ကူမင်းမြို့၌ ဂျင်ဂိုအရွက်များ ရွှေဝါရောင် ဖြစ်လာနေ၍ ရှုစားရန် အကောင်းဆုံးချိန်သို့ ရောက်ရှိလာပါပြီ

2025-12-12 18:00|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား ကိုကိုမောင်) ယနှစ်ဂျင်ဂိုရွက် အဝါရောင်ဖြစ်လာသည့် ကာလတွင် ကူမင်းမြို့သည် အလှပဆုံးသော ဂျင်ဂိုရွက် ကြည့်ရှုရာသီသို့ ဝင်ရောက်လျက်ရှိသည်။ ဤစိမ်းဝါရောင် အလှတရားနှင့် မတွေ့ဆုံရသေးသူ မည်သူနည်း။။ မိတ်ဆွေများ၊ မိသားစုဝင်များနှင့် ချိန်းဆိုကာ ကူမင်းမြို့ရှိ ဤအလှပဆုံး ဂျင်ဂိုပင်များကို အမှတ်တရဓာတ်ပုံရိုက်ရန် အမြန်သွားလိုက်ပါ။

2

တာကွမ်ဥယျာဉ်

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကူမင်းမြို့ရှိ တာကွမ်ဥယျာဉ်အတွင်းမှ ဂျင်ဂိုပင်အလှအပကို အကောင်းဆုံးကြည့်ရှုနိုင်သည့် ကာလသို့ ရောက်ရှိလာသည်။ ဥယျာဉ်အတွင်းရှိ ရွှေရောင် ဂျင်ဂိုရွက်ကြီးများနှင့် ရေကန်ဘေးမှ စင်ရော်ခေါင်းမဲငှက်များသည် သာယာလှပသောဆောင်းဦးရာသီပန်းချီကားချပ်အလား ခြယ်မှုန်းထားပေသည်။ ဤ"ရွှေရောင်ရိုမန်တစ်ဆန်မှု"ရှုခင်းအလှသည်  မြို့သူမြို့သားများနှင့် ခရီးသွားဧည့်သည်များလာရောက်လည်ပတ်ရန် ဆွဲဆောင်လျက်ရှိပေသည်။

3.webp

ဝင်လင်းလမ်း

လက်ရှိအချိန်တွင် ဝင်လင်းလမ်းသည် နှစ်စဉ်အလှဆုံးအချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။ လမ်းမနှစ်ဘက်ရှိ ရွှေရောင်စင်္ကြံရှည်ကဲ့သို့ သိပ်သည်းထူထပ်သော ဂျင်ဂိုပင်များသည် မြို့သူမြို့သားနှင့် ခရီးသွားဧည့်သည်များ အထူးနှစ်သက်သောဓာတ်ပုံရိုက်သည့်နေရာ တစ်ခုဖြစ်လာသည်။

4

ယူနန်တက္ကသိုလ် ဂျင်ဂိုလမ်းမ

ဝင်လင်းလမ်း၏လူမှုရေးအသက်ဝင်မှုမှ လှည့်ထွက်လိုက်လျှင် ယူနန်တက္ကသိုလ်၏ စာအုပ်ရနံ့သို့ ဝင်ရောက်နိုင်သည်။ ဤနေရာရှိ ဂျင်ဂိုလမ်းမကြီးသည် ယူနန်တက္ကသိုလ်၏ ရာစုနှစ်တစ်ခု သမိုင်းကြောင်းနှင့် မျိုးဆက်ဆက်ကျောင်းသားလူငယ်များ၏ကြိုးစားအားထုပ်မှုကို မျက်မြင်ကိုယ်တွေ့သက်သေပြုခဲ့သည်။ 

