တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ခြင်း ၄ နှစ်ပြည့်၊ ရွှေရောင်လမ်းကြောင်း၏ သက်ရောက်မှုကို ဆက်လက်တိုးချဲ့

2025-12-03 18:11|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ဒီဇင်ဘာလ ၂ ရက်နေ့အထိ တရုတ်-လာအို ရထားလမ်းသည် လေးနှစ်တာ ဖွင့်လှစ်လည်ပတ်ပြီဖြစ်၍ လွန်ခဲ့သောလေးနှစ်အတွင်း ခရီးသည် အယောက်ပေါင်း ၆၂.၅ သန်းကျော်နှင့် ကုန်စည် တန်ပေါင်း ၇၂.၅ သန်းကျော်ကို သယ်ယူပို့ဆောင်ပေးခဲ့ကာ ရွှေရောင်လမ်းကြောင်း၏ သက်ရောက်မှုကို ဆက်လက်တိုးချဲ့ခဲ့ပြီး ဒေသတွင်း စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် သက်ဝင်အားအသစ်များ ထည့်သွင်းပေးခဲ့ကြောင်း သတင်းထောက်က China Stae Railway Group Co., Ltd မှ သိရခဲ့သည်။

1

2

အချက်အလက်များအရ တရုတ်-လာအို ရထားလမ်း၏ ခရီးသည်ပို့ဆောင်ရေး ပမာဏနှင့် အရည်အသွေး နှစ်မျိုးလုံး တိုးတက်လာခဲ့၍ ရထားလမ်းတစ်လျှောက်လုံး၏ လစဉ် ခရီးသည်ပို့ဆောင်ရေး ပမာဏသည် ရထားလမ်းစဖွင့်သော ကနဦးကာလတွင် အကြိမ်ရေ ၆ သိန်းမှ အမြင့်ဆုံး ၂.၂ သန်းအထိ မြင့်တက်လာခဲ့သည်။ တရုတ်နိုင်ငံအတွင်း ရထားလမ်းအပိုင်းတွင် နေ့စဉ်ပျမ်းမျှ လည်ပတ်သည့် ခရီးသည်တင်ရထားပမာဏသည် ရထားလမ်းစဖွင့်သော ကနဦးကာလတွင် ၈ စင်းမှ အမြင့်ဆုံး ၈၆ စင်းအထိ မြင့်တက်လာခဲ့ပြီး စုစုပေါင်း ပို့ဆောင်သည့် ခရီးသည် အကြိမ်ရေ ၅၁.၃၄ သန်းရှိခဲ့ပြီ ဖြစ်သည်။ လာအိုနိုင်ငံအတွင်း ရထားလမ်းအပိုင်းတွင် နေ့စဉ်ပျမ်းမျှ လည်ပတ်သည့် ခရီးသည်တင်ရထားပမာဏသည် ရထားလမ်းစဖွင့်သော ကနဦးကာလတွင် ၄ စင်းမှ အမြင့်ဆုံး ၁၈ စင်းအထိ မြင့်တက်လာခဲ့ပြီး သာမန်အမြန်နှုန်း ခရီးသည်တင်ရထားပမာဏသည် ၁၀ စင်းကျော်အထိ တိုးချဲ့ခဲ့ပြီး စုစုပေါင်း ပို့ဆောင်သည့် ခရီးသည် အကြိမ်ရေ ၁၁.၂၄ သန်းရှိခဲ့ပြီ ဖြစ်သည်။

3

တရုတ်-လာအို ရထားလမ်း၏ ကုန်စည်ပို့ဆောင်ရေးပမာဏသည်လည်း အားကောင်းစွာ တိုးပွားလာခဲ့၍ နေ့စဉ်ပြေးဆွဲသည့် နယ်စပ်ဖြတ်ကျော် ကုန်တင်ရထားအရေအတွက်သည် ရထားလမ်းစဖွင့်သော ကနဦးကာလတွင် ၂ စင်းမှ အမြင့်ဆုံး ၂၃ စင်းအထိ တိုးမြင့်လာခဲ့ပြီး ရထားတင်ဆောင်မှု တန်ချိန်သည်လည်း တန်ချိန် ၂၀၀၀ မှ ၂၈၀၀ အထိ တိုးမြင့်လာခဲ့၍ နယ်စပ်ဖြတ်ကျော် ကုန်စည် တန်ပေါင်း ၁၆ သန်းကျော်ကို ပို့ဆောင်ခဲ့ပြီး တရုတ်နိုင်ငံရှိ ပြည်နယ် (ဒေသ၊ မြို့) ၃၁ ခုနှင့် လာအိုနှင့် ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံနှင့် ဒေသ ၁၉ ခုကို လွှမ်းခြုံခဲ့ပြီ ဖြစ်၍ နယ်စပ်ဖြတ်ကျော် ပို့ဆောင်သည့် ကုန်စည်မျိုးသည် အမျိုး ၃၈၀၀ ကျော်အထိ တိုးချဲ့ခဲ့သည် ဖြစ်သည်။ ကူမင်းမြို့မှ လာအိုနိုင်ငံကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံသို့ ကုန်စည်ပို့ဆောင်ရေး ကုန်ကျစရိတ်များသည် ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး လာအိုနိုင်ငံတွင်း သယ်ယူပို့ဆောင်ရေး စရိတ်စကများသည် ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့၍ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် "အင်ဂျင်အသစ်" တစ်ခုကို ပံ့ပိုးပေးခဲ့သည်။

