ကူမင်းစီမံကိန်းပြတိုက်၏ မြူနီစပယ်အဆင့်ပြခန်းကို အများပြည်သူအတွက် ဖွင့်လှစ်
2026-01-07 17:48|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ဇန်နဝါရီလ ၅ ရက်နေ့ မှစတင်၍ ကူမင်းစီမံကိန်းပြတိုက်၏ မြူနီစပယ်အဆင့်ပြခန်းကို အများပြည်သူအတွက် တရားဝင်ဖွင့်လှစ်ပြီး ကူမင်းမြို့၏ "နွေဦးမြို့တော် ၆ ခု" တည်ဆောက်ရေး အောင်မြင်မှုများနှင့် မြေယာ အထွေထွေစီမံကိန်းချပုံစံပြာ စသည့် အကြောင်းအရာများကို နှစ်မြှုပ်စွာ သိရှိနားလည်စေနိုင်သည်။ ဤဖွင့်လှစ်မှုသည် မြို့ပြစီမံကိန်းကို အများပြည်သူနှင့် ပိုမိုနီးကပ်စေပြီး အများပြည်သူအား မြို့တော်၏ ဖွံ့ဖြိုးတိုးတက်မှုသမိုင်းကို တွေ့ကြုံခံစားစေနိုင်သည်။ ကူမင်းမြို့ရှိ မြို့ပြနှင့် ကျေးလက်ဒေသ တည်ဆောက်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများနှင့် စီမံကိန်းချပုံစံပြာများကို စုစည်းပြသထားသော လူထုကောင်းစားရေး ပြတိုက်အနေဖြင့် ကူမင်းစီမံကိန်းပြတိုက်သည် မြို့တော်၏ ဖွံ့ဖြိုးတိုးတက်ရေး အယူအဆများ၊ တည်ဆောက်ရေး အောင်မြင်ချက်များနှင့် အနာဂတ် မျှော်ကြည့်ချက်များကို မြင်တွေ့နိုင်သော၊ မြင်ကွင်းထဲတွင် ထားရှိသော နည်းလမ်းများဖြင့် ပြသထားသည်။
မြူနီစပယ်အဆင့်ပြခန်းကို အင်္ဂါနေ့မှ တနင်္ဂနွေနေ့ ၉:၀၀ နာရီမှ ၁၇:၀၀ နာရီအထိ (နောက်ဆုံးဝင်ခွင့် ၁၆:၃၀ နာရီ) ဖွင့်လှစ်ထားပြီး တနင်္လာနေ့တွင် ပိတ်သည်။ လည်ပတ်ကြည့်ရှုခြင်း အတွေ့အကြုံများကို ပိုမိုကောင်းမွန်စေရန်အတွက် ပြတိုက်တွင် နေ့စဉ် ၁၀:၀၀ နာရီနှင့် ၁၄:၃၀ နာရီတွင် ရှင်းပြဝန်းဆောင်မှု ၂ ကြိမ်ကို ခွဲခြားပေးဆောင်၍ တစ်ကြိမ်လျှင် မိနစ် ၁၀၀ ခန့် ကြာပြီး လည်ပတ်သူများအား ပြပွဲ၏ အတွင်းသဘောများကို ပိုမိုနက်ရှိုင်းစွာ နားလည်စေနိုင်ရန် ကူညီပေးသည်။
မြို့သူမြို့သားများသည် "ကူမင်းမြို့စီမံကိန်းပြတိုက်" ဟူသော WeChat တရားဝင်အကောင့် မှတစ်ဆင့် အွန်လိုင်း ကြိုတင်ချိန်းထားနိုင်ကြသည် သို့မဟုတ် ဖွင့်ချိန်ကာလအတွင်း QR ကုဒ်ကို စကင်ဖတ်ခြင်းဖြင့် ဝင်ရောက်နိုင်ကြသည်။ ရှင်းပြဝန်ဆောင်မှုကို လိုအပ်သော ၁၀ ဦးထက် အဖွဲ့များသည် အလုပ်ရက် ၃ ရက် ကြိုတင်ပြီး (၀၈၇၁-၆၇၁၇၇၈၅၈၊ ၀၈၇၁-၆၇၁၇၅၃၁၉) ဖုန်းဖြင့် ချိန်းထားရမည် ဖြစ်ကာ ပြတိုက်သည် အခမဲ့ရှင်းပြဝန်ဆောင်မှုကို စီစဉ်ပေးမည် ဖြစ်သည်။
ကူမင်းစီမံကိန်းပြတိုက်သည် ကွမ်းဒုရပ်ကွက် ဟွမ်ဟူအရှေ့လမ်း အမှတ် ၄၆၀၆ တွင် တည်ရှိပြီး မြို့သူမြို့သားများသည် မြေအောက်ရထားလိုင်း အမှတ် ၅ ကို စီးပြီး ပေါင်ဖုန်းဘူတာသို့ ရောက်ရှိနိုင်ကြသည် သို့မဟုတ် ဘတ်စ်ကားလိုင်း အမှတ် ၂၀၉ နှင့် အမှတ် K31 စသည်တို့ကို စီးပြီး ထိုနေရာသို့ ရောက်ရှိနိုင်ကြသည်။
