ငါးမျိုးစိတ် (၇၁) မျိုးအထိ တိုးပွားလာ၍ ကျင်းရှားမြစ် (ရွှေဖုမြို့အပိုင်း)ထဲတွင် ရေကြည်ငါးပျော်သည့်မြင်ကွင်း တွေ့မြင်နိုင်
2025-12-31 09:13|
(ရောင်စုံတိမ်တံတား၊ မရီရီ) ယန်ဇီမြစ်ပေါ်တွင် ဆယ်နှစ်ကြာ ငါးဖမ်းခွင့် တားမြစ်မှုမူဝါဒကို ၅ နှစ်ကျော် အကောင်အထည်ဖော်ခဲ့ပြီး ကျင်းရှားမြစ် (ရွှေဖုမြို့အပိုင်း) ၏ ဂေဟစနစ်ကာကွယ်ထိန်းသိမ်းရေးနှင့်ထူထောင်ရေးသည် သိသာထင်ရှားသောရလဒ်ကောင်းများကို ရရှိသည်။၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ ရွှေဖုမြို့ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဦးစီးဌာနအောက် ငါးလုပ်ငန်းစီမံခန့်ခွဲရေးဌာနခွဲ၏စောင့်ကြည့်တိုင်းတာမှုအချက်အလက်များအရ ငါးမျိုးစိတ်သည် ၂၀၂၃ ခုနှစ် (၄၆) မျိုးမှ (၇၁) မျိုးအထိ တည်ငြိမ်စွာ တိုးပွားလာပြီဖြစ်ပြီး မြစ်ဝှမ်း၏ ငါးလုပ်ငန်းဂေဟပတ်ဝန်းကျင်သည် အဆက်မပြတ် တိုးတက်ကောင်းမွန်လာသည်။ ကြည်လင်းသောကျင်းရှားမြစ်ဝှမ်းတွင် ငါးများ ပျော်နေကာ လူသားနှင့် သဘာဝအကြား သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်သောသာယာလှပသည့်မြင်ကွင်းကို တွေ့နိုင်သည်ဖြစ်သည်။
အခုဆိုရင် ငါးဖမ်းခွင့်တားမြစ်မှုကာလအတွင်း ငါးဖမ်းသမားတွေကို မတွေ့ရတော့ဘူး။ တားမြစ်မှုအပြီးမှာ လူတိုင်းက လူတစ်ယောက်၊ ငါးမျှားတံတစ်ချောင်း၊ ငါးမျှားကြိုးတစ်ကြိုး၊ ငါးမျှားချိတ်တစ်ခုဆိုတဲ့စည်းမျဉ်းစည်းကမ်းကို လိုက်နာကြပြီး မြစ်ရေကလည်း ပိုမိုကြည်လင်လာပြီး ငါးတွေလည်း ပိုများလာပြီဟု ရွှေဖုမြို့ ရှောက်နှူဖျိန်ဆိပ်ခံတံတား၏လှေပေါ်မှာ လှေဆိုင်ရာအတွေ့အကြုံ (၂၄ ) နှစ်ရှိသူ ကျုပ်ကျိုးဖျိန် ပြောခဲ့သည်။ ယနေ့ခေတ်တွင် ကျင်းရှားမြစ်ထဲရှိငါးအုပ်များ ကူးနေသည့်မြင်ကွင်းကို ကြည့်ရှုရန် လူများသည် ရွှေဖုမြို့ချွင်းဟွေးကွင်းပြင်အနားရှိလင်ကျင်းလမ်းတစ်လျှောက်တွင် ရပ်တန့်နေသည်ကို မကြာခဏတွေ့မြင်နိုင်သည်။ ငါးဖမ်းခွင့်တားမြစ်မှုမူဝါဒကြောင့် ကျွန်ုပ်တို့သည် ငါးများစွာကို မြင်တွေ့နိုင်သည်ဟု မြို့သူမြို့သားများ ပြောခဲ့သည်။
