ကူမင်းမြို့သည် နွေရာသီကျောင်းပိတ်ရက်တွင် ခရီးသွားရန် ရေပန်းစားသော နေရာတစ်ခု ဖြစ်လာ

2025-07-10 18:09|ရောင်စုံတိမ်တံတား

ကျောင်းသုံးစာအုပ်များစွာတွင် ဖော်ပြထားသော ကူမင်းမြို့သည် ထူးခြားသော သဘာဝရှုခင်းများနှင့် နက်ရှိုင်းကြံ့ခိုင်သော သမိုင်းဝင်ယဉ်ကျေးမှု အကြောင်းစုံများကြောင့် ကျောင်းဆင်းကျောင်းသားအတွက် နှစ်သက်သော ရည်မှန်းချက်နေရာတစ်ခု ဖြစ်လာပြီး ကျောင်းသုံးစာအုပ်အတွင်းအပြင်ရှိ ထူးခြားဆန်းပြားမှုများကို မှန်ကန်ကြောင်း သက်သေတင်ပြရန် ဆွဲဆောင်ခဲ့ကြသည်။

1

ရှေ့စဉ်နောက်ဆက် ကျောင်းပိတ်ခြင်းနှင့်အမျှ ကူမင်းမြို့ရှိ လေဆိပ်နှင့် ဘူတာရုံများ၌ ပျားပန်းခပ်မျှ စည်ကား၍ ဥယျာဉ်များထဲ၌ ခရီးသည်များမှာ ဝင်ထွက်သွားလာနေကြပြီး ကျောင်းသူကျောင်းသားများ၊ မိသားစုများသည် ခရီးသွားသည့် အဓိကလူအုပ် ဖြစ်လာနေပြီ ဖြစ်သည်။

3

4

ခရီးသွားပလက်ဖောင်းများမှ အချက်အလက်များအရ ယခုနှစ် နွေရာသီကျောင်းပိတ်ရက်တွင် လေယာဉ်လက်မှတ်၊ ဟိုတယ်၊ အဝင်လက်မှတ်၊ ကားအငှား စသည့် ခရီးသွားဝန်ဆောင်မှုများ၏ အော်ဒါအမှာစာ အရေအတွက်သည် လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် သိသိသာသာ တိုးလာသည် ဖြစ်ပြီး နွေအပူဒဏ်ရှောင်ခြင်းသည် အဓိကမောင်းနှင်အား ဖြစ်ကာ ၎င်းတို့အနက် "နွေရာသီ ၂၀ ဒီဂရီစင်တီဂရိတ်ရှိခြင်း" ဖြင့် နည်မည်ကျော်ကြားသော ကူမင်းမြို့သည် ရေပန်းစားသည် ဖြစ်ကြောင်း သိရှိရခဲ့သည်။ Tongcheng Travel မှ နောက်ဆုံးအချက်အလက်များအရ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုပြီးနောက် ကျောင်းဆင်းခရီးသွားရန် အော်ဒါအမှာစာ အရေအတွက်သည် ၁၃၇ ရာခိုင်နှုန်း တိုးလာခဲ့ကာ ကူမင်းမြို့သည် ရေပန်းစားသော နေရာများထဲမှ ဒုတိယနေရာ တည်ရှိသည် ဖြစ်ကြောင်း သိရှိရခဲ့သည်။ ထို့ပြင်၊ Ctrip မှ ကားအငှားအချက်အလက်များအရ ကူမင်းသည် နွေရာသီကျောင်းပိတ်ရက်တွင် ကိုယ်တိုင်ကားမောင်းသည့် ရေပန်းစားသော ပြည်တွင်းနေရာများထဲမှ ပဉ္စမ နေရာ တည်ရှိသည် ဖြစ်ကြောင်း သိရှိရခဲ့သည်။ "နွေဦးမြို့" နှင့် "ပန်းမြို့တော်" အနေဖြင့် ကူမင်းတွင် နှစ်စဉ် ပျမ်းမျှအပူချိန် ၁၅ ဒီဂရီစင်တီဂရိတ်ခန့် ရှိပြီး နှစ်စဉ် အပူချိန်ကွာခြားချက်မှာ တရုတ်နိုင်ငံတွင် အသေးငယ်ဆုံးဖြစ်၍ ထူးခြားသော ရာသီဥတုကြောင့် ၄င်းသည် နွေအပူဒဏ်နှင့် ဆောင်းအအေးဒဏ် ရှောင်နိုင်သော ကမ္ဘာပေါ်ရှိ အကောင်းဆုံးနေရာ အနည်းငယ်ထဲမှ တစ်ခုဖြစ်လာ၍ "နွေအပူဒဏ်ရှောင်ရန် အကောင်းဆုံးမြို့" နှင့် "တရုတ် နွေအပူဒဏ်ရှောင်ရန် နာမည်ကြီးမြို့စာရင်းထဲမှ ပထမမြို့" စသည့် နာမည်ကောင်းများကို အကြိမ်များစွာ ရရှိခဲ့သည်။

