ယီပင်း-ဖန်းကျီးဟွား အမြန်လမ်းမကြီး၏ ဆွေကျန်းလမ်းခွဲကို တည်ဆောက်ပြီးစီး၍ ယာဉ်များဖြတ်သန်းသွားလာနိုင်
2026-01-05 16:19|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မကြာသေးမီက စီချွမ်းပြည်နယ်ရှိ ယီပင်း-ဖန်းကျီးဟွား အမြန်လမ်းမကြီး၏ ဆွေကျန်းလမ်းခွဲကို တည်ဆောက်ပြီးစီး၍ ယာဉ်များဖြတ်သန်းသွားလာနိုင်ခဲ့၍ ယူနန်နှင့် စီချွမ်း ၂ ပြည်နယ်တို့အကြား အမြန်လမ်းမကြီး နောက်တစ်လိုင်းကို တိုးဖြည့်ပေးခဲ့သည်။
ယီပင်း-ဖန်းကျီးဟွား အမြန်လမ်းမကြီး၏ ဆွေကျန်းလမ်းခွဲသည် ၅.၃၇၅ ကီလိုမီတာ ရှည်လျား၍ ယီပင်းမြို့ ဖျင်ဆန်းခရိုင်ရှိ ယန်လျူဘ အပြန်အလှန်ချိတ်ဆက်ရာနေရာမှ စတင်ပြီး ကျောက်ထုံ-လက်ဆန်း အမြန်လမ်းမကြီး၏ ဆွေကျန်းအပိုင်းသို့အထိ ရောက်ရှိသည်။ ဤစီမံကိန်း၏ ခန့်မှန်းခြေ ရင်းနှီးမြှုပ်နှံငွေ ယွမ် ၁.၄၆၁ ဘီလီယံ ရှိပြီး နှစ်ဖက်သွား လေးလမ်းပြေးစံချိန်ဖြင့် တည်ဆောက်ထားပြီး တစ်နာရီလျှင် ၈၀ ကီလိုမီတာမြန်နှုန်း ဒီဇိုင်းရေးဆွဲထား၍ တံတား ၆ စင်းနှင့် ဥမင်လိုဏ်ခေါင်း ၁ ခု ပါဝင်ကာ တံတားနှင့် ဥမင်လိုဏ်ခေါင်း၏ အချိုးအစားမှာ ၈၅ ရာခိုင်နှုန်း ရှိသည်။
ယီပင်း-ဖန်းကျီးဟွား အမြန်လမ်းမကြီး၏ ဆွေကျန်းလမ်း၏ တည်ဆောက်ပြီးစီး၍ ယာဉ်များဖြတ်သန်းသွားလာနိုင်သည်မှာ ကျောက်ထုံ-လက်ဆန်း အမြန်လမ်းမကြီး၊ တည်ဆောက်ဆဲ ယီပင်း-ဖန်းကျီးဟွား အမြန်လမ်းမကြီး စသည်တို့နှင့် ကွန်ရက်ဖွဲ့စည်းရန် ချိတ်ဆက်မည် ဖြစ်ပြီး ဒေသတွင်း လမ်းကွန်ရက်ဖွဲ့စည်းပုံအား တစ်ဆင့်တိုး၍ မြှင့်တင်ပြီး လမ်းတစ်လျှောက်ရှိ ပြည်သူများ၏ သွားလာမှုအတွက် သက်သာလွယ်ကူမှု ရစေပြီး ဒေသတွင်း စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်မည် ဖြစ်သည်။
近日,四川宜宾至攀枝花高速公路绥江支线建成通车,滇川两省又增一条高速公路大通道。
宜攀高速绥江支线全长5.375公里,起于宜宾市屏山县杨柳坝互通点,止于昭乐高速公路绥江境内段。项目概算投资14.61亿元,按双向4车道标准建设,设计时速80公里,共有桥梁6座、隧道1座,桥隧比达85%。
宜攀高速绥江支线建成通车,将与昭乐高速、在建的宜攀高速等连接成网,进一步提升区域路网结构,为沿线群众出行提供便利,促进区域经济社会发展。(云南日报 记者沈迅 通讯员杨东升)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု တန်ချိန် သန်း ၂၀ ထက် ကျော်လွန်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ စတင်ပို့ဆောင်
