အရသာရှိခြင်း၊ ပျော်စရာများခြင်းနှင့် ကြည့်ကောင်းခြင်း၊ တို့ဟူးပွဲကို ပါဝင်ရန် ချမ်ကုမ်ခရိုင် ချီပုချမ်ရပ်ကွက်သို့ လာပါ

2025-10-31 09:35|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ရွှေရောင်ဆောင်းဦး အောက်တိုဘာလတွင် ပဲသီးများ၏ ရနံ့သည် တစ်မြို့လုံးကို လွှမ်းခြုံထားသည်။ အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ နှစ်ပေါင်းခြောက်ရာကြာသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အမှတ်တရများကို သယ်ဆောင်ထားသော ချမ်ကုမ်ခရိုင် (၆) ကြိမ်မြောက် ချီပုချမ် တို့ဟူးယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပွဲကို ဝူးလုံလမ်းမ ချီပုချမ်ရပ်ကွက်၌ ကျင်းပမည် ဖြစ်သည်။

图片 1

"တို့ဟူးယဉ်ကျေးမှုကို မြှင့်တင်ခြင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၏ ကျက်သရေကို ခံစားခြင်း" ဟူသော ခေါင်းစဉ်ဖြင့် ဤယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပွဲတွင် "ယဉ်ကျေးမှုဆက်ခံခြင်း၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူတစ်ရပ်လုံး ပါဝင်ခြင်းနှင့် သိပ္ပံနည်းပညာဖြင့် အားဖြည့်ခြင်း" ဟူသော အဓိကအကြောင်းအရာ ၄ ခုကို အနီးကပ် လိုက်ဖက်ပြီး တို့ဟူးအစားအစာများ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ တွေ့ကြုံခံစားခြင်းနှင့် ရိုးရာဓလေ့ထုံးစံ ပျော်ပွဲရွှင်ပွဲများကို နေ့ရက် ၃ ရက်ထဲသို့ ထည့်သွင်းပေါင်းစပ်ကာ အထူးသဖြင့် တို့ဟူးစားပွဲရှည် (Long Street Banquet)၏ မီးရှူးမီးပန်းများနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လှည့်လည်ပြပွဲ၏ စည်ကားမှုများသည် ရိုးရာဓလေ့ဟောင်းများကို သစ်လွင်သော ပုံစံရှိစေကာ သင့်ကို "အရသာ + အမြင်အာရုံ + အတွေ့အကြုံ" ပေါင်းစပ်သည့် ဘက်ပေါင်းစုံပွဲ တစ်ကြိမ် ခံစားရန် ဖိတ်ခေါ်သည် ဖြစ်သည်။

图片 2

နှစ် ၆၀၀ သက်တမ်းရှိသည့် တို့ဟူး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်

လက်မှုအလုပ်ရုံထဲက လက်ရာမြောက်မှုမှ စက်မှုလုပ်ငန်းထဲက ယုံကြည်မှုအထိ

ကူမင်း၏ တို့ဟူးယဉ်ကျေးမှု၏ မွေးရပ်မြေနှင့် အမွေဆက်ခံရာနေရာ အနေဖြင့် ချီပုချမ်၏ တို့ဟူးပြုလုပ်နည်းသည် ရပ်ကွက်၏ သွေးသားဗီဇထဲတွင် ထိုးထားသော စွဲမြဲမှုဖြစ်သည်။ ပရော်ဖက်ရှင်နယ် လက်မှုပညာရှင် အယောက်ပေါင်း ၁၆၀ ကျော်သည် တို့ဟူးလက်မှုအလုပ်ရုံ အခုပေါင်း ၄၀ ကျော်ကို ကာကွယ်စောင့်ကြပ်ပြီး နေ့စဉ်နေ့တိုင်း လတ်ဆတ်သော တို့ဟူး ၁၅ တန်ကို စားပွဲပေါ်သို့ ပို့ဆောင်ပေးကာ နှစ်စဉ်ထွက်ရှိမှုတန်ဖိုးသည် ယွမ်သန်း ၄၀ ကျော်ရှိပြီး တို့ဟူးစားပွဲပါဝင်သည့် စားသောက်ဆိုင်ကြီး တစ်ခုတည်း၏ နှစ်စဉ်ဝင်ငွေသည် ယွမ်သန်း ၃၀ ကို ကျော်လွန်ပြီး အားလပ်ရက်များတွင် အများဆုံးသောတစ်ရက်လျှင် စားသောက်သူ အယောက်ပေါင်း ၅ ထောင်ကျော်ကို ဧည့်ခံလျက်ရှိသည်။

ဤနေရာတွင် တို့ဟူးသည် ရိုးရှင်းသော စားသောက်ကုန်ပါဝင်ပစ္စည်း မဟုတ်ပေ။ ဝါရင့်လက်မှုပညာရှင်များ၏ ပဲစေ့များကြိတ်ခြင်း၊ ဆားရည်ထည့်ခြင်းနှင့် ဖိသိပ်ပြုလုပ်ခြင်း အပါအဝင် ခြေလှမ်းတိုင်းသည် နှစ် ၆၀၀ သက်တမ်းရှိသည့် လက်မှုအနုပညာ လျှို့ဝှက်ချက်များကို ပုန်းအောင်းထားပါသည်။ စားပွဲပေါ်ရှိ ပုပ်စပ်နံသော်သောတို့ဟူး တစ်ကွက်နှင့် တို့ဟူးဟင်း တစ်ပန်းကန်တို့သည် ကူမင်းဟောင်း၏ ဇာတိရပ်ရွာ လွမ်းဆွတ်တမ်းဆခြင်း အမှတ်တရများကို သယ်ဆောင်ထားသည် ဖြစ်သည်။ ယနေ့တွင် ဤလက်ရာမြောက်မှုသည် လက်မှုအလုပ်ရုံများမှ ပိုမိုကြီးမားသော ဇာတ်စင်သို့ ရှေ့ရှုချီတက်နေ၍ ချမ်ကုမ်ခရိုင်၏ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ပေါင်းစည်းမှုနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထင်ကြီးဆုံးအမှတ်တံဆိပ်တစ်ခု ဖြစ်လာနေသည်။

图片 3

ရသာရုံ၏ ပျော်ပွဲရွှင်ပွဲ

ရာနှင့်ချီသော စားပွဲရှည်ကြီးကို စီစဉ်၍ "ရိုးရာ + ဖက်ရှင်" ဖြင့် တို့ဟူးကို ပုံစံသစ်လွင်စေ

အောက်တိုဘာလ ၃၁ ရက်နေ့ နံနက်စောစောတွင် ချီပုချမ်ရပ်ကွက်၏ အဓိကလမ်းမတစ်လျှောက်တွင် ရာနှင့်ချီသော စားပွဲများကို ခင်းထားမည် ဖြစ်၍ ထောင်ပေါင်းများစွာသော လူများကို ဧည့်ခံနိုင်သော တို့ဟူးစားပွဲရှည် တစ်ကြိမ်ကို စတင်တော့မည် ဖြစ်သည်။ နေ့လယ်စာနှင့် ညစာစားချိန်တွင် စားသုံးသူများသည် "လမ်းတစ်လျှောက်လုံး ထိုင်ပြီး ထမင်းစားခြင်း" ၏ စည်ကားမှုကို နှစ်မြှုပ်စွာ ခံစားနိုင်ကြမည် ဖြစ်သည်။ ဤနှစ်တွင် ပိုမိုအေးမြသောရာသီဥတုကို လိုက်လျောညီထွေရှိစေရန် စားပွဲရှည်တွင် စစ်မှန်သော စီလင်ဆိတ်မဲစွပ်ပြုတ်အိုးကို အထူးထည့်သွင်း၍ ထူးခြားချက်ရှိ တို့ဟူး၏ လတ်ဆတ်မှုနှင့် ခုသတ်သော ဆိတ်သား၏ အရသာကို ပြီးပြည့်စုံစွာ ရောနှောပေါင်းစပ်ကာ ဟင်းရည်ပူပူလေး တစ်ခွက်သောက်လိုက်တိုင်း ဗိုက်ထဲမှစ၍ ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ နွေးထွေးမှုက ပြန့်သွားတတ်သည်။

图片 4

မတူသည်ကို မြည်းကြည့်ချင်လျှင် တို့ဟူးဖြင့် ပြုလုပ်သည့် ကော်ဖီများသည် မဖြစ်မနေ မြည်းစမ်းကြည့်သင့်သည် ဖြစ်သည်။ ချောမွေ့သော ပဲနို့သည် သင်းရနံ့ကြွယ်သော ကော်ဖီနှင့် တွေ့ဆုံသောအခါ၊ တစ်ငုံသောက်လျှင် ရိုးရာစားကုန်ပစ္စည်းများ၏ နွေးထွေးမှုကို ခံစားနိုင်ရုံသာမက ဖက်ရှင်ဖျော်ရည်များ၏ လန်းဆန်းမှုလည်း ခံစားနိုင်ကာ စျေးတွင် စတင်ရောင်းချ မှစ၍ လူငယ်ခရီးသည်များအတွက် မဖြစ်မနေ မြည်းစမ်းကြည့်ရန် ဖြစ်လာခဲ့သည်။