8

9

10

7

နွေရာသီကျောင်းပိတ်ရက်တွင် ခရီးသွားထုတ်ကုန်များကို ကြွယ်ဝစေသည့်အတွက် ကူမင်းရှိ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများသည် တစ်ခုတည်းသော ထုတ်ကုန်ဆိုင်ရာ ပြိုင်ဆိုင်မှုမှ ရှုခင်းဖန်တီးမှုသို့ အဆင့်မြှင့်တင်ရန် တက်ကြွစွာ ကြိုးပမ်းအားထုတ် ဆောင်ရွက်ခဲ့သည်။ လက်ရှိတွင် ယူနန်ပြည်နယ်ရှိ A အဆင့် ရှုခင်းသာနေရာ ၁၂၆ ခုသည် ယခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသည့် ကျောင်းသားများအား အခမဲ့လက်မှတ်များကို ပေးဆောင်ခဲ့၍ ခရီးသွားဈေးကွက်သို့ ဝင်ရောက်ရန် ဆွဲဆောင်ခဲ့ကြသည်။ နွေအပူဒဏ်ရှောင်ခြင်း၊ မိဘနှင့်သားသမီး၊ သုတေသနပြုခြင်း စသည့် ခေါင်းစဉ်များကို ဗဟိုပြု၍ အထူးသုတေသနပြုခရီးစဉ်၊ သိပ္ပံပညာ သုတေသနပြုခြင်းဆိုင်ရာ နွေရာသီအခြေစိုက်စခန်း စသည့် ခရီးသွားထုတ်ကုန်မျိုးစုံကို တင်ပြခဲ့သည်။ တစ်ချိန်တည်းတွင် "အိမ်ဝင်းငယ်ရှိ ခရီးသွားလာရေး" ဟူသော အထူးမြင်ကွင်းများကို ဖန်တီးခြင်း စသည်တို့ဖြင့် သဘာဝနှင့် လူမှုရေး အတွေ့အကြုံများကို ရောနှောပေါင်းစပ်စေသည်။ အစားအသောက်နယ်ပယ်တွင်လည်း အဆက်မပြတ် အဆန်းထွင်၍ ယူနန်ရိုးရာအရသာများနှင့် ခေတ်မီဖန်တီးမှုများတို့ ပေါင်းစပ်ပြီး တောရိုင်းမှိုဆိုင်ရာ နယ်စပ်ဖြတ်ကျော် အစားအစာများနှင့် ဒိန်ခဲနှင့် မြေအိုးမြီးရှည်ပြုတ်ခြင်း စသည်တို့ကို လူကြိုက်များသော အစားအစာအသစ်များ ဖြစ်လာစေခဲ့သည်။

昆明,这座在很多课本中被提及的“春城”,以其独特的自然风光、深厚的历史文化底蕴,成为众多毕业生心仪的目的地,吸引着他们去印证课本内外的别样精彩。

1

随着学生陆续放假,昆明的机场、火车站人流如织,各大公园内游客往来穿梭,学生群体与亲子家庭已成出游主力军。

3

4

旅游平台数据显示,今年暑期机票、酒店、门票、租车等旅游服务预订量同比大幅增长,避暑是核心驱动力,其中,以“20℃夏天”著称的昆明表现突出。同程旅行最新数据显示,高考后“空档期”毕业游预订量激增137%,昆明高居热门目的地第2位。另外,携程租车数据显示,昆明还跻身暑期国内自驾热门目的地第5位。作为“春城”“花都”,昆明常年平均气温约15℃,年温差为全国最小,独特的气候使其成为全球少有的避暑、避寒优选地,曾多次获评“最佳避暑城市”“中国避暑名城榜榜首”等称号。

8

9

10

7

为丰富暑期旅游产品供给,昆明文旅行业积极发力,从单一产品竞争向场景营造升级转型。目前,云南126家A级景区面向应届高考生免票,为旅游市场引流;围绕避暑、亲子、研学等主题,推出特色研学线路、科考夏令营等多元旅游产品。同时,打造“小院游”特色场景等融合自然与人文体验;美食领域也创新不断,传统滇味与现代创意结合,野生菌跨界美食、芝士小锅米线等成为新宠。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်