ယူနန်ပြည်နယ် ပေါင်ဆန်းမြို့ တွင် "အစိမ်းရောင်ကဏ္ဍမှ ရွှေဖြစ်ခြင်း" ကြောင့် ဒေသခံများ ဝင်ငွေတိုးပွားကြွယ်ဝလာ
2025-11-27 11:32|
ယူနန်ပြည်နယ် ပေါင်ဆန်းမြို့သည် ကောင်းလီကုန့်တောင်တန်းဒေသတွင် တည်ရှိပြီး ဒေသ၏သဘာဝအခြေအနေမှာ ဝါဆာဘိအပင် ကြီးထွားရန် သင့်လျော်သည်။ ယခုနှစ်များတွင် ဒေသန္တရအစိုးရက ဝါဆာဘိစံနှုန်းအသွင်၊ ပမာဏအများအပြားအသွင် စိုက်ပျိုးရန် အားထားတွန်းအားပေး ဆောင်ရွက်လျက်ရှိရာ တောင်ပေါ်ဒေသ ထုတ်လုပ်ရေးလုပ်ငန်းအတွက် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ ဖန်တီးကာ တောင်သူများဝင်ငွေတိုးရေးကို အားဖြည့်ပေးလျက်ရှိသည်။
လက်ရှိတွင် ပေါင်ဆန်းမြို့သည် တရုတ်နိုင်ငံပြည်တွင်း၌ အကြီးမားဆုံးသော ဝါဆာဘိစိုက်ပျိုးရေးဒေသ ဖြစ်နေပြီးဖြစ်ရာ ထုတ်ကုန်များသည် ပြည်တွင်းဈေးကွက်တွင် ရောင်းအားပမာဏနှစ်စဉ် တိုးမြင့်လာသလို ဂျပန်၊ တောင်ကိုရီးယားနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ပင် တင်ပို့လျက်ရှိရာ ဖွံ့ဖြိုးတိုးတက်မှုအလားအလာမှာ ကျယ်ပြောလှပေသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့
- တရုတ်-လာအို ရထားလမ်းသည် နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ ခရီးသည် အကြိမ်ရေ ၆ သိန်းကျော်ကို ပို့ဆောင်ခဲ့
