ရွှေရောင် ဂျင်ဂိုရွက်များသည် ဟူဇေးယွမ်လ် ကဲ့သို့သော ရှေးဟောင်းအဆောက်အဦများနှင့် လှပစွာလိုက်ဖက်နေသည်။ အလင်းရောင်များသည် အနီ‌ရောင်နံရံများနှင့် အစိမ်းရောင်ပြတင်းပေါက်များပေါ်တွင် ခုန်ပေါက်နေသကဲ့သို့ လေထဲတွင် မင်ရည်အနံ့နှင့် ကဗျာဆန်သော အနံ့အသက်များ လွင့်နေသည်ဟု ခံစားရသည်။ ဤနေရာတွင် အဖြစ်အပျက်ဇာတ်လမ်းအပြည့်ဆုံးဓာတ်ပုံများကို ရိုက်ကူးနိုင်သည်။

5

ဆွေ့ဟူရေကန်ဥယျာဉ်

ဥယျာဉ်အတွင်း ဂျင်ဂိုရွက်များသည် ရွှေရောင်ဖြန်းချလျက်ရှိပြီး ယူနန်သစ်ပုပ်ပင်ကလည်း အဝါရောင်ယိမ်းညွှတ်နေသည်။ ထိုအပင်များသည် အဆောက်အဦများ၊ ကိုးကွေ့တံတားများနှင့် လိုက်ဖက်လျက်ရှိပြီး ရေကန်သည်  မှန်တစ်ချပ်ကဲ့သို့  နေထွက်ချိန်မိုးသောက်ယံ၏ အလင်းရောင်ဖြာထွက်မှုမြင်းကွင်နှင့် နေဝင်ဆည်းဆာမြင်ကွင်းကို ပြန်ထင်ဟပ်သည်။  မည်သည့်နေရာမှမဆို ရိုက်လိုက်သည့်ပုံတိုင်းသည် အလင်းရောင်နှင့်ကဗျာဆန်သော စိတ်ကူးယဉ်မှုတို့ ရောထွေးနေသော လှပသည့်ရုပ်ပုံများ ဖြစ်ပေါ်စေသည်။

6.webp

ကူမင်းတိရစ္ဆာန်ဥယျာဉ်

ကူမင်းတိရစ္ဆာန်ဥယျာဉ်ကို ပြန်တွေးသည့်အခါ သင်က နွေဦးရာသီ၏ချယ်ရီပန်းများကိုသာ မှတ်မိသနည်း။ ယခုအချိန်တွင်တော့ နွံကူးဆောင်းသို့ ရောက်ရှိလာသည့် ရာသီမွေးသဘာဝအလှတရားအသစ်တစ်စုံလည်း တိတ်တဆိတ် ပေါ်ထွက်လာပြီး ဖြစ်သည်။

နှစ်စဉ်ဤအချိန်ရောက်တိုင်း ဤဂျင်ဂိုပင်များသည် အလှပဆုံးအချိန်ဖြစ်သည်။ အပင်တစ်ပင်လုံး၏ ထိပ်ပိုင်းသည် လုံးဝဝါသွားပြီး၊ အဝေးကကြည့်လျှင် ရွှေရောင် "လေထဲဥယျာဉ်" တစ်ခုကဲ့သို့ ဖြစ်နေသည်။ နေရောင်သည် ဂျင်ဂိုရွက်များကြားမှ ဖြာထွက်ကာ မြေပြင်ပေါ်တွင် ကျဲပြော၍ လှပသောအရိပ်များ ကျရောက်စေပြီး အပင်အောက်သည် ခရီးသွားဧည့်သည်များ ဓာတ်ပုံရိုက်ကူးရန် စိတ်ဝင်စားရာနေရာ ဖြစ်လာသည်။

