ယူနန်ပြည်နယ် မန်စီမြို့ရှိ သလဲသီးလုပ်ငန်းသည် "အကိုင်းအခက်များပေါ်ရှိ အနီရောင်" မှ "လုပ်ငန်း ထက်သန်ခြင်း" သို့ ဖြစ်လာ
2025-10-17 17:40|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယခုနှစ်များတွင် သိပ္ပံနည်းပညာဖြင့် အားဖြည့်မှုနှင့် ဈေးကွက်လိုအပ်ချက်တို့ကြောင့် ယူနန်ပြည်နယ် ဟုန်ဟယ် ဟာနီလူမျိုး ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မန်စီမြို့သည် သလဲသီးများကို နက်ရှိုင်းစွာ အချောကိုင်ခြင်းကို ဗဟိုပြု၍ ခေတ်မီနည်းပညာများ၊ စက်ကိရိယာများနှင့် လူချွန်များကို စဉ်ဆက်မပြတ် သွင်းယူလာ၍ သလဲသီးဝိုင်များ၊ သလဲသီးကိတ်မုန့်များ၊ သလဲသီးဖျော်ရည်များနှင့် အဖျော်ယမကာများ စသည့် ထွက်ကုန်များကို ထုတ်လုပ်ပြီး ဈေးကွက်သို့ ဖြန့်ဖြူးရောင်းချပေး၍ ရိုးရာစက်မှုလုပ်ငန်း၏ နယ်နိမိတ်များကို ဖြတ်ကျော်ပြီး သလဲသီးများကို ဒေသတွင်းစီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူများ၏ ဝင်ငွေတိုးပွားစေရန် "ရွှေအင်ဂျင်" ဖြစ်လာစေခဲ့သည်။
မန်စီတွင် သလဲသီးစိုက်ပျိုးမှု သမိုင်းကြောင်း ရှည်လျား၍ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ သလဲသီး စိုက်ပျိုးရေး ဧရိယာသည် အမိုပေါင်း ၇.၇ သောင်း ရှိပြီး သလဲသီး၏ အမှတ်တံဆိပ်တန်ဖိုးသည် အယွမ် ၃.၇၄၁ ဘီလီယံ အထိ ရောက်ရှိခဲ့သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
- ကဗျာဆန်မှုနှင့် တွေ့ဆုံခြင်း၊ ယူနန်ရထားလမ်းမှ ပန်းရှုစားခြင်း အထူးရထား စတင်ပြေးဆွဲခဲ့
- ကူမင်း-ယွိရှီး ရထားလမ်းရှိ ကူယန်ဘူတာရုံကို ပြန်လည်ပြုပြင်ပြီးနောက် ပြန်ဖွင့်ခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့
- ရပ်ဝန်းနှင့် ပိုးလမ်းမ၊ ကူမင်းမြို့မှ စတင်ထွက်ခွာပြီး လာအိုသို့ ရထားဖြင့် အလည်သွားခြင်း
- ယူနန်ပြည်နယ်၏ ပန်းလုပ်ငန်းများကိုယ်စားလှယ်အဖွဲ့သည် အလယ်အာရှ ပရော်ဖက်ရှင်နယ်ပြပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ခဲ့
- တရုတ်နိုင်ငံ ကျင်ဟုန်မြို့- လာအိုနိုင်ငံ ပန်ရှန်ကော် နိုင်ငံတကာ ခရီးသည်တင် ဘတ်စ်ကားလိုင်းကို တရားဝင် စတင်ပြေးဆွဲ
- André Haspels က နယ်သာလန်-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် ပန်းကဲ့သို့ ဝေဆာပွင့်လန်းနေကြောင်း ပြောကြားခဲ့




