ကူမင်းခွေး "ရဲခွေးလေ့ကျင့်ရေးသင်တန်းကျောင်း" အား သွားရောက်လေ့လာခြင်း

2026-01-12 09:53|ဆင်ဟွာသတင်း

ddd1a0f86d1e4bae85377cc1ed49a757

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ကူမင်းရဲခွေးစခန်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်း‌မြို့ ဖန်လုန်ခရိုင်၌ တည်ရှိပြီး ၁၉၅၀ ပြည့်လွန်နှစ်များမှစ၍ ကူမင်းခွေးများကို စနစ်တကျ လေ့ကျင့်ပေးမှုများ လုပ်ဆောင်ခဲ့သည်။

0a952c0317dc4a808b2ee7faa264bc41

ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သည့် သိပ္ပံနည်းကျရွေးချယ်ပျိုးထောင်မှုနှင့် လက်တွေ့စစ်ဆင်ရေးတွင် လေ့ကျင့်မှုများ လုပ်ဆောင်ပြီးနောက် ကူမင်းခွေးအမျိုးအစားသည် ပြည်သူ့လုံခြုံရေး၊ အရေးပေါ်ကယ်ဆယ်ရေး၊ အကောက်ခွန် မှောင်ခိုတိုက်ဖျက်ရေး စသည့်ကဏ္ဍများတွင် ကဏ္ဍစုံကျွမ်းကျင်သူဖြစ်လာပြီး အနံ့ခံအတည်ပြုမှု၊ ခြေရာခံလိုက်လံမှု၊ ပစ္စည်းသက်သေရှာဖွေမှု၊ အကြမ်းဖက်တိုက်ဖျက်ရေးနှင့် အရေးပေါ်ကိစ္စရပ်များအား ကိုင်တွယ်စီမံမှု၊ အရေးပေါ်ကယ်ဆယ်ရေး စသည့် ကျွမ်းကျင်တာဝန်များ၌ အံ့ဖွယ်အောင်မြင်မှုများစွာ ထမ်းဆောင်ခဲ့သည်။

5f83cee84399405dbd1e97d99455680e

အဆိုပါ ရဲခွေးအခြေစိုက်စခန်းသည် ဒေသတွင်းရဲခွေးအမျိုးအစားကို နက်ရှိုင်းစွာဖော်ထုတ်၍ အသုံးပြုကာ ကူမင်းခွေး ပူးတွဲပျိုးထောင်ခြင်းစနစ်အား တည်ဆောက်ခဲ့သည်။ ကူမင်းခွေးများအား ကိုယ်ပိုင်သုတေသနပြုလေ့လာပြီး မိတ်ဆက်ပေးခြင်းဖြင့် တရုတ်ရဲခွေးလုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို စဉ်ဆက်မပြတ် တွန်းအားပေးဖော်ဆောင်ခဲ့ကြောင်း သိရသည်။

9e9255fbfbe44c259a60d4b55bf25bcf

65ccc459550e4840bedfab68b12d9517

71d8f7990f324aeda45228bde9033bb1

714ebc2562bf40be8d2800f805095306

2423c5e7edba41918c660c0f3aecf740

b24e8bda9a0444ee8d9f7fc20fcecf65

d2fa9273b66c4fcd84e9744e15b66b8f

ddd1a0f86d1e4bae85377cc1ed49a757

公安部昆明警犬基地坐落于云南省昆明市盘龙区,自20世纪50年代开始系统培育昆明犬。

0a952c0317dc4a808b2ee7faa264bc41

经过数十年科学选育和实战淬炼,昆明犬已成为公安、应急救援、海关缉私等领域的“多面手”,在气味鉴别、迹线追踪、物证搜索、反恐处突、应急救援等专业岗位上屡立奇功。

5f83cee84399405dbd1e97d99455680e

据了解,该警犬基地深度挖掘利用本土警用犬种,初步构建了昆明犬联合育种体系,通过对昆明犬的自主研发推广,持续推动中国警犬事业高质量发展。

9e9255fbfbe44c259a60d4b55bf25bcf

65ccc459550e4840bedfab68b12d9517

71d8f7990f324aeda45228bde9033bb1

714ebc2562bf40be8d2800f805095306

2423c5e7edba41918c660c0f3aecf740

b24e8bda9a0444ee8d9f7fc20fcecf65

d2fa9273b66c4fcd84e9744e15b66b8f

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်