၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
2026-03-27 10:23|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယူနန်ပြည်နယ်သည် ပြည်ပတံခါးဖွင့်လှစ်ခြင်း၏ မျက်မြင်သက်သေအဖြစ် ပထမဆုံးအကြိမ် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ၂၀၁၃ ခုနှစ်တွင် "ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း " အတူတည်ဆောက်ရေး အဆိုပြုချက်ကို ထုတ်ဖော်ခဲ့သည်နှင့်အတူ ကူမင်းမြို့၌ ကျင်းပခဲ့သည်။ ကိုးကြိမ်မြောက် ကျင်းပပြီးနောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသည် တရုတ်နှင့် တောင်အာရှနိုင်ငံများအတွက် ကမ္ဘာတစ်ဝှမ်းရှိ အခြားနိုင်ငံများနှင့် ဒေသများအကြား နိုင်ငံစုံသံတမန်ဆက်ဆံရေး၊ ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုယဉ်ကျေးမှုဖလှယ်ရေးကို တိုးချဲ့ရန် လက်တွေ့ကျသော ပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်။
၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် ၃၀ ကြိမ်မြောက် တရုတ် ကူမင်း သွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲတို့ကို ဇွန်လ ၁၁ ရက်နေ့တွင် ကူမင်းမြို့၌ ခမ်းနားစွာ ဖွင့်လှစ်မည်ဖြစ်သည်။ ယခုအကြိမ် ကုန်စည်ပြပွဲသည် "တောင်အာရှနိုင်ငံများ၏ မျှော်လင့်ချက်များ၊ တရုတ်နိုင်ငံ၏ လိုအပ်ချက်များနှင့် ယူနန်ပြည်နယ်၏ အားသာချက်များ" ကို အဓိကထား၍ ပြခန်းတည်ဆောက်ခြင်းမှ လှုပ်ရှားမှုစီစဉ်ခြင်းအထိ၊ ကုန်သွယ်ရေး ချိတ်ဆက်မှုမှ လူမှုယဉ်ကျေးမှုဖလှယ်ရေးအထိ ထူးခြားချက်အသစ်များစွာကို ဖန်တီးပေးမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအတွက် အဆင့်မြင့် တံခါးဖွင့်ပြပွဲတစ်ခုကို ပေးဆောင်မည်ဖြစ်သည်။
ပြပွဲဧရိယာသည် စတုရန်းမီတာပေါင်း ၁၃ သောင်း ရှိပြီး အထူးပြခန်းများမှာ စက်မှုလုပ်ငန်း၏ အခွင့်အလမ်းအသစ်များကို သယ်ဆောင်လာပေးမည်
ယခုအကြိမ် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် ပြပွဲဧရိယာ စတုရန်းမီတာပေါင်း ၁၃ သောင်းဖြင့် စီစဉ်မည် ဖြစ်ပြီး စက်မှုလုပ်ငန်းကဏ္ဍအားလုံးကို လွှမ်းခြုံရန် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအား အကောင်အထည်ဖော်ဆောင်ရွက်ရန် ဝန်ဆောင်မှုကုန်သွယ်ရေးပြခန်း၊ အစိမ်းရောင်စွမ်းအင်ပြခန်း၊ ထုတ်လုပ်ရေးပြခန်း၊ ပြည်တွင်းပူးပေါင်းဆောင်ရွက်မှုပြခန်း၊ ပြည်ပပြခန်း၊ အရှေ့တောင်အာရှပြခန်း၊ ဖွင့်ပွဲအခမ်းအနားနှင့် ခေါင်းစဉ်ဖြင့် အထူးဇုန်ပြခန်း၊ တောင်အာရှပြခန်း၊ ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးစောင့်ရှောက်မှုပြခန်း၊ ယဉ်ကျေးမှုခရီးသွားလာရေးနှင့် အားကစားပြခန်း၊ ခေတ်မီစိုက်ပျိုးရေးပြခန်းနှင့် ကော်ဖီစက်မှုလုပ်ငန်းပြခန်း အပါအဝင် ပြခန်း ၁၃ ခန်း ကို စီစဉ်မည် ဖြစ်ပြီး အထူးပြခန်းများစွာကိုလည်း ပြုလုပ်ပေးမည် ဖြစ်သည်။