图片 5

ပို၍ အံ့သြဖွယ်ကောင်းသည်မှာ တရုတ်အချက်အပြုတ် ကျွမ်းကျင်ပညာရှင် ချမ်စိမ်းဟယ်မှ ချက်ပြုတ်မည့် တို့ဟူးနှင့် ပန်းဟင်းလျာ ၁၂ မျိုးဖြစ်သည်။ ကူမင်းမြို့ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ဖြစ်သည့် ပန်းဟင်းလျာ ချက်ပြုတ်နည်း၏ ဆက်ခံသူအဖြစ် သူသည် သလဲပန်းနှင့် နှင်းဆီပန်း စသည့် ရာသီအလိုက် စားသုံးနိုင်သော ပန်းများကို တို့ဟူးဟင်းလျာများထဲသို့ ရောနှောထည့်သွင်းသည်။

图片 6

အခမ်းအနားပိုရှိရန် ထမင်းစားချင်လျှင် ၂၀၂၅ ခုနှစ် ချမ်ကုမ်ခရိုင် ဒုတိယအကြိမ် ချက်ပြုတ်နည်းပညာပြိုင်ပွဲကိုလည်း ကြည့်နိုင်မည်။ ဤပြိုင်ပွဲကို ပရော်ဖက်ရှင်နယ်နှင့် ဝန်ထမ်းအုပ်စုများ ခွဲခြားကာ ပြိုင်ပွဲပြီးဆုံးသွားပြီးနောက် ပရိသတ်များသည် ဆုရဟင်းလျာများကို အခမဲ့ မြည်းစမ်းနိုင်ပြီး "ချမ်ကုမ်၏ အရသာ"ကို အနီးကပ်စွာ ခံစားနိုင်မည် ဖြစ်သည်။

图片 7

ပြည်သူအရပ်လုံး ပါဝင်ခြင်း

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လှည့်လည်ပြပွဲနှင့် နှစ်မြှုပ်သော တွေ့ကြုံခံစားခြင်း၊ နေ့တာမှ ညအထိ ကစား

နေ့တာမှ ချီပုချမ်ရပ်ကွက်၌ အစည်ကားဆုံးသည်မှာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လှည့်လည်ပြပွဲ ဖြစ်သည်။ ရပ်ကွက်နေထိုင်သူ အယောက်ပေါင်း ၇၀ နှင့် ပရော်ဖက်ရှင်နယ် သရုပ်ဆောင် ၁၀ ယောက်ကျော်သည် ရိုးရာဝတ်စုံများကို ၀တ်ဆင်ထားပြီး ရွှင်မြူးတက်ကြွသော စည်းချက်ဝါးချက်များ နှင့်အတူ စားပွဲရှည်နှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စျေးတန်းတစ်လျှောက် ဖြည်းညှင်းစွာ လျှောက်သွားကြမည် ဖြစ်သည်။ လမ်းတစ်ထောက် လမ်းလျှောက်တိုင်း လှည့်လည်ပြပွဲအဖွဲ့သည် ရပ်တန့်ပြီး အကကပြီး ဖြတ်သွားဖြတ်လာများကို ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်ပြီး ရွှင်လန်းသော အငွေ့အသက်များကို တက်ရောက်သူတိုင်းဆီသို့ ကူးစက်နိုင်စေမည် ဖြစ်သည်။

图片 8

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို နက်နက်ရှိုင်းရှိုင်း ခံစားလိုပါက "ပဲပဲဆုံတွေ့ခြင်း" ဒြပ်မဲ့ယဉ်ကျေးမှု စျေးတန်းသို့ သွားရမည်ဖြစ်သည်။ ၄င်းသည် "ပဲတစ်လုံးသည် ကော်ဖီစေ့တစ်လုံးနှင့် တွေ့ခြင်း" ဟူသော ခေါင်းစဉ်ဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ အတွေ့အကြုံ ဧရိယာ၊ ဂိမ်းများကစားခြင်း ဧရိယာ၊ ယူနန်ထုတ်ကုန် ပြသရေးဧရိယာနှင့် လက်မှု ဆန်းသစ်တီထွင်မှုအလုပ်ရုံတို့ကို ပါဝင်ထားသည်၊ လာရောက်လည်ပတ်သူများသည် ရိုးရာလက်မှုပညာကို အခမဲ့ သင်ယူနိုင်ပြီး ရိုးရာနှင့် ခေတ်မီဂိမ်းများတွင် ပါဝင်နိုင်ရုံသာမက ချီပုချမ်၏ "အရသာ"နှင့် "အမှတ်တရ"များကို အိမ်သို့ ပါယူသွားနိုင်မည် ဖြစ်သည်။

图片 9

ညမိုးချုပ်သည် နှင့်အမျှ မီးပုံညပွဲကို အချိန်မီ စတင်ကျင်းပမည်။ ယူနန် တာထျောင့်(အကတစ်မျိုး)အဖွဲ့သည် အားလုံးကို ဦးဆောင်ပြီး ယီလူမျိုးအကကသူများသည် ရိုးရှင်းသော အကများကို သင်ကြားပေး၍ ရွှင်မြူးတက်ကြွသော ဒေသခံရိုးရာသီချင်းများ နှင့်အတူ လူတိုင်းသည် မီးဝိုင်းပြီး ကခုန်ကြ၍ ယီလူမျိုး၏ ရိုးရာဓလေ့ထုံးစံများကို နှစ်မြှုပ်စွာ ခံစားကြမည် ဖြစ်သည်။

图片 10

ယဉ်ကျေးမှုဖြင့် အားဖြည့်ခြင်း

စာဖတ်ပွဲမှ စက်မှုလုပ်ငန်းဆယ်လွန်အထိ၊ တို့ဟူး၏ "ယဉ်ကျေးမှုကုဒ်" ကို သော့ဖွင့်ခြင်း

အစားအသောက်နှင့် ပျော်ရွှင်မှုများသာမက၊ ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာ ပြည့်ပြည့်ဝဝလည်း ပါဝင်သည်။ အောက်တိုဘာလ ၃၁ ရက်နေ့တွင် "ပဲသီးများ၏ ရနံ့နှင့် စာအုပ်များ၏ ရနံ့" ဟူသော စာဖတ်ပွဲ ကျင်းပသွားမည် ဖြစ်သည်။ ဧည့်သည်များသည် တို့ဟူး၊ ဇာတိရပ်ရွာ လွမ်းဆွတ်တမ်းဆခြင်းနှင့် ပတ်သက်သော စာပေလက်ရာများကို မျှဝေကြပြီး စာပေရှုထောင့်မှ တို့ဟူး၏ သမိုင်းဆိုင်ရာ အဆင့်အတန်းကို ရှင်းပြကြမည် ဖြစ်သည်။

图片 11

နိုဝင်ဘာလ ၂ ရက်နေ့တွင် ကျင်းပသည့် စက်မှုလုပ်ငန်းဆယ်လွန်သည် တို့ဟူးစက်မှုလုပ်ငန်း၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစူးစိုက်မည် ဖြစ်သည်။ လုပ်ငန်းကိုယ်စားလှယ်များနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဆက်ခံသူများသည် "တို့ဟူးသည် ထုပ်ပိုးခြင်းဖြင့် လူငယ်များကို ဆွဲဆောင်နည်း" နှင့် "ချီပုချမ်တို့ဟူး၏ နှစ်စဉ်အထွက်တန်ဖိုး ယွမ်သန်း ၃၀ ၏ နောက်ကွယ်ဇာတ်လမ်း" စသည့် ခေါင်းစဉ်များကို ဝိုင်းပတ်ပြီး ဆွေးနွေးကာ ကျေးလက် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုချက်များကို ပေးကြမည် ဖြစ်သည်။ 

图片 12

နှစ် ၆၀၀ သက်တမ်းရှိသည့် ပဲရနံ့သည် ဤဆောင်းဦးရာသီတွင် အရသာအသစ် ပေါ်ပေါက်လာသည်။ အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ ချမ်ကုမ်ခရိုင် ချီပုချမ် တို့ဟူးယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပွဲသို့ "အရသာရှိ၊ ပျော်စရာကောင်း၊ ကြည့်ကောင်း"သော ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပွဲတွင် လာရောက်ပါဝင်ကြပါ။

