ယူနန်ပြည်နယ်ရှိ အမြန်လမ်းမကြီး ၄ လိုင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖွင့်လှစ်မည်

2025-12-30 15:25|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်)  ရွှန်းဝေး-ဖုယွန် အမြန်လမ်းမကြီး၊ ချူရှုန်မြို့ အရှေ့တောင် မြို့ပတ်အမြန်လမ်းမကြီး၊ ရွှေလီ-နုံ့တောင် အမြန်လမ်းမကြီးနှင့် တာ့လီ-ပေါင်ဆန်း အမြန်လမ်းမကြီး၏ လောင်ယင်-ပန်ချောင် လမ်းထောက် ပြောင်းလဲခြင်း စီမံကိန်းတို့ကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သတင်းထောက်က ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ယူနန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဌာနမှ သတင်းရရှိခဲ့ပါသည်။

ရွှန်းဝေး-ဖုယွန် အမြန်လမ်းမကြီးရှိ ပန်ချောင်၊ ယုံအန်၊ ယန်ဖုန်းနှင့် ဘောလက်တို့ အပါအဝင် အခကြေးငွေကောက်ခံရေးဂိတ် ၄ ခုကို တစ်ပြိုင်နက် ဖွင့်လှစ်မည် ဖြစ်သည်။ ရွှန်းဝေး-ဖုယွန် အမြန်လမ်းမကြီးသည် ချွီကျင့်မြို့ ရွှန်းဝေးခရိုင် လော့ဆွေမြို့နယ်ရှိ ထောင်စုအောက်ဇီကျေးရွာမှ စတင်ပြီး ဖုယွန်ခရိုင် စိန့်ကျင့်လမ်းရှိ ယန်အက်ချုံးကျေးရွာသို့အထိ ရောက်ရှိကာ လမ်းကြောင်းတစ်လျှောက်လုံး၏ အခကြေးငွေ ကောက်ခံရသည့် အရှည်မှာ ၅၇.၅၆၈ ကီလိုမီတာ ရှိပြီး ၎င်းကို နှစ်ဖက်သွား လေးလမ်းပြေးစံချိန်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကာ တစ်နာရီလျှင် ၈၀ ကီလိုမီတာမြန်နှုန်း ဒီဇိုင်းရေးဆွဲထားသည် ဖြစ်ပါသည်။

ချူရှုန်မြို့ အရှေ့တောင် မြို့ပတ်အမြန်လမ်းမကြီးရှိ ချူရှုန်တောင်ဘက် အခကြေးငွေကောက်ခံရေးဂိတ်၊ ကျွင်းထွင် အခကြေးငွေကောက်ခံရေးဂိတ်နှင့် ဇီဝူ အခကြေးငွေကောက်ခံရေးဂိတ်တို့ကို တစ်ပြိုင်နက် ဖွင့်လှစ်မည် ဖြစ်သည်။ ချူရှုန်မြို့ အရှေ့တောင် မြို့ပတ်အမြန်လမ်းမကြီးသည် ချူရှုန်မြို့ ဆန်းလင်မြို့နယ် ယူတျန့်ကျေးရွာရှိ ယူတျန့်စက်မှုလပ်ငန်းဇုန်၏ အရှေ့တောင်ဘက်မှ စတင်ပြီး ဇီဝူမြို့နယ်ရှိ ယီခုတ်ကျေးရွာ၏ မြောက်ဘက်သို့အထိ ရောက်ရှိပါသည်။ စီမံကိန်း၏ အဓိကလမ်းကြောင်းသည် စုစုပေါင်း ၂၈.၃၄၈ ကီလိုမီတာ ရှည်လျားပြီး ၎င်းကို နှစ်ဖက်သွား လေးလမ်းပြေးစံချိန်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကာ တစ်နာရီလျှင် ၈၀ ကီလိုမီတာမြန်နှုန်း ဒီဇိုင်းရေးဆွဲထားသည် ဖြစ်ပါသည်။

