ယူနန်ပြည်နယ် ချူကျင့်မြို့ လူ့လျန်ခရိုင် ရှောင်ပိုင်ဟူ့မြို့နယ်၌ အာလူးလုပ်ငန်းသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ကြီးထွားလာ
2026-02-03 17:21|
(ရောင်စုံတိမ်တံတား၊ မရီရီ) မကြာသေးမီက ယူနန်ပြည်နယ် ချူကျင့်မြို့ လူ့လျန်ခရိုင် ရှောင်ပိုင်ဟူ့မြို့နယ် ဖူလဲ့ကျေးရွာရှိ အာလူးစိုက်ပျိုးရေး အခြေခံစခန်း၌ လယ်သမားများသည် နေသာကောင်းမွန်သော ရာသီဥတုကို အခွင့်ကောင်းယူ၍ စိုက်ပျိုးရေးစက်ကိရိယာများကို မောင်းပြီး ရှောင်ချွင်းအာလူးများ (တရုတ်သက္ကရာဇ်သမလတွင် စိုက်ပျိုးသော အာလူးများ)ကို စိုက်ပျိုးခဲ့ကြသည်။ လူ့လျန်ခရိုင်တွင် အလင်းရောင်၊ အပူ၊ ရေနှင့် မြေဆီလွှာများသည် သဘာဝကျသော အားသာချက်များကို အပြည့်ရှိသောကြောင့် တစ်နှစ်တာ အာလူးများအား သုံးကြိမ်အထိ စိုက်ပျိုးနိုင်လျက်ရှိသည်။ ရှောင်ပိုင်ဟူ့မြို့နယ်တွင် အာလူးစိုက်ပျိုးရေးဧရိယာမှာ တရုတ်မူ (Mu) ၉.၁၅ သောင်းအထိ ရောက်ရှိကာ အာလူးလုပ်ငန်းကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ကြီးထွားလာစေရန် စက်ယန္တရားများဖြင့် စိုက်ပျိုးမှု၊ ဖို့ထားသော မြေရိုးပေါ် စိုက်ပျိုးမှု၊ ရေနှင့် ဓာတ်မြေသြဇာ ပေါင်းစပ်စီမံခန့်ခွဲမှု၊ အစိမ်းရောင်ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း ကဲ့သို့သော ခေတ်မီ စိုက်ပျိုးရေးနည်းပညာများကို တက်ကြွစွာ ဖြန့်ဖြူးသုံးပြုခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- မြို့တစ်မြို့လုံးတွင် ကြယ်ငါးပွင့်အလံနီများ တလူလူလွင့်ပျံနေပြီး ကူမင်းမြို့ရှိ ဟိုင်ကေရေကာတာတွင် ကြီးကျယ်ခမ်းနားစွာ အလှဆင်ထား
- တျန်းချီရေကန်ဘေးမှ ကော်ဖီရနံ့သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ခြင်း၊ ယူနန်ကော်ဖီကို သိရှိခံစားရန် ကူမင်းမြို့သည် ကမ္ဘာအား ဖိတ်ခေါ်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အာဆီယံနိုင်ငံများမှ ဒူးရင်းလုပ်ငန်းများ တရုတ်နိုင်ငံ ကူမင်းမြို့တွင် လာရောက် "ဆုံစည်း"
- တရုတ်-လာအို ရထားလမ်း စုစုပေါင်း ကုန်စည် တင်သွင်း၊ တင်ပို့မှုတန်ဖိုး ယွမ် ၁၀၀ ဘီလီယံ ကျော်လွန်
- စိုက်ခင်းများမှ "အာရှပန်းမြို့တော်" အထိ ယူနန်ပြည်နယ် ပန်းများ၏ ခရီးစဉ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ


