ရေလက်ကြားနှစ်ဖက်ဒေသ ကျောင်းများအကြား အားကစားမဟာမိတ် ဘေ့စ်ဘောပြိုင်ပွဲကို ကူမင်းမြို့တွင် ကျင်းပခဲ့

2026-02-06 18:05|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကူမင်းမြို့ရှိ ကူမင်း ဟိုင်ကေ အားကစားလေ့ကျင့်ရေးအခြေခံစခန်းထဲ၌ ယူနန်နှင့် ထိုင်ဝမ်ရှိ တိုင်းရင်းသားများ၏ သီချင်းများသည် ပျံ့နှံ့သွားသည် နှင့်အမျှ ရေလက်ကြားနှစ်ဖက်ဒေသ ကျောင်းများအကြား အားကစားမဟာမိတ် ဘေ့စ်ဘောပြိုင်ပွဲ(ကူမင်း)ကို စတင်ကျင်းပခဲ့သည်။

1

ဖွင့်ပွဲအခမ်းအနားတွင် ရေလက်ကြားနှစ်ဖက်ဒေသမှ ပြိုင်ပွဲဝင်အဖွဲ့ ၃၀ မှ ပါဝင်သူ အယောက် ၁၀၀၀ ကျော်သည် ကူမင်းမြို့၌ စုဝေးခဲ့ကြကာ တရုတ်နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး၊ ယူနန်ပြည်နယ်နှင့် ကူမင်းမြို့ (ရပ်ကွက်)၏ သက်ဆိုင်ရာဌာနအဆင့်ဆင့်နှင့် ဦးစီးကျင်းပသည့် အဖွဲ့အစည်း၏ ခေါင်းဆောင်များသည် တက်ရောက်ခဲ့ကြသည်။ ထွေပြားစုံလင်သော ယဉ်ကျေးမှုအနုပညာ တင်ဆက်ပြသပွဲများသည် ယူနန်နှင့် ထိုင်ဝမ်ရှိ တိုင်းရင်းသားများ၏ ဓလေ့ထုံးစံများကို ဖော်ပြခဲ့၍ ရေလက်ကြားနှစ်ဖက်ဒေသရှိ ယဉ်ကျေးမှုများ၏ တူညီသော အရင်းအမြစ်ကို အပြည့်အဝ ပြသခဲ့သည်။

2

ဘေ့စ်ဘော အားကစားလှုပ်ရှားမှုသည် အဖွဲ့၏ အင်အားများကို ပေါင်းစုပြီး ကြိုးပမ်းလိုသည့် စိတ်ဓာတ်များကို လက်ဆင့်ကမ်းသည့် အားကစားလှုပ်ရှားမှု တစ်မျိုးဖြစ်ကာ ရေလက်ကြားနှစ်ဖက်ဒေသ မွေးချင်းများ၏ သံယောဇဉ်များကို ချိတ်ဆက်ထားသည့် အရေးကြီးသော နှောင်ကြိုးတစ်ခုလည်း ဖြစ်သည်။ ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ ဤပြိုင်ပွဲတွင် ဘေ့စ်ဘောနှင့် ဘတ်စကက်ဘော စသည့် အားကစားလှုပ်ရှားမှုများ၏ ယှဉ်ပြိုင်ပွဲများစွာကို ရှေ့စဉ်နောက်ဆက် ကျင်းပခဲ့သည် ဖြစ်ကာ ရေလက်ကြားနှစ်ဖက်ဒေသမှ လူငယ်များသည် အားကစားယှဉ်ပြိုင်ပွဲများထဲတွင် အချင်းချင်း သင်ယူခဲ့ကြပြီး ငယ်ရွယ်သော စိတ်ဓာတ်များကို ပြသခဲ့ကြ၍ ပူးတွဲကြိုးပမ်းမှုများထဲတွင် နားလည်မှုကို မြှင့်တင်ခဲ့ကြပြီး အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်ခဲ့ကြပြီးနှင့် ချစ်ကြည်ရေးကို နက်ရှိုင်းစေခဲ့ကြသည်။