တောင်အာရှနိုင်ငံများမှ ပြခန်းနေရာပေါင်း ၈၀၀ ခု နီးပါးရှိပြီး နိုင်ငံတကာအခင်းအကျင်းသည် ပူးပေါင်းဆောင်ရွက်မှု "မိတ်ဆွေအသိုင်းအဝိုင်း"ကို ချဲ့ထွင်ပေးမည်
ယခုအကြိမ် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသည် နိုင်ငံတကာအဆင့်ကို ဆက်လက်မြှင့်တင်လျက်ရှိပြီး တံခါးဖွင့်ပြီး ပူးပေါင်းဆောင်ရွက်သော ပလက်ဖောင်းကို စိတ်ရင်းမှန်ဖြင့် ဖန်တီးမည်ဖြစ်သည်။
၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသည် တောင်အာရှနိုင်ငံများအတွက် ပြခန်းနေရာပေါင်း ၈၀၀ခု နီးပါးကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ၎င်းတို့အနက် အဓိကကိုယ်စားပြုနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၃၆၀ စတုရန်းမီတာကျယ်သော အမျိုးသားပုံရိပ်သီသန့်ပြခန်းဇုန် ရှိမည်ဖြစ်ပြီး အခြားတောင်အာရှနိုင်ငံများသည် ၃၆ စတုရန်းမီတာ ကျယ်သော ပြခန်းဧရိယာတစ်ခုစီ ရှိမည်ဖြစ်ပြီး ၎င်းတို့၏ အမျိုးသားပုံရိပ်များ၊ အထူးထုတ်ကုန်များနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ပြည့်စုံစွာပြသမည်ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် ပြပွဲ၏ နိုင်ငံတကာအသွင်ပြောင်းမှုကို အလေးပေးပြသရန်အတွက် တရုတ်နိုင်ငံရှိ ပြည်ပသံရုံးများနှင့် ကောင်စစ်ဝန်ရုံးများအား ၎င်းတို့၏ နိုင်ငံ၏ထူးခြားသော လုပ်ငန်းကုမ္ပဏီများကို စုစည်းပါဝင်ရန် ဖိတ်ကြားမည်ဖြစ်သည်။
ကွင်းဆက်တစ်ခုလုံး ဝန်ဆောင်မှုများ၏ ပံ့ပိုးမှုဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုသည် "နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးဖြစ်ထွန်းရေး"ကို ရရှိစေမည်
တစ်ချိန်တည်းတွင်ပင် တောင်အာရှကုန်စည် (လက်ဖက်ခြောက်) ပွဲတော်၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အများပြည်သူဝယ်ယူရေးဆိုင်ရာ တောင်အာရှဈေးကွက်ဝယ်လိုအားခွဲခြမ်းစိတ်ဖြာမှုနှင့် စီမံကိန်းချိတ်ဆက်မှု၊ တရုတ်နှင့် တောင်အာရှနိုင်ငံများအကြား အစိုးရ-စက်မှုလုပ်ငန်း-ပညာရေး-သုတေသန ချိတ်ဆက်မှု စသည့် အဓိက အထောက်အကူပြု လှုပ်ရှားမှုများကို ကျင်းပတော့မည် ဖြစ်၍ နိုင်ငံအသီးသီးမှ လုပ်ငန်းကုမ္ပဏီများအတွက် မူဝါဒချိတ်ဆက်မှုမှ စီမံကိန်းအကောင်အထည်ဖော်မှုအထိ လုပ်ငန်းစဉ်တစ်ခုလုံးတွင် ပူးပေါင်းဆောင်ရွက်မှုတံတားကို တည်ဆောက်ပေးမည်ဖြစ်ပြီး ကုန်သွယ်ရေးကို ပိုမိုအဆင်ပြေစေပြီး ရင်းနှီးမြှုပ်နှံမှုကို ပိုမိုထိရောက်စေမည်ဖြစ်သည်။
ယခုအကြိမ် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသည် "ကုန်သွယ်မှုကင်းစင်သော ပလက်ဖောင်း"ကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ပြီး နိုင်ငံတကာဈေးကွက် ရှာဖွေတိုးချဲ့ရေးနှင့် မူဝါဒ အဓိပ္ပာယ်ဖွင့်ဆိုချက် စသည့် ကွင်းဆက်တစ်ခုလုံး အတိုင်ပင်ခံဝန်ဆောင်မှုများကို ပံ့ပိုးပေးမည် ဖြစ်သည်၊ တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ၏ ဒစ်ဂျစ်တယ်ပလက်ဖောင်းကို ကောင်းမွန်စေမည်ဖြစ်ပြီး ပြပွဲပြသသူများ၏ ဝန်ဆောင်မှုများနှင့် ကုန်သွယ်မှု တွဲစပ်ခြင်း စသည့် လုပ်ဆောင်ချက်များကို အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး "ပြသပစ္စည်းများကို ကုန်စည်များအဖြစ်သို့ ပြောင်းလဲခြင်း၊ ဝယ်ယူသူများကို ရင်းနှီးမြှုပ်နှံသူများအဖြစ်သို့ ပြောင်းလဲခြင်း" ရန် တွန်းအားပေးမည်ဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့တွင် Fortune Global 500 စာရင်းဝင်ကုမ္ပဏီနှင့် China 500 စာရင်းဝင်ကုမ္ပဏီ စသည်တို့ကို ပြပွဲပါဝင်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ပြီး ၅ ကြိမ်မြောက် RCEP (ယူနန်) နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်၊ လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စက်မှုလုပ်ငန်း ချိတ်ဆက်မှုညီလာခံ စသည့် အဓိကလှုပ်ရှားမှုများကို စီစဉ်ကျင်းပသွားမည်ဖြစ်ပြီး ပိုများသော ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို လက်တွေ့ဖော်ဆောင်မှုအမြစ်တွယ်လာမည် ဖြစ်သည်။
အမျိုးစားစုံလင်သော လူမှုယဉ်ကျေးမှု လှုပ်ရှားမှုများကို ကျင်းပခြင်းအားဖြင့် ပြည်သူချင်း စိတ်ချင်းနီးစပ်မှုကို ပူးပေါင်းဆောင်ရွက်မှု၏ အခြေခံအုတ်မြစ် ဖြစ်လာစေမည်
ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအပြင် ယခုအကြိမ် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသည် ဘက်စုံနှင့် အဆင့်များစွာပါဝင်သော လူမှုယဉ်ကျေးမှုဖလှယ်ရေး ပလက်ဖောင်းကို အလေးပေး၍ ဖန်တီးမည် ဖြစ်ပြီး ယဉ်ကျေးမှုပေါင်းစပ်မှုကို ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၏ ခိုင်မာသောနှောင်ကြိုး ဖြစ်လာစေမည် ဖြစ်သည်။ တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ (တာ့လီ) နိုင်ငံတကာရုပ်ရှင်ပွဲတော်နှင့် "တောင်နှင့်ပင်လယ်လူငယ်များ" ယဉ်ကျေးမှုဆွေးနွေးပွဲကို ပထမဆုံး ကျင်းပမည်ဖြစ်ပြီး လန်ချန်-မဲခေါင် အသံရုပ်သံ "ထူးချွန်သောကုန်သည်များ" တိုက်ရိုက်ထုတ်လွှင့်မှုပွဲတော်နှင့် ပိုးလမ်းမ ဝတ်စုံ- ကုန်စည်ပြပွဲဖက်ရှင်ရက်သတ္တပတ် စသည့် လှုပ်ရှားမှုများကို ကျင်းပမည်ဖြစ်သည်။ ထို့အပြင် အထူးကောင်းမွန်သော နယ်စပ်ဖြတ်ကျော်ခရီးသွားလမ်းကြောင်းများ၊ နိုင်ငံတကာ ကျန်းမာရေးစောင့်ရှောက်မှု အတွေ့အကြုံလှုပ်ရှားမှုများနှင့် "နိုင်ငံများအကြား နယ်စပ်ရှိသော်လည်း အချစ်က အကန့်အသတ်မရှိ" နိုင်ငံခြားအကူအညီအောင်မြင်မှုပြပွဲ အပါအဝင် ထူးခြားချက်ရှိသော လှုပ်ရှားမှုများစွာကိုလည်း ကျင်းပမည်ဖြစ်သည်။
ဇွန်လတွင် ကူမင်းမြို့၌ ပန်းများသည် ဝေဝေဆာဆာ ပွင့်ဖူးနေကြပြီး စီးပွားရေးအခွင့်အလမ်း အများအပြားရှိသည်။ ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ကျင်းပမည်။ ကမ္ဘာလုံးဆိုင်ရာ အရည်အသွေးမြင့် စက်မှုလုပ်ငန်းအရင်းအမြစ်များကို တွေ့ကြုံရန် တိကျမှန်ကန်သော ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်များကို ရှာဖွေရန်နှင့် စုံလင်သော ယဉ်ကျေးမှုများ ရောနှောမှုကို ခံစားရန် ဤနေရာသို့ လာရောက်ပါ။
