တရုတ်-မြန်မာ လူငယ်ချစ်ကြည်ဆွေးနွေးဖလှယ်ပွဲ ယူနန်ပြည်နယ်၌ ကျင်းပ
2025-12-31 15:14|
(ရောင်စုံတိမ်တံတား၊ မရီရီ) မကြာသေးမီက တရုတ်၊ မြန်မာ၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံများမှ လူငယ်များအတွက် နယ်စပ်ဖြတ်ကျော်ဆွေးနွေးဖလှယ်ရေးပလက်ဖောင်းကို တည်ဆောက်ရန် ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း၊ တရုတ်ကွန်မြူနစ်လူငယ်အဖွဲ့ချုပ်ယူနန်ပြည်နယ်ကော်မတီစသည့်အဖွဲ့အစည်းများ၏လမ်းညွှန်မှုဖြင့် တယ်ဟုန်ပြည်နယ်ခွဲ၊ ဟုန်ဟယ်ပြည်နယ်ခွဲနှင့်ရှစ်ဆောင်ပဏ္ဏားပြည်နယ်ခွဲများ ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်လူငယ်များ သုတေသနလေ့လာရေးစခန်းလှုပ်ရှားမှုကို ယူနန်ပြည်နယ်တွင် ကျင်းပခဲ့ပြီဖြစ်သည်။
လှုပ်ရှားမှုစတင်ခြင်းအခမ်းအနားကို တယ်ဟုန်ပြည်နယ် မန်စီမြို့တွင် အဓိကကျင်းပခဲ့ပြီး အခြားဒေသများမှ အွန်လိုင်းဖြင့် ပါဝင်ခဲ့သည်။ ယူနန်ပြည်နယ်ပြည်သူ့အချင်းချင်း မိတ်ဖွဲ့ခြင်းအသင်းဒုဥက္ကဋ္ဌ ဝမ်ယီကလည်း လူငယ်များကို ချစ်ကြည်ရေးကိုယ်စားလှယ်၊ ယဉ်ကျေးမှုပြန့်ပွားသူ ဖြစ်ရန် အားပေးတိုက်တွန်းခဲ့သည်။ ယဉ်ကျေးမှုကို ဆက်ဆံသောတံတားအဖြစ် လက်တွဲကာ ချစ်ကြည်ရေးအား မြှင့်တင်ရန် တရုတ်ကွန်မြူနစ်လူငယ်အဖွဲ့ချုပ်ယူနန်ပြည်နယ်ကော်မတီက တိုက်တွန်းအားပေးခဲ့သည်။
မြန်မာနိုင်ငံသားကျောင်းသားကိုယ်စားလှယ်များက နယ်စပ်ဖြတ်ကျော်ဆွေးနွေးဖလှယ်ရေးလှုပ်ရှားမှုအတွင်း နွေးထွေးသောအတွေ့အကြုံများကို မျှဝေခဲ့သည်။ အထူးသုတေသနလေ့လာရေးလှုပ်ရှားမှုများတွင် တရုတ်-မြန်မာလူငယ်များသည် တယ်အောင်လူမျိုးကျေးရွာများသို့ သွားရောက်ကာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်လက်မှုပညာ၊ ရိုးရာအကများကို တွေ့ကြုံခံစားခဲ့ပြီး ဒေသခံအစားအစာများကို မြည်းစမ်းခဲ့ကြသည်။ ထို့အပြင် သူတို့သည် ဟုတ်ဂူကော်ဖီစက်မှုဇုန်တွင် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကို လေ့လာခဲ့ကြသည်။ တယ်ဟုန်အသက်မွေးဝမ်းကျောင်းတွင် သူတို့သည် တိုင်လူမျိုး၏စက္ကူညှပ်ခြင်း အနုပညာ၊ ယွန်းပညာစသည့်လက်မှုပညာများကို စမ်းသပ်လေ့လာခဲ့ကာ တအောင်းလူမျိုး၏လက်ဖက်ချဥ်ရည်ကို စမ်းသောက်ခဲ့ကာ ဆွေးနွေးဖလယ်မှုအတွင်း ယဉ်ကျေးမှုသဘောတူညီမှုအား နက်ရှိုင်းစွာ ခံယူခဲ့ကြသည်။
ဤလှုပ်ရှားမှုတွင် တရုတ်ယဉ်ကျေးမှု၏ဆွဲဆောင်မှုများကို နက်ရှိုင်းစွာ ခံစားရခဲ့သည်ဟု မြန်မာလူငယ် လီဟောင်မင်ကပြောကြားခဲ့သည်။ ဤဆွေးနွေးဖလှယ်ရေးလှုပ်ရှားမှုသည် မိမိ၏နိုင်ငံတကာအမြင်ကို ကျယ်ပြန့်စေရုံသာမက ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းရန် လူငယ်များ၏တာဝန်ကို ပိုမိုရှင်းလင်းစွာ သိမြင်စေသည်ဟု တရုတ်လူငယ် မာယာရှူးက ပြောကြားခဲ့သည်။
“国门青少年研学营”活动日前在云南举行,活动由云南省人民对外友好协会、共青团云南省委等单位指导,联合德宏、红河、西双版纳三地举办,为中、缅、越、老四国青少年搭建跨国交流平台。
启动仪式以德宏州芒市为主会场,多地线上联动。云南省人民对外友好协会专职副会长王宇鼓励青少年做友谊使者、文化传播者。共青团云南省委发布交流倡议,号召以文化为桥、携手共促友好。
活动中,缅籍学生代表分享跨境交流的暖心成长经历。在特色研学活动中,中缅青年走进德昂族村落,体验非遗技艺、传统舞蹈,品尝当地美食;他们还参访了后谷咖啡产业园区,了解产业发展;在德宏职业学院,他们尝试傣族剪纸、漆画等手工艺,品鉴德昂酸茶,在互动中深化文化认同。
缅方青年李浩明说,活动让其深切感受到中华文化的魅力;中方青年马雅舒认为,交流拓宽了国际视野,更明晰了青年传承“胞波情谊”的责任。(李芷妤 张发文 许叁定)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
- ကဗျာဆန်မှုနှင့် တွေ့ဆုံခြင်း၊ ယူနန်ရထားလမ်းမှ ပန်းရှုစားခြင်း အထူးရထား စတင်ပြေးဆွဲခဲ့
- ကူမင်း-ယွိရှီး ရထားလမ်းရှိ ကူယန်ဘူတာရုံကို ပြန်လည်ပြုပြင်ပြီးနောက် ပြန်ဖွင့်ခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်နိုင်ငံ ကျင်ဟုန်မြို့- လာအိုနိုင်ငံ ပန်ရှန်ကော် နိုင်ငံတကာ ခရီးသည်တင် ဘတ်စ်ကားလိုင်းကို တရားဝင် စတင်ပြေးဆွဲ
- André Haspels က နယ်သာလန်-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် ပန်းကဲ့သို့ ဝေဆာပွင့်လန်းနေကြောင်း ပြောကြားခဲ့
- ဖူအော်မြို့ရှိ နွေဦးကာလ ကနဦးလက်ဖက်ခြောက်ကို နိုင်ငံတကာဈေးတွင် ရောင်းကောင်း
- ၂၀၂၆ ခုနှစ် ပထမ ၂ လအတွင်း ယူနန်ပြည်နယ်ရှိ ဆိပ်ကမ်းများမှ ဒူးရင်းသီးတင်သွင်းမှုမှာ ၃၅၁.၆ ရာခိုင်နှုန်း တိုးပွားခဲ့
