ကူမင်းခွေး "ရဲခွေးလေ့ကျင့်ရေးသင်တန်းကျောင်း" အား သွားရောက်လေ့လာခြင်း
2026-01-12 09:53|
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ကူမင်းရဲခွေးစခန်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ဖန်လုန်ခရိုင်၌ တည်ရှိပြီး ၁၉၅၀ ပြည့်လွန်နှစ်များမှစ၍ ကူမင်းခွေးများကို စနစ်တကျ လေ့ကျင့်ပေးမှုများ လုပ်ဆောင်ခဲ့သည်။
ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သည့် သိပ္ပံနည်းကျရွေးချယ်ပျိုးထောင်မှုနှင့် လက်တွေ့စစ်ဆင်ရေးတွင် လေ့ကျင့်မှုများ လုပ်ဆောင်ပြီးနောက် ကူမင်းခွေးအမျိုးအစားသည် ပြည်သူ့လုံခြုံရေး၊ အရေးပေါ်ကယ်ဆယ်ရေး၊ အကောက်ခွန် မှောင်ခိုတိုက်ဖျက်ရေး စသည့်ကဏ္ဍများတွင် ကဏ္ဍစုံကျွမ်းကျင်သူဖြစ်လာပြီး အနံ့ခံအတည်ပြုမှု၊ ခြေရာခံလိုက်လံမှု၊ ပစ္စည်းသက်သေရှာဖွေမှု၊ အကြမ်းဖက်တိုက်ဖျက်ရေးနှင့် အရေးပေါ်ကိစ္စရပ်များအား ကိုင်တွယ်စီမံမှု၊ အရေးပေါ်ကယ်ဆယ်ရေး စသည့် ကျွမ်းကျင်တာဝန်များ၌ အံ့ဖွယ်အောင်မြင်မှုများစွာ ထမ်းဆောင်ခဲ့သည်။
အဆိုပါ ရဲခွေးအခြေစိုက်စခန်းသည် ဒေသတွင်းရဲခွေးအမျိုးအစားကို နက်ရှိုင်းစွာဖော်ထုတ်၍ အသုံးပြုကာ ကူမင်းခွေး ပူးတွဲပျိုးထောင်ခြင်းစနစ်အား တည်ဆောက်ခဲ့သည်။ ကူမင်းခွေးများအား ကိုယ်ပိုင်သုတေသနပြုလေ့လာပြီး မိတ်ဆက်ပေးခြင်းဖြင့် တရုတ်ရဲခွေးလုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို စဉ်ဆက်မပြတ် တွန်းအားပေးဖော်ဆောင်ခဲ့ကြောင်း သိရသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း




















