တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ "တိမ်တိုက်ကြားက ကောင်းကင်ရထားလမ်း" ဖြင့် ဖော်ဆောင်ထားသော သာယာချမ်းမြေ့မှု
2025-11-27 15:19|
၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် တရုတ်နိုင်ငံ ယူနန်-ရှီးဇန့်ရထားလမ်း၏ အရေးကြီးအစိတ်အပိုင်းဖြစ်သော လိကျန်း-ရှန်ဂရီလာ ရထားလမ်း စတင်ပြေးဆွဲလည်ပတ်ခြင်း ၂ နှစ်ပြည့်တော့မည်ဖြစ်သည်။ အဆိုပါ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လိကျန်းမြို့နှင့် ရှန်ဂရီလာမြို့အား ချိတ်ဆက်ထားသည့် "တိမ်တိုက်ကြားက ကောင်းကင်ရထားလမ်း" သည် စုစုပေါင်းအရှည် ၁၃၉.၇ ကီလိုမီတာရှိပြီး ယူနန်ပြည်နယ် တီချင့် ဇန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် ရထားလမ်းမပေါက်သည့် သမိုင်းကို အဆုံးသတ်ခဲ့သည်။
လိကျန်း-ရှန်ဂရီလာ ရထားလမ်းပြေးဆွဲသည့် နှစ်နှစ်တာကာလအတွင်း ခရီးသည်နှင့် ကုန်စည်ပို့ဆောင်မှုသည် ပမာဏနှင့် အရည်အသွေး နှစ်မျိုးလုံးမြင့်တက်လာခဲ့သည်။ ရထားလမ်းတစ်လျှောက် လူမျိုးစုမျိုးစုံ ပြည်သူများက "လူသွားလာမှု အဆင်ပြေ၍ ကုန်စည်စီးဆင်းမှုချောမွေ့ခြင်း" ဟူသော သာယာချမ်းမြေ့သည့် မျှော်မှန်းချက်သည် လက်တွေ့အကောင်အထည်ပေါ်လာခဲ့သည်။
ရထားလမ်းသည် တည်ငြိမ်သော ခရီးသည်စီးဆင်းမှုကို သယ်ဆောင်လာသည်သာမက ရွာသူ၊ ရွာသားများစွာကလည်း မိမိနေအိမ်တံခါးဝတွင်ပင် "ခရီးသွားလုပ်ငန်း အလုပ်" လုပ်ကိုင်လာနိုင်ခဲ့သည်။ ကားလမ်းနှင့် ရထားလမ်း ပူးတွဲပို့ဆောင်ရေးစီမံကိန်းမှာလည်း တစ်ဆင့်ချင်း တိုးပွားလာသောကြောင့် ပေါကြွယ်ဝသောကုန်စည်ပစ္စည်းများကို ရထားလမ်းမှတစ်ဆင့် ကုန်းပြင်မြင့်ကနေ အဆက်မပြတ် ထွက်ခွာပို့ဆောင်လျက်ရှိပါသည်။
လိကျန်း-ရှန်ဂရီလာရထားလမ်းသည် ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်း ဖြစ်သကဲ့သို့ ဒေသတွင်း "စီးပွားရေးလမ်းကြောင်း" ၊ "သာယာချမ်းမြေ့မှုလမ်းကြောင်း" လည်းဖြစ်ပေသည်။ "၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း" အား မျှော်မှန်းရာတွင် လိကျန်း-ရှန်ဂရီလာရထားလမ်းသည် တိုင်းရင်းသားဒေသ ပို့ဆောင်ရေးဝန်ဆောင်မှု အာမခံနိုင်မှုစွမ်းရည်ကို အင်တိုက်အားတိုက် မြှင့်တင်ပေးပြီး ဒေသတွင်းစီးပွားရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအား အားဖြည့်ကူညီပေးသွားမည်ဖြစ်ပေသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ






















