လန်ချန်း-မဲခေါင်မြစ် နိုင်ငံတကာ ခရီးသွား ရေကြောင်းပို့ဆောင်ရေးကို စတင်လိုက်ပြီ
2025-10-06 14:51|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အောက်တိုဘာလ ၁ ရက်နေ့တွင် ဆစ်ဆောင်ပန်းနား လန်ချန်း-မဲခေါင်မြစ် နိုင်ငံတကာ ခရီးသွား ရေကြောင်းပို့ဆောင်ရေးကို တရားဝင် စတင်ခဲ့သည်။
ပထမဆုံး နိုင်ငံတကာ ခရီးသွား ရေကြောင်းပို့ဆောင်ရေး သင်္ဘောသည် ဆစ်ဆောင်ပန်းနား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲရှိ ကျင်ဟုန်ဆိပ်ကမ်းမှ ထွက်ခွာပြီး ကွမ်းလေဆိပ်ကမ်းသို့ ရောက်ရှိပြီး ပြည်ထွက်ရန် အမှုကိစ္စများကို ဆောင်ရွက်ပြီးဆုံးသွားပြီးနောက် လန်ချန်း-မဲခေါင်မြစ် တစ်လျှောက် ရေကြောင်းအလိုက် အောက်သို့ သွားပြီး နောက်ဆုံးတွင် ထိုင်းနိုင်ငံ ချင်းစိန်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။ ၄င်းမှာ နိုင်ငံ ၆ နိုင်ငံကို ဆက်သွယ်ထားသော ဤရွှေရောင်ရေလမ်းကြောင်းသည် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ရောနှောပေါင်းစပ်သော နယ်ပယ်၌ ထိုးဖောက်အောင်မြင်မှုသစ်များ ရရှိနေပြီ လက္ခဏာဆောင်ထားပြီး လန်ချန်း-မဲခေါင်ဒေသရှိ နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားဖြည့်ပေးသည်။
တရုတ်နိုင်ငံရှိ ဆစ်ဆောင်ပန်းနား၊ ထိုင်းနိုင်ငံရှိ ချင်းရိုင်နှင့် ချင်းမိုင်၊ လာအိုနိုင်ငံရှိ လွမ်ပရာဘမ်တို့ကို ဆက်သွယ်သည့် လန်ချန်း-မဲခေါင်မြစ် တစ်လျှောက်ရှိ ရိုးရာဓလေ့ထုံးစံများနှင့် လူမှုရေးအခြေအနေများကို ခံစားနိုင်သည့် ဤလေးညအိပ် ငါးရက် ခရီးစဉ်လမ်းကြောင်းသည် Yunnan Gold Peacock Tourism Group Co.,Ltd. မှ တီထွင်လုပ်ကိုင်ခဲ့ပြီး ရေကြောင်း၊ ကုန်းကြောင်း၊ လေကြောင်းနှင့် ရထားလမ်း နည်း ၄ ခုဖြင့် ပူးတွဲသယ်ယူပို့ဆောင်သည်။ ဤလမ်းကြောင်းသည် "ရေကြောင်းနှင့် ယဉ်ကျေးမှုခရီးသွားလုပ်ငန်း" ရောနှောပေါင်းစပ်မှုကို အဆင့်သစ်တစ်ခုသို့ တွန်းအားပေးခဲ့၍ ခရီးစဉ်အတွင်း ခရီးသည်များသည် လန်ချန်း-မဲခေါင်မြစ် တစ်လျှောက်ရှိ ရှုခင်းများကို အပြည့်အဝ ကြည့်ရှုနိုင် ရုံသာမက နိုင်ငံခြား ယဉ်ကျေးမှုများကိုလည်း နက်နက်ရှိုင်းရှိုင်း ခံစားနိုင်ကာ "သင်္ဘောတစ်စင်းတည်းဖြင့် နိုင်ငံများစွာကို ခရီးသွားခြင်း"ကို အကောင်အထည်ဖော်နိုင်သည် ဖြစ်သည်။
မိတ်ဆက်ချက်များအရ ဆစ်ဆောင်ပန်းနားပြည်နယ်ခွဲသည် ခရီးသည်အရင်းအမြစ်များ ဆိုင်ရာ မွေးမြူခြင်း လျာထားချက်ကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်ပြီး ပိုမိုထွေပြားစုံလင်သော လန်ချန်း-မဲခေါင်မြစ် တစ်လျှောက်ရှိ ခရီးသွားလမ်းကြောင်း ထုတ်ကုန်များကို တင်ပြပြီး ပိုမိုသာယာဝပြောသော လန်ချန်း-မဲခေါင်မြစ် တစ်လျှောက်ရှိ ""ရွှေဝါရောင် ခရီးသွားဝိုင်းကို ဖန်တီးပြီး ဆစ်ဆောင်ပန်းနားကို တောင်အာရှ အရှေ့တောင်အာရှ မျက်နှာမူသည့် ကမ္ဘာကျော် ခရီးသွားမြို့ဖြစ်ရန် တည်ဆောက်သည့်အတွက် အားကောင်းသော တွန်းအားဖြည့်ပေးမည် ဖြစ်သည်။
10月1日,西双版纳澜沧江·湄公河国际旅游航运正式启航。
首艘国际旅游航运船舶从西双版纳傣族自治州景洪港出发,抵达关累口岸办理出境手续后将沿澜沧江—湄公河顺流而下,最终抵达泰国清盛港。这标志着这条连接六国的黄金水道在文旅融合领域实现新突破,为澜湄区域跨境旅游发展注入动力。
这条“中国西双版纳+泰国清莱+泰国清迈+老挝琅勃拉邦”的五天四晚澜湄风情之旅线路,由云投金孔雀旅游集团开发,采用水陆空铁四式联运。该线路将“水路+文旅”融合推向新高度,行程中游客既能饱览澜湄流域风光,又能深度体验异域文化,实现“一船游多国”。
据介绍,西双版纳州将加快客源培育进度,推出更加丰富的澜湄流域旅游线路产品,打造更加繁荣的澜湄“黄金旅游圈”,为西双版纳建设面向南亚东南亚世界旅游名城注入强劲动力。(云南日报 记者戴振华)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို
