များအကြား အပြန်အလှန် ချိတ်ဆက်မှုကို မြှင့်တင်ရန်နှင့် ရထားလမ်းတစ်လျှောက်ရှိ ဒေသများ၏ စီးပွားရေးနှင့် လူမှုရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန် အရေးပါသော အကျိုးသက်ရောက်မှု ရှိမည် ဖြစ်သည်။

cc25c4b3e44b3b3bb00940317f5b5be5

昆明信息港讯 记者上官艳君 2月3日,记者从中国铁路昆明局集团有限公司(下称“国铁昆明局”)获悉,2月3日9时45分,在位于云南省昆明市呈贡区的渝昆高铁施工现场,随着最后一榀箱梁精准架设落位,渝昆高铁桥梁建设全部完成,为后续铺轨及站后工程施工奠定了坚实基础,标志着渝昆高铁建设进入全面冲刺阶段。

1eb1f63cbb6f96d6e6fa01fc50d4fd06

渝昆高铁是我国“八纵八横”高铁网京昆通道的重要组成部分,线路起自重庆西站,途经重庆市、四川省、贵州省和云南省,接入昆明南站,将西南地区的重要城市紧密相连。

中国铁路昆明局集团有限公司滇中铁路建设指挥部工程师杭前方介绍,目前渝昆高铁桥梁建设完成,隧道工程已完成99%,正全力开展无砟轨道和站后工程建设。

928e8ec4ee99cd1e134c83859c83eeba

渝昆高铁作为云南省首条设计时速350公里的高速铁路,全线开通运营后,重庆到昆明的行车时间将压缩至两个半小时左右,对促进成渝地区双城经济圈与滇中城市群之间互联互通,推动沿线地区经济社会高质量发展具有重要意义。


အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်