ရှုခင်းကြည့်ဘတ်စ်ကား စတင်ပြေးဆွဲ၊ ရွှေ့ပြောင်းသည့် "Monet ၏ပန်းခြံ"သည် သင့်ကို ကူမင်းမြို့၌ "တောထဲတွင် ရှူရှိုက်ခြင်း"ကို ခံစားစေ
2025-07-04 16:25|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) "ဘတ်စ်ကားပေါ်ရောက်တာနဲ့ ပန်းပွင့်တွေရဲ့ ထူးခြားဆန်းကြယ်တဲ့ ကမ္ဘာထဲကို ဝင်ရောက်သလို ခံစားရတယ်။ လတ်ဆတ်တဲ့ ခြောက်လပန်းတွေ ရှိနေတယ်၊ အဲဒါက အံ့သြစရာကောင်းတယ်။ ဘတ်စ်ကားရဲ့ ထောင့်တိုင်းက Monet ရဲ့ပန်းခြံရဲ့ အငွေ့အသက်တွေနဲ့ ပြည့်နေတယ်။"
ဇွန်လ ၂၈ ရက်နေ့တွင် ကူမင်းမြို့ ဖန်လုံရပ်ကွက်ရှိ "Great Expo၊ တောထဲတွင် ရှူရှိုက်ခြင်း" ဟူသော ခေါင်းစဉ်ဖြင့် နှစ်ထပ်ရှုခင်းကြည့်ဘတ်စ်ကားသည် စတင်ပြေးဆွဲခဲ့ပါသည်။
ဤလှပသော ရှုခင်းကြည့်ဘတ်စ်ကားသည် ကူမင်းရှိ "ရွှေရောင် ခရီးသွားလမ်းကြောင်း" ၆ လိုင်းထဲမှ တစ်လိုင်းဖြစ်သည့် Great Expo ဧရိယာ ဂေဟဗေဒ ပေါ်ပြူလာသိပ္ပံ ခရီးသွားလမ်းကြောင်းကို ချိတ်ဆက်ခြင်းအားဖြင့် ခရီးသည်များအတွက် "ကားသည် ရှုခင်းထဲတွင် ပြေးဆွဲခြင်း၊ လူသည် ပန်းချီကားထဲတွင် လည်ပတ်ခြင်း" ဟူသော ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ ခရီးစဉ်ကို ပေးပါသည်။
ရှုခင်းကြည့်ဘတ်စ်ကားသည် တုန်းဖုန်းကွင်းပြင်မှ ထွက်ခွာ၍ Kunming World-Horti Expo Garden၊ ကူမင်း ဂျင်းတျန့်ရှုခင်းသာနေရာ၊ ယူနန်တောရိုင်းတိရစ္ဆာန်ဥယျာဉ်၊ ကူမင်းရေတံခွန်ဥယျာဉ်၊ 871 ယဉ်ကျေးမှုနှင့် ဆန်းသစ်တီထွင်မှုအလုပ်ရုံ၊ ကူမင်းရုက္ခဗေဒဥယျာဉ် ဟူသော ကားဂိတ် ၆ ခုကို ဖြတ်ကျော်၍ ဟင်လုံထန်ဥယျာဉ်သို့ ရောက်ရှိပါသည်။ လမ်းကြောင်းတစ်လျှောက်လုံး စုစုပေါင်း ၂၇ ကီလိုမီတာ ရှည်လျားပြီး တစ်ကြိမ် အသွားအပြန် ၃ နာရီခန့်လို၍ နေ့စဉ် ၉ နာရီခွဲနှင့် ၁၄ နာရီတို့တွင် ထွက်ခွာမည် ဖြစ်ပြီး မည်သည့် ကားဂိတ်တွင်မဆို တက်နိုင်ပါသည်။
ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၇ ရက်နေ့အထိ၊ ခရီးသည်များသည် ဤနှစ်ထပ်ရှုခင်းကြည့်ဘတ်စ်ကားကို စီးလျှင် လူတစ်ယောက် ၉.၉ ယွမ်သာ လိုသည့် လက်မှတ်ကို ဝယ်ယူနိုင်ပါသည်။
ရှုခင်းကြည့်ဘတ်စ်ကား၏ ကိုယ်ထည်သည် ပန်းများနှင့် မှိုများကို ခေါင်စဉ်ဖြင့် Great Expo ဧရိယာ၏ ဂေဟဗေဒလက္ခဏာများကို ပြသထားပါသည်။
ဘတ်စ်ကား၏ ပထမထပ်တွင် "ခေါင်းနီစင်ရော်နှင့် လတ်ဆတ်သောပန်း" ဟူသော ခေါင်းစဉ်ဖြင့် ယဉ်ကျေးမှုနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဧရိယာ ရှိ၍ ခရီးသည်များသည် ခေါင်းနီစင်ရော်ဆိုင်ရာ အရုပ်များနှင့် နွေဦးမြို့၏ အငွေ့အသက်များနှင့် ပြည့်စုံသော ရေခဲသေတ္တာသံလိုက်များ စသည့် အမှတ်တရလက်ဆောင်များကို ဝယ်ယူနိုင်ပါသည်။
ဘတ်စ်ကား၏ ဒုတိယထပ်တွင် ပန်းများဝန်းရံထားသော အပန်းဖြေနေရာကို စီစဉ်ထား၍ ခရီးသည်များသည် ဓာတ်ပုံရိုက်နိုင် ရုံသာမက ပန်းပင်လယ်ထဲတွင် လမ်းတစ်လျှောက်ရှိ လှပသောရှုခင်းများကိုလည်း ရှုစားနိုင်ကာ ကူမင်းမြို့၏ ရိုမန်တစ်ဆန်သော အခြေအနေများကို နက်ရှိုင်းစွာ ခံစားနိုင်ပါသည်။