ရှောက်နျူဖျိန်ဆိပ်ခံတံတား"ဆယ်နှစ်ကြာ ငါးဖမ်းခွင့်တားမြစ်မှု" ဥပဒေဆိုင်ရာ အသိပညာပေးသောစင်္ကြံ၌ ဆယ်နှစ်ကြာ ငါးဖမ်းခွင့်တားမြစ်မှုမူဝါဒသည် နိုင်ငံတော်နှင့်ပြည်သူများအတွက် အကျိုးပြုသည်" ဟူသောတရုတ်စာလုံးကြီး ရှစ်လုံးသည် ထင်ရှားလျက်ရှိပြီး မီတာ (၄၆) ရှည်လျားသည့် ငါးလုပ်ငန်းကြီးကြပ်ရေးစက်လှေကြီးတစ်စင်းသည် မြစ်ကမ်းနံဘေးတွင် ရပ်တည်ကာ ရေလှောင်ကန်ဧရိယာ၏အထင်ကရမြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။ ငါးဖမ်းခွင့်တားမြစ်မှုကို ခိုင်မာစေရန်အတွက် ရွှေဖုမြို့သည် ကော်ငြာဆိုင်းဘုတ်များ၊ နံရံကပ်ကြော်ငြာများ၊ WeChat ရုပ်ပြပုံများနှင့် Tik Tok ဗီဒီယိုတိုများစသည့်ကြော်ငြာဖြန့်ချိဗျူဟာနှင့် လက်တွေ့ဟောပြောပွဲများ၊ မြစ်တစ်လျှောက် ဒရုန်းလေယာဉ်ဖြင့် ငါးဖမ်းကြောင်းစောင့်ကြည့်ခြင်းနှင့် သတိရန် အသံထုတ်လွှင့်ခြင်း၊ တားမြစ်ထားသောငါးဖမ်းကိရိယာများကို စုစုပေါင်းဖျက်ဆီးခြင်းစသည့် လုပ်ဆောင်ချက်များအား ပေါင်းစပ်၍ ငါးဖမ်းခွင့်တားမြစ်မှုမူဝါဒကို လူထုစိတ်နှလုံးတွင် ပို၍ နက်ရှိုင်းစေရန် ဆောင်ရွက်လျက်ရှိသည်။
ကင်းလှည့်နှင့် ကြီးကြပ်ရေးအင်အားများ ပူးပေါင်းဆောင်ရွက်ခြင်းသည် ငါးဖမ်းခွင့်တားမြစ်မှုအတွက် ခိုင်မာအားကောင်းသည့် အာမခံချက်ပံ့ပိုးပေးလိုက်သည်။ ၂၀၂၁ ခုနှစ် မေလတွင် (၃၂) ဦး ငါးများကာကွယ်သူသည် ကင်းလှည့်စောင့်ကြည့်အဖွဲ့ ဖွဲ့စည်း၍ (၁၁၄) ကီလိုမီတာကျယ်သော ငါးဖမ်းခွင့်တားမြစ်သောမြစ်ဝှမ်းတစ်ဝိုက်၌ ကာကွယ်ပေးခဲ့သည်။ အငြိမ်းစားယူထားသောအလုပ်သမား (၉၅) ဦးသက်ကြီးရွယ်အိုသူ ကျင်းရှားမြစ်ငါးကာကွယ်ရေးအဖွဲ့ကို ကိုယတိုင်ဖွဲ့စည်းခဲ့ကြ၍ အဖွဲ့ရှစ်ဖွဲ့ခွဲ၍ ပုံမှန်ကင်းလှည့်ဆောင်ရွက်ကာ ငါးဖမ်းခွင့်တားမြစ်မှုမူဝါဒများကို ဖြန့်ဖြူးရန် ဝါးခြမ်းပြားလေးဖြင့် ပုံပြောတေးဆိုခြင်းနှင့် အချက်အလက်ဖြန့်ဝေခြင်းသကဲ့သို့သောနည်းလမ်းများကို