金秋十月,豆香漫城。10月31日至11月2日,承载着六百年非遗记忆的呈贡区第六届七步场豆腐文化旅游节,将在乌龙街道七步场社区启幕。

图片 1

这场以“扬豆腐文化 品非遗韵味”为主题的文旅盛宴,紧扣“文化传承、产业振兴、全民参与、科技赋能”四大主线,把豆腐美食、非遗体验、民俗狂欢揉进三天时光里,尤其豆腐长街宴的烟火气与非遗巡游的热闹劲,更让老传统玩出了新花样,邀你共赴一场“舌尖+视觉+体验”的全方位盛宴。

图片 2

六百年豆腐非遗

从作坊里的匠心到产业里的底气

作为昆明豆腐文化的发源地与传承地,七步场的豆腐制作技艺,是刻在社区基因里的坚守——160余名专业匠人守着40余家豆腐作坊,每天将15吨新鲜豆腐送往餐桌,年产值超4000万元,单是豆腐宴餐厅年营收就突破3000万元,节假日高峰时一天能接待5000多名食客。

在这里,豆腐从不是简单的食材。老匠人磨豆、点卤、压制的每一步,都藏着六百年的手艺密码;餐桌上的一块臭豆腐、一碗豆腐羹,承载的是老昆明的乡愁记忆。如今,这份匠心正从作坊走向更大的舞台,成为呈贡文旅融合、乡村振兴的“金字招牌”。

图片 3

味觉狂欢

百桌长街宴开席,豆腐玩出“传统+潮流”新花样

10月31日一早,七步场社区的主干道上,百张餐桌将沿街铺开,一场能容纳数千人的豆腐长街宴即将开席。午餐、晚餐两个时段,食客们能沉浸式体验“坐吃一条街”的热闹。今年为了适配降温天气,长街宴特意加入正宗石林黑山羊汤锅,让特色豆腐的鲜与现宰羊肉的醇完美融合,一口热汤下肚,暖意从胃里直窜全身。

图片 4

要是想尝点新鲜的,“海盐豆乳冰萃”“花样豆腐美式”绝对不能错过。当绵密的豆乳撞上浓郁的咖啡,一口下去既有传统食材的温润,又有潮流饮品的清爽,刚推出就成了年轻游客的“打卡必点”。

图片 5

更惊艳的是,中国烹饪大师陈生合带来的12道“豆腐鲜花菜肴”。作为昆明市非物质文化遗产花卉菜肴烹饪技艺传承人,他把石榴花、玫瑰花等当季可食用花卉,融入豆腐料理。

图片 6

想吃得更有“仪式感”,还能蹲守2025年呈贡区第二届厨艺技能竞赛。比赛分专业组和职工组,赛后观众还能免费品尝获奖菜品,近距离感受“呈贡味道”的匠心。

图片 7

全民狂欢

非遗巡游+沉浸式体验,白天玩到黑夜不停歇

白天的七步场,最热闹的要数非遗巡游“豆乐狂欢”。70名社区居民和10余名专业演员身着传统服饰,伴着大三弦的欢快节奏,沿着长街宴和非遗集市缓缓行进。每走一段,巡游队伍还会停下跳快闪舞蹈,邀请路人一起加入,让欢乐氛围感染在场每个人。

图片 8

若想深度体验非遗,“豆豆奇遇”非遗集市是必去之地。这里以“一粒黄豆与一粒咖啡豆碰撞”为主题,分成非遗体验区、游戏打卡区、云南好品展销区和手工创意工坊四大板块,游客不仅能免费跟着非遗传承人学老手艺,参与传统与现代游戏,还能把七步场的“味道”和“记忆”带回家。

图片 9

等到夜幕降临,篝火打跳之夜准时开启。云南打跳队会带着大家入场,彝族舞者手把手教简单的打跳动作,随着欢快的地方民歌,所有人围着篝火起舞,沉浸式感受彝族风情。

图片 10

文化赋能

从读书会到产业沙龙,解锁豆腐的“文化密码”

这场豆腐文化旅游节,不只有吃喝玩乐,更有满满的“文化干货”。10月31日,“豆香×书香”默庐读书会将在社区举行,嘉宾会分享与豆腐、乡愁相关的文学作品片段,从文学视角解读豆腐的历史地位。

图片 11

11月2日的“滇豆论剑”产业沙龙,则聚焦豆腐产业的未来发展。企业代表和非遗传承人会围绕“豆腐包装怎么吸引年轻人”“七步场豆腐年产值3000万元背后的故事”等话题展开讨论,为乡村产业发展出谋划策。

图片 12

六百年的豆香,在这个秋天有了新的味道。10月31日至11月2日,来呈贡七步场豆腐文化旅游节,赴一场“好吃、好玩、好看”的文旅盛宴。

အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်