3

ဤပြိုင်ပွဲသည် ရေလက်ကြားနှစ်ဖက်ဒေသမှ ကျောင်းများနှင့် လူငယ်အားကစားအဖွဲ့များအတွက် အပြန်အလှန် ဖလှယ်မှု၊ အပြန်အလှန် မြှင့်တင်ခြင်း၊ အပြန်အလှန် နားလည်မှုကို မြှင့်တင်ခြင်း၊ ချစ်ကြည်ရင်းနှီးမှုကို နက်ရှိုင်းစေသည့် ပလက်ဖောင်းတစ်ခုကို တည်ဆောက်ရန်၊ အားကစား၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများကို ပေါင်းစပ်ထားသော ရေလက်ကြားနှစ်ဖက်ဒေသအကြား လူငယ်ဖလှယ်မှု အမှတ်တံဆိပ် လှုပ်ရှားမှုတစ်ခုကို ဖန်တီး၍ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပံ့ပိုးရန် ရည်ရွယ်သည်။

4

ရေလက်ကြားနှစ်ဖက်ဒေသမှ လူငယ်များ၏ ကြိုက်နှစ်သက်သော အားကစားပြိုင်ပွဲများအပြင် ပါဝင်သူစလုံးသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ပူးတွဲတက္ကသိုလ် (National Southwestern Associated University) ပြတိုက်နှင့် ယူနန်မင်ဇူကျေးရွာ (ယူနန်တိုင်းရင်းသားကျေးရွာ) သို့လည်း အတူတူ သွားရောက် လည်ပတ်ကြည့်ရှုခဲ့ကြပြီး ဟိုင်ကေရေကာတာသို့ စင်ရော်ခေါင်းမဲများနှင့် ချစ်ခင်ရင်းနှီးစွာ ထိတွေ့ဆက်ဆံခဲ့ကြပြီး လူသားနှင့် သဘာဝအကြား သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်သည့် မြင်ကွင်းများကို တွေ့ကြုံခံစားခဲ့ကြသည်၊ ယူနန်ပြည်နယ်ရှိ ထွေပြားစုံလင်သော သမိုင်းကြောင်းများ၊ လူနေမှုယဉ်ကျေးမှုများနှင့် ခရီးသွားအရင်းအမြစ်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ကြ၍ ယူနန်ပြည်နယ်ရှိ မျိုးစုံလှပသော တိုင်းရင်းသားယဉ်ကျေးမှုများနှင့် ထူးခြားသော ညှို့နိုင်စွမ်းများကို အပြည့်အဝ ခံစားခဲ့ကြကာ ထူးခြားသော ဆောင်းရာသီ ကျောင်းပိတ်ရက်ကာလအတွင်း ကောင်းမွန်လှပသော လူငယ်အမှတ်တရများကို ဖန်တီးခဲ့ကြသည်။

1月31日,昆明海埂体育训练基地内,云南与台湾少数民族歌声飘扬,海峡两岸校际体育联盟棒球赛(昆明站)在昆开幕。

1

开幕式现场,来自海峡两岸的30支参赛队伍共1000余人齐聚春城,国务院台办,云南省、昆明市(区)各级相关部门及主办方领导出席活动。丰富多彩的文艺表演展现了云南和台湾少数民族风采,充分体现出两岸文化的同根同源。

2

棒球是一项凝聚团队力量、传递拼搏精神的运动,更是连接两岸同胞情感的重要纽带。1月30日至2月5日,此次赛事相继开展棒球、篮球等项目的多场比赛,两岸青少年在体育竞技中互相学习、一展青春风采,在并肩拼搏中增进理解、累积互信、厚植情谊。

3

据介绍,此次赛事旨在为两岸学校和青少年体育社团搭建一个相互交流、相互促进、加深了解、增进友谊的交流平台,创建一项融体育、文化、旅游为一体的两岸青年交流品牌活动,助力融合发展。

4

除了深受两岸青年喜爱的项目比赛之外,大家还并肩参观西南联大博物馆和云南民族村,到海埂大坝与红嘴鸥亲密互动,体验人与自然和谐共生场景等,切身感受云南丰富多彩的历史人文、旅游资源,充分领略云南绚丽多姿的民族文化和独特魅力,在不一样的寒假中留下美好的青春记忆。(开屏新闻 记者史子昊 摄影报道 部分图片由主办方提供)

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်