အရေအတွက်နှင့် အရည်အသွေး နှစ်မျိုးလုံး တိုးတက်လာပြီး ယူနန်ပြည်နယ်၏ ကော်ဖီလုပ်ငန်းသည် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာ

2026-01-31 15:14|ရောင်စုံတိမ်တံတား

202601095c93a2242f4341efa9e86d60dc851388_20260109867b18b084a34559bc54424fd0b4513e

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့ယခုအချိန်သည် ကော်ဖီရိတ်သိမ်းသော ရာသီဖြစ်ပြီး ယူနန်ပြည်နယ်၏ ကော်ဖီထုတ်လုပ်ရာဒေသများရှိ ကော်ဖီခြံများထဲတွင် သစ်ကိုင်းများအပေါ် အနီရောင်အသီးများဖြင့် ပြည့်နှက်နေပြီး သီးထွက်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သည်။

ယူနန်ပြည်နယ်သည် တရုတ်နိုင်ငံ၏ အဓိက ကော်ဖီထုတ်လုပ်ရာဒေသ ဖြစ်သည်။ မူလ၊ ဒုတိယနှင့် တတိယစက်မှုလုပ်ငန်းများ နက်ရှိုင်းစွာ ရောနှောပေါင်းစပ်ခြင်းနှင့် ပြည့်စုံသော စက်မှုလုပ်ငန်းကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း မှတစ်ဆင့် ယူနန်ပြည်နယ်သည် ကော်ဖီစိုက်ပျိုးဧရိယာနှင့် ပဲတီစိမ်းထုတ်လုပ်မှုပမာဏ စသည့်နယ်ပယ်များတွင် တစ်နိုင်ငံလုံးတွင် ဦးသွားနေပြီး ပြည်တွင်းပြည်ပ ဈေးကွက်များတွင် ရရှိသည့် အသိအမှတ်ပြုမှုများမှာ ဆက်တိုက်တိုးပွားလာနေသည်။

၂၀၂၅ ခုနှစ်တွင် ယူနန်ပြည်နယ် တစ်ခုလုံး၏ ကော်ဖီစိုက်ပျိုးရေးဧရိယာသည် အမို ၁.၄၆၃ သန်းအထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၁၅.၄ ရာခိုင်နှုန်း တိုးလာခဲ့သည်၊ ပဲတီစိမ်း ထုတ်လုပ်မှုပမာဏသည် တန်ချိန် ၁၃.၈၉ သောင်းအထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၁၆.၉ ရာခိုင်နှုန်း တိုးလာခဲ့သည်၊ စိုက်ပျိုးရေးဧရိယာနှင့် ပဲတီစိမ်း ထုတ်လုပ်မှုပမာဏတို့သည် တစ်နိုင်ငံလုံး ထိပ်ဆုံးတွင် ရပ်တည်ခဲ့သည် ဖြစ်ကြောင်း သတင်းထောက်က မကြာသေးမီက ယူနန်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဌာနမှ သိရှိခဲ့ရသည်။

"နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်ပြီးတော့ ယူနန်ကော်ဖီဟာ မျိုးကောင်းမျိုးသန့်ပြုစုရေး၊ စိုက်ပျိုးရေး၊ အချောကိုင်ရေးနဲ့ ရောင်းချရေးတို့ကို ပေါင်းစပ်တဲ့ ပြည့်စုံတဲ့ စက်မှုလုပ်ငန်းကွင်းဆက်တစ်ခုကို ဖြစ်လာခဲ့ပြီ။" လက်ရှိတွင် ယူနန်ပြည်နယ်၌ ပေါင်စန်း၊ ကူမင်း၊ ဖူအော်နှင့် တက်ဟုန်း အပါအဝင် သေချာနက်ရှိုင်းသော အချောကိုင်ရာဒေသ ၄ ခုကို ဖြစ်လာခဲ့ပြီ ဖြစ်ကာ ကော်ဖီ၏ အရည်အသွေးမြင့်မှုန်းနှင့် သေချာနက်ရှိုင်းစွာ အချောကိုင်မှုနှုန်းတို့သည် ၃၁.၆ ရာခိုင်နှုန်း နှင့် ၈၀ ရာခိုင်နှုန်းအထိ အသီးသီးရောက်ရှိခဲ့ပြီး ဈေးကွက်များတွင် ရရှိသည့် အသိအမှတ်ပြုမှုများသည် သိသိသာသာ တိုးတက်လာနေသည် ဖြစ်ကြောင်း ယူနန်ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဝမ်စီဇေက မိတ်ဆက်ပြောကြားခဲ့သည်။

202601095c93a2242f4341efa9e86d60dc851388_20260109ebdaeea5ce1f44a9bf026262ef969639

ခိုင်မာသော စက်မှုလုပ်ငန်းအခြေခံကို အားကိုးပြီး ယူနန်ပြည်နယ်၏ ကော်ဖီလုပ်ငန်းသည် ဈေးကွက်တွင် ဆက်လက်ထိုးဖောက်မှုများ ပြုလုပ်နေသည်။ မကြာသေးမီနှစ်များအတွင်း ယူနန်ပြည်နယ်ရှိ လတ်ဆတ်သော ကော်ဖီသီးများ၊ စီးပွားဖြစ်ကော်ဖီစေ့များနှင့် အရည်အသွေးမြင့် ကော်ဖီစေ့များ၏ ပျမ်းမျှဈေးနှုန်းမှာ သိသိသာသာ မြင့်တက်လာခဲ့၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ တစ်ပြည်နယ်လုံး အွန်လိုင်း ကော်ဖီဆိုင်ရာ လက်လီရောင်းချမှုပမာဏသည် ယွမ် ၄.၂၃၄ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး အော်ဒါအမှာစာများသည် တစ်နိုင်ငံလုံးကို လွှမ်းခြုံထားသည် ဖြစ်ကြောင်း ယူနန်ပြည်နယ် ကူးသန်းရောင်းဝယ်ရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဟောင်ယီရှန်က မိတ်ဆက်ပြောကြားခဲ့သည်။

ပို့ကုန်နှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ယူနန်ပြည်နယ်၏ ကော်ဖီနှင့် ကော်ဖီထွက်ကုန်များ တင်ပို့မှုပမာဏသည် ယွမ် ၈၄၀ သန်းအထိ ရောက်ရှိခဲ့ပြီး တင်ပို့သည့် နေရာများသည် နိုင်ငံနှင့် ဒေသပေါင်း ၂၉ ခုမှ ၃၄ ခုအထိ တိုးချဲ့ရောက်ရှိခဲ့၍ အလယ်အာရှနှင့် အရှေ့ဥရောပ စသည်တို့တွင် ဈေးကွက်အသစ်များ ထပ်တိုးခဲ့သည်။

ယူနန်ပြည်နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းတို့ကို နက်ရှိုင်းစွာ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်သော လမ်းကြောင်းအသစ်များကို တက်ကြွစွာ စူးစမ်းလေ့လာနေပြီး "ကော်ဖီနှင့် ခရီးသွားလုပ်ငန်း ရောနှောပေါင်းစပ်မှု" ဟူသော စီးပွားရေးပုံစံသည် မြိုင်မြိုင်ဆိုင်ဆိုင် ဖွံ့ဖြိုးတိုးတက်လာနေသည်။ "ကျွန်မတို့ဟာ ကော်ဖီနဲ့ ခရီးသွားလုပ်ငန်းတို့ကို အစပြုချက်အဖြစ် အသုံးပြုပြီး ကုန်းပြင်မြင့်ဒေသရှိ ထူးခြားတဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ ယဉ်ကျေးမှုခရီးသွားလုပ်ငန်း နက်ရှိုင်းစွာ ရောနှောပေါင်းစပ်စေပါတယ်။" ယူနန်ပြည်နယ်သည် အဓိက ကော်ဖီထုတ်လုပ်သည့် ဒေသများတွင် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း အရင်းအမြစ်များကို ပေါင်းစပ်ခြင်း၊ အိုင်းလောင်တောင်- လန်ချန်းမြစ် ခရီးစဉ်နှင့် ကောင်းလီကုန့်တောင်- နုကျန်းမြစ် ခရီးစဉ် စသည့် အရည်အသွေးမြင့် ခရီးစဉ်လမ်းကြောင်းများကို ဖန်တီးခြင်း၊ "ကော်ဖီ + ကျေးလက်ဒေသတွင် မှီတင်းနေထိုင်ခြင်း" စံပြရွာများစွာကို ဖန်တီးခြင်း စသည့် ဆောင်ရွက်ချက်များ မှတစ်ဆင့် ကော်ဖီအား ယူနန်ပြည်နယ်၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ အမည်ကတ်ပြားအသစ်ကို ဖြစ်လာစေခဲ့သည် ဖြစ်ကြောင်း ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူး လျူလီနာက မိတ်ဆက်ပြောကြားခဲ့သည်။