ဆောင်ရွက်ကြသည်။ လူထုအင်အားများကို ပူးပေါင်းပါဝင်ကာကွယ်စေရန်အတွက် တရားမဝင်ငါးဖမ်းမှုများအား သတင်းပို့တိုင်ကြားလျှင် ဆုငွေချီးမြှင့်သောစည်းမျဥ်များကို ဒေသသက်ဆိုင်ရာဌာနသည် ချမှတ်ထားပြီး ယခုထိ သတင်းပေးသူများအား ဆုငွေ ၁၂,၀၀၀ ယွမ် ချီးမြှင့်ခဲ့ပြီ ယခုအခါ လှည့်လည်စောင့်ကြည့်အဖွဲ့များသည် အပတ်စဉ်စစ်ဆေးခြင်းမှ လိုအပ်ချက်အလိုက် စောင့်ကြည့်ခြင်းသို့ ပြောင်းလဲခဲ့ပြီဖြစ်သည်။
ရွှေဖုမြို့သည် ငါးသယံဇာတအရင်းအမြစ်များ တိုးချဲ့နိုင်ရန် ဆက်လက်မြှင့်တင်လျက်ရှိသည်။ ၂၀၂၁ ခုနှစ်မှစ၍ ဒေသခံသည် လေးနှစ်အတွင်း စုစုပေါင်းဧရိယာ ၁၃၀၀၀ စတုရန်းမီတာကျယ်သော လူလုပ်ငါးသိုက်များကို တည်ဆောက်ခဲ့ပြီး ဥပေါင်း သန်း ၃၂၀ ကျော် ဥခဲ့သည်။ ရှားပါးသော ငါးငယ်ကလေးများ ၃၀၈၅၀၀ အပါအဝင် ငါးငယ်ကလေးများ ၁.၃၆၅၅ သန်းကို ကျင်းရှားမြစ်ဝှမ်းထဲသို့ လွှတ်ပေးခဲ့ပြီး မြစ်ဝှမ်း၏ ဂေဟစနစ်ပြန်လည်ထူထောင်ရေးအတွက် ရှင်သန်စွမ်းအားအသစ်များ ဖြည့်တင်းပေးလိုက်သည်။
ငါးဖမ်းခွင့်တားမြစ်မှုနှင့် ငါးများ ကာကွယ်စောင့်ရှောက်ခြင်းနှင့်ပတ်သက်၍ ပြည်သူလူထု အတွေးများနှင့် အပြုအမူများကို ပြောင်းလဲလာပြီး ဂျင်ရှာမြစ်ရှိ ငါးမျိုးစိတ်အရေအတွက်လည်း သိသိသာသာ တိုးပွားလာခဲ့သည်။ မြစ်ရေပူနွေးလာသောအခါ မြစ်ကမ်းတစ်လျှောက်တွင် ငါးများ ကူးသည့်မြင်ကွင်းနှင့် ဟိန်ကျန်းအပိုင်းတွင် ကီလိုဂရမ်များစွာရှိသော ငါးကြီးများသည် ရေထဲမှ ရံဖန်ရံခါ ခုန်ထွက်လာသည့်မြင်ကွင်းများ တွေ့နိုင်သည်။ နောက်တစ်ဆင့်မှာ ဆယ်နှစ်ကြာ ငါးဖမ်းခွင့်တားမြစ်မှုမှုအလုပ်ကို ခိုင်မာစွာ ကြိုးစားဆောင်ရွက်၍ ကျင်းရှားမြစ်၏ ဂေဟစနစ်ကို ကာကွယ်ပြီး စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုတွန်းအားပေးကြောင်း ရွှေဖုမြို့ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဦးစီးဌာန၏တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
长江十年禁渔政策实施已过半,金沙江(水富段)生态保护修复成效明显。截至2025年9月,水富市农业农村局渔政部门监测记录到的鱼类种类已达71种,较2023年的46种实现稳步增长,流域渔业生态持续向好。“水清鱼欢、人与自然和谐共生”的实景图在金沙江畔生动铺展。
“现在禁渔期见不到钓鱼人,禁渔期后大家也都遵守‘一人一竿一线一钩’规定,水更清鱼更多了。”在水富市邵女坪码头的渡船上,有着24年跑船经验的周玖平感慨道。如今在水富春晖广场外的临江路,时常能看到群众驻足围观金沙江里成群游弋的鱼儿,“多亏禁渔政策,才能亲眼见到这么多鱼”成为市民的共同心声。
在邵女坪码头“十年禁渔”普法宣传长廊,“十年禁渔、利国利民”八个大字格外醒目,46米渔政执法趸船停靠江边成为库区亮眼风景。为筑牢禁渔防线,水富市构建了全方位宣传矩阵,通过户外广告牌、墙体标语、微信微漫画、抖音小视频等形式宣传,结合线下宣讲、无人机巡河喊话、集中销毁禁渔渔具等活动,让禁渔政策深入人心。
巡护与监督力量的协同发力,为禁渔工作提供坚实保障。2021年5月,由32名护渔员组成的协助巡护队成立,守护着境内114千米禁捕水域。95名退休职工自发组建“金江银发护渔小分队”,分8组开展常态化巡护,通过快板书演说、发放宣传资料等方式普及政策。当地还制定非法捕捞有奖举报办法,已兑现举报奖励1.2万元,引导社会力量参与群防群治,如今小分队巡护已从每周巡查转为按需巡护。
水富市持续推进渔业资源增殖工作。2021年以来,当地连续4年搭建人工鱼巢,总面积达1.3万平方米,产卵量超3.2亿粒;累计在金沙江流域投放鱼苗136.55万尾,其中珍稀鱼类30.85万尾,为流域生态修复注入活力。
“群众禁渔护鱼的思想和行为自觉已经养成,金沙江鱼类种群数量显著增多。”水富市农业农村局负责人介绍,江水回暖时,江边常能看到成群鱼儿巡游,横江段还不时有几十斤重的大鱼跃出水面。下一步,将扎实推动十年禁渔工作走深走实,守护金沙江生态,助推绿色发展。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
- ကဗျာဆန်မှုနှင့် တွေ့ဆုံခြင်း၊ ယူနန်ရထားလမ်းမှ ပန်းရှုစားခြင်း အထူးရထား စတင်ပြေးဆွဲခဲ့
- ကူမင်း-ယွိရှီး ရထားလမ်းရှိ ကူယန်ဘူတာရုံကို ပြန်လည်ပြုပြင်ပြီးနောက် ပြန်ဖွင့်ခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်နိုင်ငံ ကျင်ဟုန်မြို့- လာအိုနိုင်ငံ ပန်ရှန်ကော် နိုင်ငံတကာ ခရီးသည်တင် ဘတ်စ်ကားလိုင်းကို တရားဝင် စတင်ပြေးဆွဲ
- André Haspels က နယ်သာလန်-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် ပန်းကဲ့သို့ ဝေဆာပွင့်လန်းနေကြောင်း ပြောကြားခဲ့
- ဖူအော်မြို့ရှိ နွေဦးကာလ ကနဦးလက်ဖက်ခြောက်ကို နိုင်ငံတကာဈေးတွင် ရောင်းကောင်း
- ၂၀၂၆ ခုနှစ် ပထမ ၂ လအတွင်း ယူနန်ပြည်နယ်ရှိ ဆိပ်ကမ်းများမှ ဒူးရင်းသီးတင်သွင်းမှုမှာ ၃၅၁.၆ ရာခိုင်နှုန်း တိုးပွားခဲ့