ရွှေလီ-နုံ့တောင် အမြန်လမ်းမကြီးရှိ ရွှေလီအနောက်ဘက်၊ ဟုယူနှင့် နုံ့တောင်တို့ အပါအဝင် အခကြေးငွေကောက်ခံရေးဂိတ် ၃ ခုကို တစ်ပြိုင်နက် ဖွင့်လှစ်မည် ဖြစ်ကာ G56 ဟန်ရွှေ(ဟန်ကျိုး-ရွှေလီ) အမြန်လမ်းမကြီးနှင့်အတူ အွန်လိုင်း အခကြေးငွေကောက်ခံမှုကို အကောင်အထည်ဖော်မည် ဖြစ်ပါသည်။ ရွှေလီ-နုံ့တောင် အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်းသည် စုစုပေါင်း ၃၀.၃၈၃ ကီလိုမီတာ ရှည်လျားပြီး အသစ်တည်ဆောက်ထားသော အပိုင်း ၉.၈ ကီလိုမီတာ နှင့် အဆင့်မြှင့်တင် ချဲ့ထွင်ထားသည့် မူရင်း ဒုတိယအဆင့် လမ်းမကြီး ၂၀.၅၈၃ ကီလိုမီတာ ပါဝင်ပါသည်။ လမ်းကြောင်းတစ်လျှောက်လုံးကို နှစ်ဖက်သွား လေးလမ်းပြေးစံချိန်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကာ တစ်နာရီလျှင် ၈၀ ကီလိုမီတာမြန်နှုန်း ဒီဇိုင်းရေးဆွဲထားသည် ဖြစ်ပါသည်။

တာ့လီ-ပေါင်ဆန်း အမြန်လမ်းမကြီး၏ လောင်ယင်-ပန်ချောင် လမ်းထောက် ပြောင်းလဲခြင်း စီမံကိန်း၏ ဖွင့်လှစ်တော့မည့် လမ်းထောက်သည် လုံယင် ဖလိုင်းအိုဖါမှ စတင်ပြီး ချင်းပိုင် ဖလိုင်းအိုဖါသို့အထိ ဖြစ်ကာ ချင်းပိုင်ကျုံး အခကြေးငွေကောက်ခံရေးဂိတ်ကို တစ်ပြိုင်နက် ဖွင့်လှစ်မည် ဖြစ်သည်၊ ဤစီမံကိန်းသည် G56 ဟန်ရွှေ(ဟန်ကျိုး-ရွှေလီ) အမြန်လမ်းမကြီး၊ S80 ပေါင်းဆန်းမြို့ အရှေ့တောင် မြို့ပတ်အမြန်လမ်းမကြီးတို့နှင့်အတူ အွန်လိုင်း အခကြေးငွေကောက်ခံမှုကို အကောင်အထည်ဖော်မည် ဖြစ်သည်။

昆明信息港讯(昆明日报 记者王绍芬)12月26日,记者从云南省交通运输厅获悉,宣威至富源高速公路、楚雄市东南绕城高速公路、瑞丽至弄岛高速公路、大保高速公路老营至板桥段改线工程将于12月31日通车。

宣威至富源高速公路同步开通板桥、永安、炎方、播乐4个收费站。宣富高速公路起于曲靖市宣威市落水镇桃树凹子村,止于富源县胜境街道杨二冲村,全线计费里程57.568公里,采用双向四车道高速公路标准,设计速度每小时80公里。

楚雄市东南绕城高速公路同步开通楚雄南收费站、军屯收费站、子午收费站。楚雄市东南绕城高速公路起于楚雄市苍岭镇云甸村云甸工业园区东南侧,止于子午镇以口村北侧。项目主线全长28.348公里,按双向四车道高速公路标准建设,设计速度每小时80公里。

瑞丽至弄岛高速公路同步开通瑞丽西、户育、弄岛3个收费站,并与G56杭瑞高速公路实现联网收费。瑞丽至弄岛高速公路主线全长30.383公里,含新建9.8公里与改扩建原二级公路20.583公里。全线按双向四车道高速公路标准建设,设计速度每小时80公里。

大保高速公路老营至板桥段改线工程开通路段为隆营枢纽立交(起点)至清白枢纽立交(止点),同步开通清白庄收费站,工程将与G56杭瑞高速公路、S80保山市东南绕城高速实现联网收费。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်