၂၀၂၆ ခုနှစ် တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် နွေဦးပွဲတော် ညချမ်းပဒေသာဖျော်ဖြေပွဲနှင့် နယ်စပ်အရပ်သားများ ဖျော်ဖြေပွဲများကို ကျင်းပခဲ့
2026-02-06 17:44|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ ၂၀၂၆ ခုနှစ် တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် နွေဦးပွဲတော် ညချမ်းပဒေသာဖျော်ဖြေပွဲနှင့် နယ်စပ်အရပ်သားများ ဖျော်ဖြေပွဲများကို ဗီယက်နမ်နိုင်ငံ လောင်ကိုင်းပြည်နယ်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဟုံဟယ်ပြည်နယ်ခွဲ ဟယ်ခုတ်ခရိုင်တို့တွင် ရှေ့စဉ်နောက်ဆက် ကျင်းပခဲ့ကြသည်၊ တရုတ်နှင့် ဗီယက်နမ် အနုပညာရှင်များသည် နှစ်နိုင်ငံ ယဉ်ကျေးမှု၏ ညှို့နိုင်စွမ်းနှင့် ပြည်သူများ၏ ပျော်ရွှင်ဖွယ်ဘဝများကို ပြသသည့် အစီအစဉ်များကို အတူတကွ တင်ဆက်ပြသခဲ့ကြပြီး ပရိသတ်များ၏လက်ခုပ်သြဘာသံများ ရရှိခဲ့သည်။
ဤပွဲသည် "လေးနက်သော ချစ်ကြည်မှုကို တစ်စိတ်တည်းတစ်ဝမ်းတည်း တည်ဆောက်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုကို လက်တွဲမြှင့်တင်ခြင်း" ဟူသော ခေါင်းစဉ်ဖြင့် တရုတ်-ဗီယက်နမ် မီဒီယာ ပူးပေါင်းဆောင်ရွက်မှု ဖလှယ်ပွဲ၊ တရုတ်-ဗီယက်နမ် လူငယ် ချစ်ခင်ရင်းနှီးစွာ ဖလှယ်ရေးနှင့် လူငယ်လုပ်ငန်းရှင်များ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဖလှယ်ပွဲ၊ တရုတ်-ဗီယက်နမ် လူငယ် ချစ်ကြည်ရေး ကြက်တောင်ရိုက်ပြိုင်ပွဲ၊ ၂၀၂၆ ခုနှစ် တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် နွေဦးပွဲတော် ညချမ်းပဒေသာဖျော်ဖြေပွဲနှင့် နယ်စပ်အရပ်သားများ ဖျော်ဖြေပွဲများ စသည့် လှုပ်ရှားမှုစီးရီးကို ပါဝင်သည်။
တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် နွေဦးပွဲတော် ညချမ်းပဒေသာဖျော်ဖြေပွဲနှင့် နယ်စပ်အရပ်သားများ ဖျော်ဖြေပွဲများကို ၂၀၁၇ ခုနှစ်မှစ၍ ယခုအထိ ၈ ကြိမ်တိုင်တိုင် အောင်မြင်စွာ ကျင်းပခဲ့ပြီ ဖြစ်သည်။ ဤပွဲသည် ဟုံဟယ်မြစ်ဝှမ်းရှိ တရုတ်နှင့် ဗီယက်နမ်အကြား ယဉ်ကျေးမှုဖလှယ်ရေးအတွက် ပလက်ဖောင်းတစ်ခုကို တည်ဆောက်ပေးရုံသာမက တရုတ်ယဉ်ကျေးမှုသည် ပြည်ပသို့ သွားရောက်ရန်နှင့် တရုတ်နှင့် နိုင်ငံခြားအကြား ယဉ်ကျေးမှုဖလှယ်ရန်နှင့် အပြန်အလှန် သင်ယူရန် ထိရောက်စွာ တွန်းအားပေးခဲ့ကြောင်း သိရှိရခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ




