မြန်မာနိုင်ငံရှိ မြို့နယ်ကလေးများတွင် မြေပြင်ကို ဆီးနှင်းခဲများ ဖုံးလွှမ်းနေပြီး တံစက်မြိတ်အပေါ် ရေခဲများ ချိတ်ဆွဲထား၍ အလွန်လှပ

2026-01-31 11:06|ရောင်စုံတိမ်တံတား

图片 2

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများတွင် တည်ရှိသော မြန်မာနိုင်ငံ၌ အချိန်အများစုတွင် နေသာသော ရာသီဥတု ဖြစ်သောကြောင့် ဆီးနှင်းကျခြင်းသည် ရှားပါးသော ဖြစ်စဉ်များထဲမှ တစ်ခုဖြစ်သည်။ သို့သော် ယခုတွင် အေးမြသောရာသီ ရောက်ရှိလာသည် နှင့်အမျှ မြန်မာနိုင်ငံရှိ ဒေသအတော်များများတွင် အပူချိန် ကျဆင်းလာပြီး အချို့နေရာများတွင် မြေပြင်ကို ထူထပ်သော ဆီးနှင်းခဲများဖြင့် ဖုံးလွှမ်းထားသောကြောင့် ခရီးသည်များစွာသည် သူ့ထည်ငါဦး သွားရောက်လည်ပတ်ကြသည်။

图片 1

မကြာသေးမီက မြန်မာနိုင်ငံ ချင်းပြည်နယ်ရှိ မင်းတပ်မြို့နယ်တွင် အပူချိန် ဆက်တိုက်ကျဆင်းနေပြီး ရေခဲခြင်းအခြေအနေပင် ပေါ်ထွက်လာခဲ့သည်။ ဤအခြေအနေသည် နှစ်စဉ်ဖြစ်ပွားလျက်ရှိပြီး မြို့နယ်အတွင်းရှိ ရေကန်များနှင့် အိမ်ခေါင်မိုးများပေါ်တွင် ရေခဲများကို မြင်တွေ့ရပြီး မြို့ပြင်ရှိ လမ်းများတွင် ဆီးနှင်းများ ဖုံးလွှမ်းနေသောကြောင့် ဖွေးဖွေးဖြူလာသည်။ ယခုနှစ် ရာသီဥတုသည် မနှစ်ကထက် ပိုမိုအေးကြောင်း ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

图片 7

မိုးလေဝသဌာန၏ ကြော်ငြာစာအရ ချင်းပြည်နယ် ဟားခါးမြို့နယ်၏ အနိမ့်ဆုံးအပူချိန်သည် ရေခဲမှတ်အောက်သို့ ကျဆင်းသွားခဲ့သည်။ ဒေသခံရွာသူရွာသားများက "ကျွန်တော်တို့ရွာဟာ ဒီသုံးလေးရက်အတွင်း ရေခဲခဲ့ပြီး အရမ်းလှတယ်၊ နတ်ပြည်လိုပါပဲ။ သစ်ပင်တွေကို ဆီးနှင်းခဲတွေနဲ့ ဖုံးအုပ်ထားပြီး ဝင်းဝင်းလက်လက် အရောင်တောက်ပတဲ့ အဖြူရောင်အရွက်တွေ ပေါက်နေသလိုပဲ၊ အရမ်းလှတယ်" ဟု ပြောကြားခဲ့သည်။

图片 4

图片 2

在缅甸,最不常见到的现象之一便是下雪,作为地处热带、亚热带的缅甸而言,艳阳高照才是大部分时间的打开方式。不过现在进入凉季,缅甸很多地方气温也开始下降,有的地方甚至被浓重的霜涂白了地面,不少小伙伴争先前往。

图片 1

近日,缅甸钦邦敏达镇气温持续下降,甚至出现了结冰现象。据了解,这种情况每年都会发生,在镇内的池塘以及屋顶上都可以看到冰,城外的道路也因积雪而变得一片雪白。一位当地居民表示,今年的天气比去年更冷。

图片 7

根据气象部门的公告,钦邦哈卡镇的最低气温已降至冰点以下。当地村民表示,这两天我们村里结冰了,非常漂亮,像仙境一样,树上披着一层层霜,就好像生出了闪闪发光的白色叶子一样,非常好看。( 照片:Ĥkl Mindat)

图片 4

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်