4

ထို့ပြင်၊ တရုတ်နှင့် လာအို နှစ်နိုင်ငံတို့၏ ရထားလမ်းဌာနများသည် နှစ်နိုင်ငံတို့၏ ခရီးသွားဌာနများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဗီဇာကင်းလွတ် ဖြတ်သန်းသွားလာခွင့်မူဝါဒကို ကောင်းမွန်စွာ အသုံးပြုခဲ့ကြပြီး "ရထားလမ်းနှင့် ယဉ်ကျေးမှု ခရီးသွားလုပ်ငန်း" ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုကို တက်ကြွစွာ တွန်းအားပေးခဲ့ကြပြီး တရုတ်-လာအို ရထားလမ်းကို အားကိုး၍ ကူမင်းမြို့နှင့် ဗီယင်ကျန်းမြို့တို့အကြား ခရီးသွားလမ်းကြောင်းများစွာကို ဖွင့်လှစ်ခဲ့ကြသည်၊ လာအို၊ ထိုင်း၊ မလေးရှား၊ အမေရိကန်နှင့် ဗြိတိန် စသည့် နိုင်ငံနှင့် ဒေသပေါင်း ၁၂၀ ကျော်မှ ခရီးသည် အယောက်ပေါင်း ၆.၄ သိန်းခန့်သည် နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ ခရီးသည်တင်ရထားများဖြင့် ခရီးသွားခဲ့ကြပြီး တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးပွားလာသည့် ခရီးသည်စီးဆင်းမှုကြောင့် ရထားလမ်းတစ်လျှောက်ရှိ ရှုခင်းသာနေရာများ၊ ဟိုတယ်များနှင့် စားသောက်ဆိုင်များ စသည့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော လုပ်ငန်းများကို မြှင့်တင်ပေးခဲ့ပြီး ခရီးသွားစီးပွားရေး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် သက်ဝင်အားအသစ်များ ထည့်သွင်းပေးခဲ့သည်။

新华社昆明12月2日电 记者樊曦 丁怡全 记者从中国国家铁路集团有限公司获悉,截至12月2日,中老铁路开通运营满四年,累计发送旅客超6250万人次、货物超7250万吨,黄金大通道效应持续放大,为区域经济社会发展注入了新活力。

1

2

数据显示,中老铁路客运量质齐升,全线单月旅客发送量由开通初期的60万人次增至最高220万人次。国内段,日均开行旅客列车由开通初期的8列增至最高86列,累计发送旅客5134万人次;老挝段,日均开行旅客列车由开通初期的4列增至最高18列,普速旅客列车扩编为10辆以上,累计发送旅客1124万人次。

3

中老铁路货运强劲增长,跨境货物列车每日开行数量由开通初期的2列增至最高23列,列车牵引吨数由2000吨增至2800吨,累计发送跨境货物超1600万吨,已覆盖国内31个省(区、市)和老挝、泰国等19个国家和地区,跨境运输商品种类拓展到3800余种。昆明经老挝至泰国的货运成本降低30%至50%,老挝境内运输成本降低了20%至40%,为区域经济发展提供了“新引擎”。

4

同时,中老两国铁路部门积极与两国旅游部门合作,用好过境免签政策,积极推动“铁路+文旅”融合发展,依托中老铁路在昆明和万象间开通了多条旅游线路,来自老挝、泰国、马来西亚、美国、英国等120余个国家和地区的64万名游客搭乘跨境国际旅客列车旅行,与日俱增的客流带火了沿线景区、酒店、餐饮等旅游相关产业,为旅游经济发展注入了新活力。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်