တရုတ်-တောင်အာရှ "ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု" အဆိုပြုချက်အောက်မှ ဆိပ်ကမ်းစီမံကိန်း ၂ ခုသည် သီရိလင်္ကာကို ဖွံ့ဖြိုးစေ
2026-02-03 17:35|
Chana Ponnahandi
Fuzuel Farzana
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မကြာသေးမီက သီရိလင်္ကာအစိုးရ၏ အဆင့်မြင့်အရာရှိများ မွမ်းမံသင်တန်းသည် ယူနန်ပြည်နယ် ကူမင်းမြို့နှင့် ဟူနန်ပြည်နယ် ချန်ရှားမြို့ စသည့် နေရာများသို့ သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း သီရိလင်္ကာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားရေးမှူး Chana Ponnahandi နှင့် ဝန်ကြီးချုပ်ရုံး၏ လက်ထောက်အတွင်းရေးမှူး Fuzuel Farzana တို့က ၎င်းတို့နိုင်ငံ၏ အတွေ့အကြုံများကို အခြေခံ၍ "ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု" အဆိုပြုချက်အောက်မှ ဟမ်ဘန်တိုတာ ဆိပ်ကမ်းနှင့် ကိုလံဘို ဆိပ်ကမ်းမြို့ စီမံကိန်းများသည် သီရိလင်္ကာနိုင်ငံ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် သက်ရောက်မှုများကို ရှင်းပြခဲ့ကြသည်။ ဤစီမံကိန်းများ၏ ဆက်လက်တိုးတက်မှုသည် သီရိလင်္ကာ၏ ချမ်းသာကြွယ်ဝမှုနှင့် ကမ္ဘာ့ကုန်သွယ်မှုတွင် ပိုမိုကြီးမားသော အကျိုးသက်ရောက်မှုကို ထုတ်ဖော်ရန် ရေရှည်တည်တံ့ပြီး ခိုင်မာသော တွန်းအားများကို ထည့်သွင်းပေးမည်ဟု အရာရှိနှစ်ဦးစလုံးက ပြောကြားခဲ့ကြသည်။
ဤကြီးမားသော အခြေခံအဆောက်အအုံ စီမံကိန်းများသည် သီရိလင်္ကာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသမိုင်းတွင် "သမိုင်းဝင် အပြောင်းအလဲတစ်ခု" ဖြစ်၍ နိုင်ငံကို ရိုးရာစက်မှုလုပ်ငန်းများမှ ဝန်ဆောင်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် ထပ်တိုးတန်ဖိုးမြင့် ထုတ်လုပ်ရေးလုပ်ငန်းများသို့ တိုးချဲသွားရန် တွန်းအားပေးနေသည် ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင်၊ ဤစီမံကိန်းများသည်လည်း တရုတ်နှင့် သီရိလင်္ကာ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေးကို တိုးမြှင့်ပေးခဲ့ပြီး နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို တိုးပွားလာစေခဲ့သည် ဖြစ်ကြောင်း အရာရှိ နှစ် ဦးက ကောက်ချက်ချခဲ့ကြသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


