ကျင်းဆားမြစ်ပေါ်က အစိမ်းရောင်သွေးခုန်နှုန်းသဖွယ် ရေအားလျှပ်စစ်စက်ရုံများ
2025-12-23 11:26|
ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်စက်ရုံ၊ ဝူးတုန်းတယ် ရေအားလျှပ်စစ်စက်ရုံ တို့သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် စီချွမ်းပြည်နယ် ထိစပ်ရာ ကျင်းဆားမြစ်ကြောင်းပေါ်တွင် တည်ရှိရာ “အနောက်ဒေသမှ အရှေ့ဒေသသို့ ဓာတ်အားပို့လွှတ်ရေး” ကို ဖော်ဆောင်သည့် နိုင်ငံ၏ အရေးကြီးအစီအစဉ်ကြီးဖြစ်သည်။ ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်စက်ရုံသည် ကမ္ဘာ့ ဒုတိယအကြီးဆုံး ရေအားလျှပ်စစ်စက်ရုံဖြစ်ပြီး စုစုပေါင်း စက်တပ်ဆင်စွမ်းအား ကီလိုဝပ် ၁၆ သန်း ရှိသည်။ ဝူးတုန်းတယ် ရေအားလျှပ်စစ်စက်ရုံသည် ကမ္ဘာ့ သတ္တမအကြီးဆုံး ရေအားလျှပ်စစ်စက်ရုံဖြစ်ပြီး စုစုပေါင်း စက်တပ်ဆင်စွမ်းအား ကီလိုဝပ် ၁၀.၂၀ သန်း ရှိသည်။
ဝူးတုန်းတယ်၊ ပိုင်ဟဲ့ထန်းနှင့် ရှီးလော့သု၊ ရှန့်ကျားပါ့၊ မြစ်ကျဉ်းသုံးသွယ်၊ ကယ်ကျိုးပါ့ ဟူသော လှေကားထစ်ပုံစံ ရေအားလျှပ်စစ်စက်ရုံ ၆ ခုသည် ကမ္ဘာ့အကြီးဆုံး သန့်ရှင်းစွမ်းအင်စင်္ကြံအဖြစ် အတူတကွ ဖွဲ့စည်းထားရာ တရုတ်နိုင်ငံ လူမှုစီးပွားကဏ္ဍ အစိမ်းရောင်တိုးတက်မှုကို စဉ်ဆက်မပြတ် စွမ်းအင်ဖြည့်တင်းပေးလျက်ရှိပေသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို










