"အထူးသွင်းကုန်" မှသည် "နိုင်ငံ့ဂုဏ်ဆောင်ထုတ်ကုန်"အထိ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် မုန့်လျန်ခရိုင် နယ်စပ်မြို့လေး၌ ထောပတ်သီး၏ ပြောင်းလဲမှု
2025-11-27 11:22|
ထောပတ်သီးသည် မူလက တောင်အမေရိက၊ အာဖရိက စသည့်ဒေသများမှ ထွက်ရှိခြင်းဖြစ်သည်။ ယခင်က တရုတ်နိုင်ငံ၏ ထောပတ်သီးသည် အားလုံးနီးပါး သွင်းကုန်ကို အားကိုးနေရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်မြို့ မုန့်လျန် တိုင်လူမျိုး၊ လားဟူလူမျိုး၊ ဝလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်သည် မြောက်လတ္တီကျု ၂၂ ဒီဂရီဝန်းကျင်၌ တည်ရှိပြီး “ကမ္ဘာ့ထောပတ်သီးမြို့” မက္ကဆီကိုနိုင်ငံ အူယူအာပန်မြို့၏ ရာသီဥတုနှင့် ဆင်တူကာ ထောပတ်သီးများရှင်သန်ရန် လိုအပ်ချက်နှင့် ကိုက်ညီသည်။
၂၀၀၇ ခုနှစ်တွင် ဒေသတွင်း၌ နိုင်ငံခြားမှ မျိုးစိတ်တင်သွင်းပြီး ထောပတ်သီး တရုတ်မူ (Mu) ၁၀ အား စမ်းသပ်စိုက်ပျိုးခဲ့သည်။ ယနေ့တွင် မုန့်လျန် ထောပတ်သီးစိုက်ပျိုးမှုဧရိယာသည် တရုတ်မူ (Mu) ၁၂၀,၀၀၀ ကျော်ရှိပြီး တစ်နိုင်ငံလုံးစုစုပေါင်းဧရိယာ၏ ၈၀ ရာခိုင်နှုန်းခန့်ရှိသည်။ အဆိုပါခရိုင်လေးသည် “တရုတ်နိုင်ငံ ထောပတ်သီးဇာတိ” ဟု တင်စားခေါ်ဝေါ်ခံရပြီး “မုန့်လျန် ထောပတ်သီး” သည် နိုင်ငံ၏ပထဝီတည်နေရာ အထင်ကရ အမှတ်အသားအဖြစ် အသိအမှတ်ပြုမှုခံရသည်။
လတ်တလောနှစ်ပိုင်းတွင် မုန့်လျန်ခရိုင်သည် ထောပတ်သီးလုပ်ငန်းအား “ခရိုင်တစ်ခု လုပ်ငန်းတစ်ခု” ၏ ဦးဆောင်ထုတ်လုပ်မှုလုပ်ငန်းနှင့် ပြည်သူများ ကြွယ်ဝကာ ဝင်ငွေတိုးစေသည့် ထွန်းသစ်စလုပ်ငန်းအဖြစ် တည်ဆောက်ခဲ့သည်။ နောက်တစ်ဆင့်အနေဖြင့် ဒေသတွင်း၌ အထွက်နှုန်း၊ ဂေဟ၊ ဝင်ငွေတိုးမှုတို့ကို တစ်ပြိုင်နက်တည်း အခိုင်အမာဖော်ဆောင်ကာ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများဝင်ငွေတိုးစေရန် အားဖြည့်ကူညီသွားမည်ဖြစ်ပေသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့