"ဒီစီမံကိန်းပြတိုက် ကတစ်ဆင့် အများပြည်သူကို ကူမင်းကို သိရှိနားလည်စေပြီး၊ ကူမင်းကို ချစ်မြတ်နိူးစေပြီးနဲ့ ကူမင်းကို အတူတကွ တည်ဆောက်စေနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ကူမင်းစီမံကိန်းပြတိုက်၏ သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အနာဂတ်တွင် ကူမင်းစီမံကိန်းပြတိုက်သည် မြို့တော်၏ ပြတင်းပေါက်နှင့် မြို့သူမြို့သားများ၏ စာသင်ခန်း ဟူသော ဆောင်ရွက်မှုများကို အဆက်မပြတ် ထုတ်ဖော်မည် ဖြစ်ပြီး ကူမင်းကို အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့တော်၏ ပျော့ပျောင်းသောစွမ်းအား မြှင့်တင်ရန် အထောက်အကူပြုသွားမည် ဖြစ်သည်။
昆明信息港讯(昆明日报 记者徐晓俊)1月5日起,昆明规划馆市级展区正式向公众开放,公众可沉浸式了解昆明市“六个春城”建设成果及国土空间总体规划蓝图等内容。此次开放让城市规划走近公众,带公众触摸城市发展脉络。
作为昆明市集中展示城乡建设发展成果和规划蓝图的公益性场馆,昆明规划馆以可视化、场景化方式展现城市发展理念、建设成果与未来愿景。
据介绍,市级展区开放时间为每周二至周日9:00—17:00(16:30停止入馆),周一闭馆。为提升参观体验,馆内每日提供两场固定讲解服务,时间为10:00与14:30,每场讲解时长约100分钟,帮助大家深入理解展陈内涵。
市民可通过微信公众号“昆明市规划馆”进行线上预约,或在开放时段内现场扫码入场。10人以上团队如需讲解,须提前3个工作日电话预约(0871-67177858、0871-67175319),馆方将安排免费讲解服务。
昆明规划馆位于官渡区环湖东路4606号,市民可乘地铁5号线至宝丰站,或选乘209路、K31路等公交抵达。
“希望通过规划馆这一平台,让公众了解昆明、热爱昆明、共建昆明。”昆明规划馆相关负责人表示。未来,昆明规划馆将持续发挥城市窗口与市民课堂功能,助力昆明高质量发展与城市软实力提升。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ယူနန်ပြည်နယ်ရှိ အမြန်လမ်းမကြီး ၄ လိုင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖွင့်လှစ်မည်
- "ယူနန်ပြည်နယ် မြို့ပြဘောလုံးလိဂ်"နှင့်အတူ ဆောင်းရာသီတွင် နွေဦးမြို့တော်ကို လည်ပတ်ကြည့်ရှုမည်
- ကူမင်းမြို့၌ ဂျင်ဂိုအရွက်များ ရွှေဝါရောင် ဖြစ်လာနေ၍ ရှုစားရန် အကောင်းဆုံးချိန်သို့ ရောက်ရှိလာပါပြီ
- "ကူမင်း" ဟူသော နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ ခရီးသွားအထူးရထားကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင်ပြေးဆွဲမည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ဟယ်ခုတ်ဆိပ်ကမ်းမှ ပြည်ဝင်ပြည်ထွက်လူဦးရေက ယူနန့်ဖွင့်လှစ်သောဆိပ်ကမ်း၏ ပထမနေရာတွင် သုံးနှစ်ဆက်ရပ်တည်
- ယူနန်ထောပတ်သီးများကို မလေးရှားနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- ယခုနှစ် ပထမ ၁၁ လအတွင်း ယူနန့် လတ်ဆတ်သောဖြတ်ပန်းပွင့် တင်ပို့မှုအတန်ဖိုးသည် တရုတ်ပထမနေရာတွင် ရပ်တည်ခဲ့
- ယူနန်ပြည်နယ် ပေါင်ဆန်းမြို့ ချန်နင်ခရိုင်ရှိ သစ်ကြားသီးများအား ဥဇဘက်ကစ္စတန်နိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
