ယူနန်ပြည်နယ် ယန့်စန်းခရိုင်ရှိ ဖန်လုံအိမ်၌ စိုက်ပျိုးထားသော ခရမ်းချဉ်သီးများသည် ကြွယ်ဝချမ်းသာသောဘဝကို ယူဆောင်လာ
2025-11-21 11:01|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) မကြာသေးမီက ယူနန်ပြည်နယ် ဝန်ဆန်း ကျွမ့်လူမျိုး၊ မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ယန့်စန်းခရိုင် ကျန်းနာမြို့နယ် ချုံကာလူနေရပ်ကွက်ရှိ စံပြဖန်လုံအိမ်များသို့ ဝင်ရောက်လျှင် နီလွင်လွင် ခရမ်းချဉ်သီးများ အနွယ်များပေါ်တွင် အပြည့်ချိတ်ဆွဲထားသော မြင်ကွင်းကို တွေ့မြင်နိုင်ပါသည်။ ကုန်းပြင်မြင့် ဝိသေသလက္ခဏာများရှိသည့် ဤခရမ်းချဉ်သီးများမှာ ယန့်စန်းခရိုင်သည် ဒေသအလိုက် သင့်တော်သောနည်းလမ်းဖြင့် ထူးခြားချက်ရှိ ဟင်းသီးဟင်းရွက်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရန် အဖြစ်မှန်ဖော်ပြချက် ဖြစ်သည်။ အလုပ်သမားများသည် အနွယ်များအကြား ဖြတ်သန်းသွားလာ၍ ရင့်မှည့်သော ခရမ်းချဉ်သီးများကို ဆွတ်ခူး၍ အရွယ်အစား၊ အရောင်နှင့် အရည်အသွေးတို့အလိုက် ခရမ်းချဉ်သီးများကို အဆင့်ခွဲပြီး ပါဆယ်ထုတ်ကာ အအေးခန်းကွင်းဆက် သယ်ယူပို့ဆောင်ရေးယာဉ်များဖြင့် နေရာအသီးသီးရှိ ဈေးကွက်များသို့ ပို့ဆောင်မည် စောင့်နေပါသည်။ စရင်းဇယားများအရ လက်ရှိတွင် အခြေခံစခန်း၌ နေ့စဉ်ပျမ်းမျှအားဖြင့် ရိတ်သိမ်းပြီးသားနှင့် အဆင့်ခွဲပြီးသားသည့် ခရမ်းချဉ်သီး တန်ချိန် ၃၀ ကျော်ရှိကာ ယခုနှစ်တွင် စုစုပေါင်း ထွက်ကုန်အရေအတွက် တန်ချိန် ၁၃၀၀ အထိ ရောက်ရှိနိုင်ရန် မျှော်လင့်ချက်ရှိသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း














