တာလီမြို့ ပင်းချွမ်းခရိုင်၌  "ကျေးရွာစားပွဲ စားဖိုမှူး"အဖွဲ့များသည် အစားအစာဖြင့် ချမ်းသာကြွယ်ဝစေ

2026-01-19 18:02|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား မရီရီ)  ယူနန်ပြည်နယ် တာ့လီပြည်နယ်ခွဲ ပင်းချွမ်းခရိုင်၌ ဒေသခံ ကျေးရွာစားပွဲ စားဖိုမှူးအဖွဲ့များသည် ရိုးရာအစားအစာများအား အခြေခံ၍ မတူညီသော ဖောက်သည်အုပ်စုများအတွက် လက်ထပ်မင်္ဂလာပွဲ၊ ဆိုင်ဖွင့်ပွဲ စသည့် အိမ်တိုင်ရာရောက် အာစားအစာဝန်ဆောင်မှုများကို ပေးဆောင်လျက်ရှိ၍ ရိုးရာအရသာမှတဆင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးကာ ဝင်ငွေလည်း တိုးပွားစေခဲ့သည်။

မကြာသေးမီက ပင်းချွမ်းခရိုင် ပင်းကြွီးမြို့နယ် ချင်းဟိုရပ်ကွက် နေထိုင်သူ တုန်ယန့်ရှန်း၏သမီး လက်ထပ်အတွက် မင်္ဂလာဟင်းပွဲကို လုပ်ဆောင်ရန် ဒေသခံ "ရင့်ချွမ်း" ကျေးရွာစားပွဲ စားဖိုမှူးအဖွဲ့အား အပ်နှံခဲ့သည်။ "သူတို့ ချက်ပြုတ်တဲ့အစားအစာတွေက စားကောင်းတယ်။ ကျွန်မတို့လည်း စိတ်ချပါတယ်၊ အခြားကိစ္စကိုလည်း အာရုံစိုက်လို့ရတယ်" ဟု တုန်ယန့်ရှန်းက ပြောဆိုသည်။ "ရင့်ချွမ်း" ကျေးရွာစားပွဲ စားဖိုမှူးအဖွဲ့သည် လက်ရှိတွင် အဖွဲ့ဝင် ၃၀၀ ကျော်ရှိပြီး လိုအပ်ချက်အရ အရွယ်အစားအမျိုးမျိုးရှိသော အသေးစားအဖွဲ့များအဖြစ် ခွဲကာ လုပ်ကိုင်နိုင်သည်။ သုံးထပ်သားဟင်း၊ ဆိတ်သားပေါင်းဟင်း၊ ကြာစွယ်အသားပေါင်းဟင်း စသည့် ဒေသခံ ရိုးရာအစားအစာများကို အဓိက ချက်ပြုတ်သည်။ အဖွဲ့ဝင်များသည် တည်ငြိမ်သော ဝင်ငွေကို ရရှိနိုင်ကြသည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပင်းချွမ်းခရိုင်အတွင်း "ရင်ချွမ်း"အဖွဲ့ ကဲ့သို့သော ကျေးရွာစားပွဲ စားဖိုမှူးအဖွဲ့ပေါင်း ၁၀ ကျော်ရှိလာပြီ ဖြစ်ကာ စားဖိုမှူးပေါင်း ၂၀၀၀ နီးပါးရှိကာ သူတို့သည် အစားအစာဖြင့် ချမ်းသာကြွယ်ဝစေခဲ့သည်။ 

在云南省大理州宾川县,当地的乡宴厨师团队以传统美食为依托,为不同客户群体提供喜宴、开业庆典等餐饮上门服务,让老味道成为带动就业、促进增收的重要动力。

近日,宾川县宾居镇清河社区居民董艳仙的女儿结婚,她就将喜宴交给了宾居镇“映春”乡宴厨师团队来操办。她说:“交给他们做出来的菜又好吃又省心,我们忙我们的。”据介绍,“映春”乡宴厨师团队目前共有300余人,可根据需要分为不同规模的小团队出工,菜品主打夹沙肉、粉蒸羊肉、莲夹等当地传统美食,团队成员也能获得稳定的经济收入。

目前,宾川县像“映春”这样的乡宴厨师团队已有10余个,从业人员近2000人,共同走出了一条“舌尖”上的增收致富路。(开屏新闻 记者王利绚 通讯员熊轩昂 温昌盛 邓熙翔 文  吴松江 摄)

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်