1

လိုလုံးဥယျာဉ်

မကြာသေးမီက လိုလုံးဥယျာဉ်အတွင်း လမ်းလျှောက်လမ်းဘေးရှိဂျင်ဂိုပင်များသည် ဥယျာဉ်တစ်ခုလုံး၏ "အကြိုက်ဆုံးအရာ" ဖြစ်လာခဲ့သည်။ ဥယျာဉ်အတွင်းသို့ လမ်းလျှောက်ရန် အပန်းဖြေရန် ရောက်ရှိလာသူတိုင်းသည် ဂျင်ဂိုပင်တစ်ပင်ပင်နားတွင် ရပ်တန့်ကာ ဤဆောင်းဦးရာသီ၏ရွှေရောင်အလှတရားကို မိုဘိုင်းဖုန်းဖြင့် ဖမ်းယူကြသည်။

ဆောင်းရာသီတွင် ဂျင်ဂိုပင်၏ရွှေရောင်သည် ချန်ကုန်း မိုးတိမ်ကင်းစင်သော အပြာရောင်ကောင်းကင်နှင့် အထူးကိုက်ညီပြီး အပြာနှင့်အဝါ လိုက်ဖက်မှု၏ သဟဇာတဖြစ်သောအလှသည် ပျော်ရွှင်မှုပြည့်ဝသော အရောင်ပြင်းအားကောင်းသည့်ခံစားချက်မျိုးကို သယ်ဆောင်လာကာ ချန်ကုန်း၏ဆောင်းရာသီသည် အမြဲတမ်းနေရောင်ခြည်အောက်တွင် နွေးထွေးသည့်ခံစားချက်ကဲ့သို့ လူတို့အား မျက်စိထဲမြင်ရသမျှ အလှတရားအားလုံးကို နွေးထွေးမှုနှင့် ဆက်စပ်မိစေသည်။

又到一年银杏金黄时,昆明迎来最美的银杏观赏季节,是谁还没有去邂逅这抹迷人的金色?赶紧约上朋友带上家人来昆明打卡这些最美银杏吧~

2

大观公园

近日,昆明大观公园内的银杏树迎来了年度最佳观赏时节。园内大片金黄的银杏叶与水边的红嘴鸥相映成趣,构成了一幅绝美的秋冬画卷,吸引了众多市民和游客前来打卡拍照,尽享这限定版的“金色浪漫”。

3.webp

文林街

此刻的文林街,已经达到了每年的颜值巅峰,街道两侧银杏茂密且密集,交织成一条金色长廊,成为市民游客打卡拍照的热门地。

4

云南大学银杏大道

从文林街的烟火气拐个弯,就能闯进云南大学的书卷香里。这里的银杏大道,自带一种沉稳又青春的魅力。

金色的树叶与古老的会泽院等建筑相映成趣。光影在红墙绿窗上跳跃,仿佛连空气里都飘着墨香和诗意。在这里就能拍出最有故事感的照片。

5

翠湖公园

园中银杏洒金,滇朴垂黄。它们与亭台楼阁、九曲桥栏相映成趣,再借一池湖光为镜,在日出晨曦或日落柔光中,随手一拍,皆是光影与诗意交织的大片。

6.webp

昆明动物园

说起昆明动物园,你想到的是春天的樱花?快看,初冬美景已悄然上线——水禽湖畔的银杏树已完全褪去翠绿,换上满身金箔。

每年的这个时候,是这些银杏最美的时节。整棵树的树冠完全变黄,远远望去就像一座金黄色的“空中花园”,阳光透过枝叶,在地面投下疏密有致的光影,树下成为游客打卡拍照的热门地点。

1

洛龙公园

最近在洛龙公园步道旁的银杏树,已经变成了整个公园的“香饽饽”。到公园里散步、游玩的人们,都会在一棵棵银杏树旁停下脚步,拿出手机定格下这抹初冬的迷人金色。

这一季银杏的金色与呈贡万里无云的瓦蓝天空最适配,蓝与黄映衬的和谐之美带着些活泼的高饱和色感,就像呈贡的冬天始终沐浴在阳光下的感觉,让人把尽收眼底的一切景致与温暖做关联。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်