ကူမင်းမြို့ရှိ တျန့်ဝေရွာတွင် ရောင်စုံသော မက်တာစီကွိင်ယာပင်များဖြင့် ရေအရင်းအမြစ်များကို ကာကွယ်ပေး
2025-12-31 09:09|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ဆောင်းရာသီ၏ နံနက်ခင်းတွင် ကူမင်းမြို့ ဖန်လုံရပ်ကွက် တျန်းယွမ်လမ်း တျန့်ဝေရွာရှိ စိုစွတ်မြေမှ မက်တာစီကွိင်ယာပင်တောသည် ပြောက်ကျီးပြောက်ကျား ရောင်စုံပြီး တောင်တစ်ခုလုံးရှိ ရောင်စုံသစ်တောများနှင့် မြူခိုးမြူနှင်းများ အပြန်အလှန် ရောနှောကာ ရှုခင်းများမှာ ပန်းချီကဲ့သို့ သာယာလှပသည်။
တျန့်ဝေရွာသည် တျန်းချီရေကန်၏ မြစ်ညာ၊ ကူမင်းရှိ ဆုံဟွာဘ ရေအရင်းအမြစ် ကာကွယ်ရေးနယ်မြေထဲတွင် တည်ရှိသည်။ မကြာသေးမီ နှစ်များအတွင်း ဒေသခံသည် ဤဒေသတွင် ဂေဟစနစ် ကောင်းမွန်ကျနလာအောင် ပြန်လည်ပြုပြင်ပေးခြင်းကို အဆက်မပြတ် လုပ်ဆောင်ခဲ့ပြီး မက်တာစီကွိင်ယာပင် စသည့် ရုက္ခပင်များကို စိုက်ပျိုးခြင်းအားဖြင့် သစ်တောနှင့် မြက်ခင်းပြင် ဇီဝဗေဒဆိုင်ရာ ကြားခံဇုန်များကို တည်ဆောက်ခဲ့ပြီး စိုစွတ်မြေ၏ ရေအရည်အသွေး သန့်စင်စေခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်း စသည့် လုပ်ဆောင်ချက်များကို ထုတ်ဖော်ခဲ့ကာ ရေအရင်းအမြစ်ဒေသ၏ ဂေဟပတ်ဝန်းကျင်ကို ထိရောက်စွာ ကာကွယ်ပေးခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
