စက်မှုလုပ်ငန်းကွင်းဆက်တစ်ခုလုံး၏ စဉ်ဆက်မပြတ် ပြည့်စုံကောင်းမွန်လာခြင်းနှင့် မူလ၊ ဒုတိယနှင့် တတိယစက်မှုလုပ်ငန်းများ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှု၏ ဆက်လက်နက်ရှိုင်းလာခြင်း နှင့်အမျှ ယူနန်ကော်ဖီသည် ပိုမိုမြင့်မားသော အရည်အသွေးနှင့် ပိုမိုကောင်းမွန်သော စီးပွားရေးပုံစံများဖြင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ်တွင် တည်ငြိမ်စွာ ရှေ့သို့လှမ်းတက်နေသည်။

202601095c93a2242f4341efa9e86d60dc851388_20260109867b18b084a34559bc54424fd0b4513e

眼下正是咖啡收获的季节,云南各大咖啡产区的咖啡园里红果满枝,一片丰收的景象。

云南省是中国的咖啡主产区。凭借三产深度融合与全产业链发展路径,云南咖啡种植面积、生豆产量等领跑全国,国内外市场认可度持续攀升。

记者日前从云南省农业农村厅获悉,2025年全省咖啡种植面积146.3万亩,同比增长15.4%;生豆产量13.89万吨,同比增长16.9%;种植面积、生豆产量均位居全国前列。

“经过多年发展,云南咖啡已形成集育种、种植、加工、销售为一体的全产业链。”云南省农业农村厅副厅长王思泽介绍,目前云南已形成保山、昆明、普洱、德宏四大精深加工区,咖啡精品率、精深加工率分别达31.6%、80%,市场认可度显著提升。

202601095c93a2242f4341efa9e86d60dc851388_20260109ebdaeea5ce1f44a9bf026262ef969639

依托坚实的产业基础,云南咖啡产业在市场端持续突破。云南省商务厅副厅长浩一山介绍,近年来,云南咖啡鲜果、商业豆、精品豆均价涨幅明显;2025年1到11月全省咖啡网络零售额达42.34亿元,订单覆盖全国。

出口方面,2025年1到11月,云南咖啡及其制品出口额达8.4亿元,出口目的地从29个国家和地区拓展至34个,新增中亚、东欧等市场。

云南积极探索农文旅深度融合发展的新路径,“咖旅融合”业态蓬勃兴起。“我们以‘咖啡+旅游’为切入点,推动高原特色农业与文旅产业深度融合。”云南省文化和旅游厅副厅长刘丽娜介绍,云南通过整合咖啡主产区文旅资源,推出哀牢山—澜沧江线、高黎贡山—怒江线等精品旅游线路,培育多个“咖啡+乡村旅居”示范村等措施,让咖啡成为云南文旅的新名片。

随着全产业链的不断完善和三产融合发展的持续深化,云南咖啡正以更高品质、更优业态,在高质量发展的道路上稳步前行。(记者熊轩昂)


အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်