ယီပင်း-ဖန်းကျီးဟွား အမြန်လမ်းမကြီး၏ ဆွေကျန်းလမ်းခွဲကို တည်ဆောက်ပြီးစီး၍ ယာဉ်များဖြတ်သန်းသွားလာနိုင်
2026-01-05 16:19|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မကြာသေးမီက စီချွမ်းပြည်နယ်ရှိ ယီပင်း-ဖန်းကျီးဟွား အမြန်လမ်းမကြီး၏ ဆွေကျန်းလမ်းခွဲကို တည်ဆောက်ပြီးစီး၍ ယာဉ်များဖြတ်သန်းသွားလာနိုင်ခဲ့၍ ယူနန်နှင့် စီချွမ်း ၂ ပြည်နယ်တို့အကြား အမြန်လမ်းမကြီး နောက်တစ်လိုင်းကို တိုးဖြည့်ပေးခဲ့သည်။
ယီပင်း-ဖန်းကျီးဟွား အမြန်လမ်းမကြီး၏ ဆွေကျန်းလမ်းခွဲသည် ၅.၃၇၅ ကီလိုမီတာ ရှည်လျား၍ ယီပင်းမြို့ ဖျင်ဆန်းခရိုင်ရှိ ယန်လျူဘ အပြန်အလှန်ချိတ်ဆက်ရာနေရာမှ စတင်ပြီး ကျောက်ထုံ-လက်ဆန်း အမြန်လမ်းမကြီး၏ ဆွေကျန်းအပိုင်းသို့အထိ ရောက်ရှိသည်။ ဤစီမံကိန်း၏ ခန့်မှန်းခြေ ရင်းနှီးမြှုပ်နှံငွေ ယွမ် ၁.၄၆၁ ဘီလီယံ ရှိပြီး နှစ်ဖက်သွား လေးလမ်းပြေးစံချိန်ဖြင့် တည်ဆောက်ထားပြီး တစ်နာရီလျှင် ၈၀ ကီလိုမီတာမြန်နှုန်း ဒီဇိုင်းရေးဆွဲထား၍ တံတား ၆ စင်းနှင့် ဥမင်လိုဏ်ခေါင်း ၁ ခု ပါဝင်ကာ တံတားနှင့် ဥမင်လိုဏ်ခေါင်း၏ အချိုးအစားမှာ ၈၅ ရာခိုင်နှုန်း ရှိသည်။
ယီပင်း-ဖန်းကျီးဟွား အမြန်လမ်းမကြီး၏ ဆွေကျန်းလမ်း၏ တည်ဆောက်ပြီးစီး၍ ယာဉ်များဖြတ်သန်းသွားလာနိုင်သည်မှာ ကျောက်ထုံ-လက်ဆန်း အမြန်လမ်းမကြီး၊ တည်ဆောက်ဆဲ ယီပင်း-ဖန်းကျီးဟွား အမြန်လမ်းမကြီး စသည်တို့နှင့် ကွန်ရက်ဖွဲ့စည်းရန် ချိတ်ဆက်မည် ဖြစ်ပြီး ဒေသတွင်း လမ်းကွန်ရက်ဖွဲ့စည်းပုံအား တစ်ဆင့်တိုး၍ မြှင့်တင်ပြီး လမ်းတစ်လျှောက်ရှိ ပြည်သူများ၏ သွားလာမှုအတွက် သက်သာလွယ်ကူမှု ရစေပြီး ဒေသတွင်း စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်မည် ဖြစ်သည်။
近日,四川宜宾至攀枝花高速公路绥江支线建成通车,滇川两省又增一条高速公路大通道。
宜攀高速绥江支线全长5.375公里,起于宜宾市屏山县杨柳坝互通点,止于昭乐高速公路绥江境内段。项目概算投资14.61亿元,按双向4车道标准建设,设计时速80公里,共有桥梁6座、隧道1座,桥隧比达85%。
宜攀高速绥江支线建成通车,将与昭乐高速、在建的宜攀高速等连接成网,进一步提升区域路网结构,为沿线群众出行提供便利,促进区域经济社会发展。(云南日报 记者沈迅 通讯员杨东升)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ယူနန်ပြည်နယ်ရှိ အမြန်လမ်းမကြီး ၄ လိုင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖွင့်လှစ်မည်
- "ယူနန်ပြည်နယ် မြို့ပြဘောလုံးလိဂ်"နှင့်အတူ ဆောင်းရာသီတွင် နွေဦးမြို့တော်ကို လည်ပတ်ကြည့်ရှုမည်
- ကူမင်းမြို့၌ ဂျင်ဂိုအရွက်များ ရွှေဝါရောင် ဖြစ်လာနေ၍ ရှုစားရန် အကောင်းဆုံးချိန်သို့ ရောက်ရှိလာပါပြီ
- "ကူမင်း" ဟူသော နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ ခရီးသွားအထူးရထားကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင်ပြေးဆွဲမည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယခုနှစ် ပထမ ၁၁ လအတွင်း ယူနန့် လတ်ဆတ်သောဖြတ်ပန်းပွင့် တင်ပို့မှုအတန်ဖိုးသည် တရုတ်ပထမနေရာတွင် ရပ်တည်ခဲ့
- ပထမဆုံးအသုတ် မြန်မာ့ကျောက်စိမ်းသည် ယူနန်ရှိ မိန်းတိန် ချင်းရွှေဟော်ဂိတ်၌ အကောက်ခွန် အဆင်ပြေချောမွေ့စွာ ကျော်ဖြတ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
