ချူကျင့်မြို့ ဇန်ယိရပ်ကွက်ရှိ စိုစွတ်မြေ၌ မိုးရွာပြီးနောက် အံ့ဖွယ်ရှုခင်း ပေါ်ပေါက်လာခဲ့

2025-12-25 10:55|ရောင်စုံတိမ်တံတား

00307516122_76e6c352

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့) မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းပြီးနောက် ချူကျင့်မြို့ ဇန်ယိရပ်ကွက်ရှိ ဟိုင်ဖုန်းစိုစွတ်မြေ၌ "ရေကြည်နှင့် ရေနောက်များမှာ ဘယ်တော့မှ မရောနှောခြင်း" ဟူသော သဘာဝအံ့ဖွယ်ရှုခင်း ပေါ်ပေါက်လာခဲ့သည်။ မိုးရေများသည် ရွှံ့များသဲများ အမြောက်အမြားကို တာ့ဖောမြစ်နှင့် ရှောင်တုန်းမြစ်ထဲသို့ စီးစေပြီးနောက် နောက်ကျိသော မြစ်ရေများသည် စိုစွတ်မြေ၏ လူချိုင်ဖျင်နှင့် လန့်စီဖော စသည့် နယ်ပယ်များထဲသို့ စီးဆင်းသွားပြီး ဟွန်ဟူလမ်း၏ အရှေ့တောင်ဘက်ရှိ ကြည်လင်သော ကန်ရေများနှင့် ဆုံတွေ့သည့်အခါ တစ်ဘက်ကြည်လင်ခြင်းနှင့် နောက်တစ်ဘက် နောက်ကျိခြင်း ဟူ၍ ထင်ရှားသော ဆန့်ကျင်ဘက်မြင်ကွင်းကို ဖြစ်လာခဲ့သည်။

ဤရှုခင်းသည် သဘာဝလောကကြီး၏ အမှော်အတတ်ဖြင့် ဖန်ဆင်းထားဘိသကဲ့သို့ ဖြစ်ရုံသာမက ဂေဟစနစ်ကာကွယ်ရေး၏ လက်တွေ့ရလဒ်များလည်း ဖြစ်သည်။ ယခုနှစ်များတွင် ဇန်ယိရပ်ကွက် ဟိုင်ဖုန်း ပြည်နယ်အဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေ စီမံခန့်ခွဲရေးဌာနသည် ဂေဟစနစ် ကောင်းမွန်ကျနလာအောင် ပြန်လည်ပြုပြင်ပေးခြင်း လုပ်ငန်းကို အဆက်မပြတ် ရှေ့သို့တွန်းတင်ခဲ့ပြီး ရေကန်ဘေးဧရိယာများ ပြန်လည်ပြုပြင်ခြင်းနှင့် မြစ်စဉ်စုချိတ်ဆက်ခြင်း စသည့် အစီအမံစီရီးများ မှတစ်ဆင့် စိုစွတ်မြေ ဂေဟစနစ်၏ ကိုယ်တိုင်သန့်စင်နိုင်စွမ်းကို အဆက်မပြတ် တိုးမြှင့်ခဲ့ပြီး အမို ၁၀၈၆၀ ကျယ်ဝန်းသော ဤကာ့စ်စိုစွတ်မြေ၏ ဂေဟပတ်ဝန်းကျင်ကို ဆက်လက် တိုးတက်ကောင်းမွန်လာစေခဲ့သည်။

00307516122_76e6c352

近日,大雨过后,曲靖市沾益区海峰湿地上演“鸳鸯锅”自然奇观。雨水将大量泥沙冲入大坡河与小东河,浑浊的河水随后流入湿地的陆柴坪、烂石坡等区域,与环湖路东南侧清澈见底的湖水相遇,构成了一清一浊的鲜明对比。

“鸳鸯锅”景观不仅是大自然的鬼斧神工,也是生态保护的实际成果。近年来,沾益海峰省级自然保护区管护局持续推进生态修复工程,通过湖滨带修复、水系连通等系列措施,不断提升湿地生态系统的自我净化能力,让这片10860亩的喀斯特湿地的生态环境持续向好。(云南日报 记者张雯 通讯员张娅萍 甘醴)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်