ခရီးလမ်းညွှန်ရှင်းပြသူသည် Great Expo ဧရိယာ ဂေဟဗေဒ ပေါ်ပြူလာသိပ္ပံ ခရီးသွားလမ်းကြောင်းကို ခရီးသည်များအား ပိုမိုနားလည်သဘောပေါက်စေရန် ဘတ်စ်ကားပေါ်တွင် ရှင်းလင်းဖော်ပြမည် ဖြစ်ပါသည်။
ကူမင်းရုက္ခဗေဒဥယျာဉ် လည်ပတ်ခြင်း၊ ယူနန်တောရိုင်းတိရစ္ဆာန်ဥယျာဉ်ရှိ ချစ်စရာကောင်းသော တိရိစ္ဆာန်များနှင့် အပြန်အလှန် ဆက်ဆံခြင်း၊ ဂျင်းတျန့်ရှုခင်းသာနေရာတွင် လက်ဖက်ရည် မြည်းစမ်းခြင်းနှင့် အော်ပရာနားဆင်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ပါသည်။ လက်ရှိတွင် ပိုများသော ခရီးသည်များသည် Great Expo ဧရိယာ ဂေဟဗေဒ ပေါ်ပြူလာသိပ္ပံ ခရီးသွားလမ်းကြောင်းအလိုက် ခန္ဓာကိုယ်နှင့် စိတ်တို့ကို ပျော်ရွှင်စေသည့် ဂေဟစနစ်၊ သဘာဝနှင့် လူမှုရေးဆိုင်ရာ ခရီးစဉ်တစ်ခုကို စတင်၍ "တောထဲတွင် ရှူရှိုက်ခြင်း"ကို အားရပါးရ ဆောင်ရွက်၍ စိမ်းလန်းစိုပြေပြီး သာယာလှပသော နွေဦးမြို့ကို ခံစားကြပါသည်။
“上车就感觉进入了鲜花的奇幻世界,还有新鲜的绣球花相迎,好惊喜。车上每个角落都充满了莫奈花园的氛围。”
6月28日,昆明市盘龙区“大世博 森呼吸”主题双层旅游观光巴士首发。
这辆高颜值的观光巴士,通过串联昆明6条“黄金旅游线路”之一的大世博片区生态科普旅游线路,为乘客带来“车在景中行,人在画中游”的生物多样性之旅。
观光巴士从东风广场出发,经过昆明世博园、金殿名胜区、云南野生动物园、昆明瀑布公园、871文化创意工场、昆明植物园6个站点,到达黑龙潭公园。线路全长27千米,单次往返用时约3小时,每日9:30、14:00发车,中途站点可随到随上。
6月28日至7月7日,乘客乘坐“大世博 森呼吸”主题双层旅游观光巴士,可以购买9.9元/人的早鸟票。
观光巴士的车身以花与菌为主题,展现大世博片区的生态特色。
巴士一层车厢有“海鸥与鲜花”主题文创区,乘客可以购买海鸥主题玩偶、春城氛围感满满的冰箱贴等伴手礼。
巴士二层打造花团锦簇的休憩观光区,乘客不仅可以拍照打卡,也能在花海里欣赏沿途美景,沉浸式感受春城花都的浪漫风情。
讲解员随车讲解,让乘客更好了解大世博片区生态科普旅游线路。
探访昆明植物园,和云南野生动物园的萌趣动物互动,在金殿名胜区品茶、听戏⋯⋯目前,正有越来越多游客跟着大世博片区生态科普旅游线路,来一场身心愉悦的生态自然人文之旅,尽情“森呼吸”,感受绿美春城。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ကျောက်ဇီတောင်တွင် ဇလပ်နီပန်း ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ကျင်းပမည်
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
- အမှည့်စောသော ဘေဘာရီသီးများသည် ဈေးကွက်တွင် စတင်ရောင်းချခဲ့
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မေဒေး အားလပ်ရက်အတွင်း ရွှေလီဆိပ်ကမ်းတွင် ပြည်ဝင်ပြည်ထွက် သွားလာမှု ပမာဏသည် အကြိမ်ရေ ၇.၅၉ သောင်းအထိ ရောက်ရှိခဲ့
- မဟာမဲခေါင်ဒေသခွဲရှိ တရုတ်-လာအို-ကမ္ဘောဒီးယား နယ်စပ်ဖြတ်ကျော် တိုက်ရိုက် သယ်ယူပို့ဆောင်ရေး စတင်
- ယူနန်ပြည်နယ်မှ Tachysurus fulvidraco များကို ထိုင်းနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- တရုတ်နိုင်ငံ ယူနန်ပြည်နယ်- ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အထူးထုတ်ကုန်မိတ်ဆက်ပွဲကို ကျင်းပခဲ့