ချူကျင့်မြို့ ဇန်ယိရပ်ကွက်ရှိ စိုစွတ်မြေ၌ မိုးရွာပြီးနောက် အံ့ဖွယ်ရှုခင်း ပေါ်ပေါက်လာခဲ့
2025-12-25 10:55|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းပြီးနောက် ချူကျင့်မြို့ ဇန်ယိရပ်ကွက်ရှိ ဟိုင်ဖုန်းစိုစွတ်မြေ၌ "ရေကြည်နှင့် ရေနောက်များမှာ ဘယ်တော့မှ မရောနှောခြင်း" ဟူသော သဘာဝအံ့ဖွယ်ရှုခင်း ပေါ်ပေါက်လာခဲ့သည်။ မိုးရေများသည် ရွှံ့များသဲများ အမြောက်အမြားကို တာ့ဖောမြစ်နှင့် ရှောင်တုန်းမြစ်ထဲသို့ စီးစေပြီးနောက် နောက်ကျိသော မြစ်ရေများသည် စိုစွတ်မြေ၏ လူချိုင်ဖျင်နှင့် လန့်စီဖော စသည့် နယ်ပယ်များထဲသို့ စီးဆင်းသွားပြီး ဟွန်ဟူလမ်း၏ အရှေ့တောင်ဘက်ရှိ ကြည်လင်သော ကန်ရေများနှင့် ဆုံတွေ့သည့်အခါ တစ်ဘက်ကြည်လင်ခြင်းနှင့် နောက်တစ်ဘက် နောက်ကျိခြင်း ဟူ၍ ထင်ရှားသော ဆန့်ကျင်ဘက်မြင်ကွင်းကို ဖြစ်လာခဲ့သည်။
ဤရှုခင်းသည် သဘာဝလောကကြီး၏ အမှော်အတတ်ဖြင့် ဖန်ဆင်းထားဘိသကဲ့သို့ ဖြစ်ရုံသာမက ဂေဟစနစ်ကာကွယ်ရေး၏ လက်တွေ့ရလဒ်များလည်း ဖြစ်သည်။ ယခုနှစ်များတွင် ဇန်ယိရပ်ကွက် ဟိုင်ဖုန်း ပြည်နယ်အဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေ စီမံခန့်ခွဲရေးဌာနသည် ဂေဟစနစ် ကောင်းမွန်ကျနလာအောင် ပြန်လည်ပြုပြင်ပေးခြင်း လုပ်ငန်းကို အဆက်မပြတ် ရှေ့သို့တွန်းတင်ခဲ့ပြီး ရေကန်ဘေးဧရိယာများ ပြန်လည်ပြုပြင်ခြင်းနှင့် မြစ်စဉ်စုချိတ်ဆက်ခြင်း စသည့် အစီအမံစီရီးများ မှတစ်ဆင့် စိုစွတ်မြေ ဂေဟစနစ်၏ ကိုယ်တိုင်သန့်စင်နိုင်စွမ်းကို အဆက်မပြတ် တိုးမြှင့်ခဲ့ပြီး အမို ၁၀၈၆၀ ကျယ်ဝန်းသော ဤကာ့စ်စိုစွတ်မြေ၏ ဂေဟပတ်ဝန်းကျင်ကို ဆက်လက် တိုးတက်ကောင်းမွန်လာစေခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


