"ယူနန်ပြည်နယ် မြို့ပြဘောလုံးလိဂ်"ကို ကြည့်ရှုသည့် လူငယ်ဘောလုံးဝါသနာရှင်များ
2025-12-08 14:27|
(ရောင်စုံတိမ်တံတား၊ နှင်းရီရီ) နိုဝင်ဘာလ ၂၉ ရက်နေ့ ညတွင် ၂၀၂၅/၂၀၂၆ ခုနှစ် Fudian ဘဏ်မှ အမည်တပ်ထားသည့် ယူနန်ပြည်နယ် မြို့ပြဘောလုံးလိဂ်ကို ပရိသတ်အားလုံး၏ မျှော်လင့်ချက်များဖြင့် စတင်ကျင်းပခဲ့သည်။ ဘောလုံးကွင်းတွင် ဘောလုံးကစားသမားများ အစွမ်းကုန် ပြိုင်ဆိုင်နေကြပြီး အားကစားကွင်းအပြင်ဘက်ရှိ ပွဲကြည်စင်ပေါ်တွင် မိဘများနှင့်အတူ ပြိုင်ပွဲကြည့်ရှုလာသည့် လူငယ်ဘောလုံးဝါသနာရှင်များသည် လူအများ၏ အာရုံကို ဖမ်းစားနေကြသည်။ ပွဲစဉ်တစ်လျှောက်လုံးတွင် လူငယ်ဘောလုံးဝါသနာရှင်များသည် စိတ်လှုပ်ရှားဖွယ်ကောင်းသော အခိုက်အတန့်တစ်ခုကိုမျှ လက်လွတ်မခံဘဲ ဘောလုံးကွင်းကို မျက်ခြည်မပြတ် သေချာစူးစိုက် ကြည့်နေခဲ့ကြသည်။ အကြိုက်ဆုံးအသင်း တိုက်စစ်ဆင်သည့် အခါတိုင်း သူတို့သည် ခြေဖျားထောက်ပြီး အလံများကို ဝှေ့ယမ်းလိုက်ရင်း အော်ဟစ်အားပေးခဲ့ကြသည်။ ပြိုင်ဆိုင်မှု တင်းမာလာသောအခါတွင် သူတို့သည် မျက်မှောင်ကုပ်ကာ လူကြီးများကဲ့သို့ ဟန်ဆောင်ပြီး ၎င်းတို့၏ စိတ်အားထက်သန်မှုဖြင့် ဤဘောလုံးလိဂ်ပြိုင်ပွဲအတွက် ထူးခြားသော သက်ဝင်အားများ တိုးဖြည့်ပေးခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
















