ယူနန်ပြည်နယ် လုံလင်ခရိုင်ရှိ ရီမှောင်နက်ရှိုင်းသည့် တောင်ဝှမ်းထဲမှ ရုက္ခပင်၏ "သက်ရှိရုပ်ကြွင်း"
2025-12-12 17:24|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ဆောင်းရာသီ ကနဦးကာလ ရုက္ခပင်၏ "သက်ရှိရုပ်ကြွင်း" ဟုခေါ်သည့် ကျောက်ခက်ပင်မျိုး ဆရားသီးယားပင် (Cyathea) များသည် ယူနန်ပြည်နယ် ပေါင်ဆန်းမြို့ လုံလင်ခရိုင်ရှိ ရီမှောင်နက်ရှိုင်းသည့် တောင်ဝှမ်းထဲ၌ ရှင်သန်စွာ ကြီးပြင်းလာနေကြသည်။
လုံလင်ခရိုင် ယီဝမ်ရွှေရွာရှိ အမို ၃၀၀၀ ကျော် ကျယ်ဝန်းသော ကာကွယ်ရေးဧရိယာထဲတွင် ဆရားသီးယားပင်မျိုးရင်း အုပ်စု ၃၀၀ ကျော်နှင့် အပင် ၃ သောင်းကျော် ရှိသည်။ နောက်ဆုံး စစ်တမ်းအချက်အလက်များအရ လုံလင်ခရိုင်တွင် သိပြီးဖြစ်သည့် ဆရားသီးယားပင်မျိုးရင်းသည် Alsophila costularis၊ Alsohpila khasyana၊ ဆရားသီးယားပင်နှင့် Gymnosphaera andersonii ဟူသော ၄ မျိုး ရှိ၍ ၎င်းတို့အားလုံးသည် တရုတ်နိုင်ငံ အမျိုးသားအဆင့် ဒုတိယတန်းစား အလေးပေးကာကွယ်ထားသော တောရိုင်းရုက္ခပင်များ ဖြစ်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့