ကမ္ဘာတစ်ဝှမ်းရှိ မိတ်ဆွေများ ဧည့်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ရောင်စုံယူနန်ပြည်နယ်တွင် စုဝေးပြီး တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ပါဝင်ရန် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းအသစ်များကို မျှဝေရန် စိတ်ရင်းမှန်ဖြင့် ဖိတ်ခေါ်အပ်ပါသည်။
作为云南对外开放的见证者,首届南博会于2013年共建“一带一路”倡议提出时,同步落地昆明。历经9届沉淀,南博会已成为中国与南亚国家拓展同世界其他国家和地区间多双边外交、经贸合作、人文交流的务实平台。
第10届中国—南亚博览会暨第30届中国昆明进出口商品交易会将于6月11日在昆明盛大启幕。本届南博会聚焦“南亚所盼、国家所需、云南所长”,从展馆设置到活动策划,从贸易对接至人文交流,打造诸多全新亮点,为全球客商奉上一场高水平的开放盛宴。
13万平方米展览展示 特色展馆解锁产业新机遇
本届南博会规划展览展示面积13万平方米,设置服务贸易馆、绿色能源馆、制造业馆、国内合作馆、境外馆、东南亚馆、开幕式及主题专区馆、南亚馆、医疗康养馆、文化旅游体育馆、现代农业馆、咖啡产业馆13个展馆,打造多个特色专业展馆,实现产业全覆盖、合作无死角。
近800个南亚展位 国际化布局扩容合作“朋友圈”
本届南博会持续提升国际化水平,拿出十足诚意打造开放合作平台。
第10届南博会将继续为南亚国家提供近800个展位。其中,孟加拉国作为主题国,将拥有360平方米专属国家主题形象展示区,其他南亚国家各有36平方米展示区,全方位展示南亚各国国家形象、特色商品与人文风情。同时为突出展会的国际化,将邀请各驻华使领馆组织本国特色企业参展。
全链条服务加持 贸易投资实现“双向共赢”
同期还将举办南亚商品(茶叶)节、联合国及国际公共采购南亚市场需求解析与项目对接、中国与南亚国家官产学研对接等重点配套活动,为各国企业搭建从政策对接至项目落地的全流程合作桥梁,让贸易更便捷、投资更高效。
本届南博会将继续搭建“贸易无忧平台”,提供国际市场开拓、政策解读等全链条咨询服务;优化南博会数字化平台,升级参展服务、贸易配对等功能,推动“展品变商品、采购商变投资商”。
投资合作方面,邀请世界500强、中国500强等企业参展,策划第五届RCEP(云南)国际贸易投资合作论坛、自贸试验区高质量发展暨产业对接会等重点活动,让更多合作项目落地生根。
多元人文活动 让民心相通成为合作基石
除经贸合作之外,本届南博会着力打造全方位、多层次的人文交流平台,让文化交融成为区域合作的坚实纽带。首次举办南博(大理)国际影会和“山海青年”文明对话活动;开展澜湄视听“优商”直播嘉年华、丝路云裳·南博时装周等活动。同时,跨境旅游精品线路、国际康养体验活动、“国有界,爱无疆”援外成果展等特色活动将轮番上演。
六月的昆明,繁花似锦,商机无限。第10届中国—南亚博览会已吹响开放号角,来这里,邂逅全球优质产业资源,找寻精准合作伙伴,感受多元文化交融。
我们诚挚邀请四海宾朋、五洲客商相聚“彩云之南”,共赴南博之约,共享发展新机遇!
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
- ကဗျာဆန်မှုနှင့် တွေ့ဆုံခြင်း၊ ယူနန်ရထားလမ်းမှ ပန်းရှုစားခြင်း အထူးရထား စတင်ပြေးဆွဲခဲ့
- ကူမင်း-ယွိရှီး ရထားလမ်းရှိ ကူယန်ဘူတာရုံကို ပြန်လည်ပြုပြင်ပြီးနောက် ပြန်ဖွင့်ခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ဖူအော်မြို့ရှိ နွေဦးကာလ ကနဦးလက်ဖက်ခြောက်ကို နိုင်ငံတကာဈေးတွင် ရောင်းကောင်း
- ၂၀၂၆ ခုနှစ် ပထမ ၂ လအတွင်း ယူနန်ပြည်နယ်ရှိ ဆိပ်ကမ်းများမှ ဒူးရင်းသီးတင်သွင်းမှုမှာ ၃၅၁.၆ ရာခိုင်နှုန်း တိုးပွားခဲ့
- ယူနန်ပြည်နယ် ရွှေလီနယ်စပ်ဂိတ် ယခုနှစ် ပြည်ဝင်ပြည်ထွက် ခရီးသွားပမာဏ အကြိမ်ရေ ၁ သန်းကျော်ရှိလာ
- တရုတ်-လာအို ရထားလမ်း၏ နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု တန်ချိန် ၁၈ သန်းကျော် ရှိလာ






