ယူနန်ပြည်နယ်တွင် ပထမဆုံး ရောနှောတင်ဆောင်ရထားသည် မြန်မာနိုင်ငံသို့ ခုတ်မောင်းသွားခဲ့
2025-06-29 15:30|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ဇွန်လ ၁၄ ရက်နေ့တွင် ယူနန်ပြည်နယ်၌ ပထမဆုံး "ဈေးကွက်ဝယ်ယူရေးကုန်သွယ်မှု + လန်ချန်း-မဲခေါင်လိုင်း" ရောနှောတင်ဆောင်ရထားသည် ကူမင်းမြို့ရှိ ဝမ်ကျာရင် အနောက်ကွန်တိန်နာစင်တာ ဘူတာရုံမှ ထွက်ခွာခဲ့ပြီး တန်ဖိုး ယွမ် ၃၈.၄ သောင်းရှိသည့် ကုန်မာပစ္စည်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများ တစ်သုတ်ကို တရုတ်-လာအို ရထားလမ်းမှ လန်ချန်း-မဲခေါင်လိုင်းဖြင့် မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ချောချောမွေ့မွေ့ ပို့ဆောင်ခဲ့သည်။
တရုတ်-လာအို ရထားလမ်း၏ "ရွှေဝါရောင်လမ်းကြောင်း" ဟူသော အကျိုးသက်ရောက်မှုများကို တစ်ဆင့်တိုး၍ ပုံကြီးချဲ့ရန်၊ ဒေသတွင်း ကုန်စည်စီးဆင်းမှု၊ ကုန်စည်အကောက်ခွန်ရှင်းလင်းရေးနှင့် အရေးပါသော အကြောင်းအချက်များစီးဆင်းမှုတို့၏ သက်သာလွယ်ကူမှု အရည်အချင်းကို တိုးမြှင့်ရန်အတွက် ကူမင်းမြို့ကုန်သွယ်ရေးဌာန၊ ကွမ်းဒုရပ်ကွက် ပြည်သူ့အစိုးရတို့သည် ကူမင်းစာတိုက်အကောက်ခွန်ဌာန၊ တိန်ကျုံအကောက်ခွန်ဌာန၊ China Railway Kunming Group Co., Ltd. တို့နှင့် တက်ကြွစွာညှိနှိုင်း၍ "ဈေးကွက်ဝယ်ယူရေး + လန်ချန်း-မဲခေါင်လိုင်း" ၏ တစ်မျိုးတည်းသော ကုန်စည်အပေါ် အခြေခံပြီး "ဈေးကွက်ဝယ်ယူရေး + လန်ချန်း-မဲခေါင်လိုင်း" ရောနှောတင်ဆောင်မှု ပုံစံအသစ်ကို ဆက်လက် စူးစမ်းလေ့လာခဲ့ကြသည်။
ဤပုံစံသည် ကူမင်းစာတိုက်အကောက်ခွန်ဌာနနှင့် တိန်ကျုံအကောက်ခွန်ဌာနတို့၏ "လယ်ကွင်းချိတ်ဆက်မှု + တရုတ်-လာအို ရထားလမ်းမှ အကောက်ခွန်လွှဲပြောင်းခြင်း ချိတ်ဆက်မှု" ဟူသော ကြီးကြပ်မှုပုံစံကို ဆန်းသစ်တီထွင်စွာ အသုံးပြု၍ ကုန်စည်များကို တစ်ကြိမ်သာ စစ်ဆေးခြင်းအားဖြင့် အကောက်ခွန် တိုက်ရိုက်ရှင်းလင်းပြီးနောက် မြန်မာနိုင်ငံသို့ ပို့ဆောင်ရောက်ရှိပြီး မိုဟန်ဆိပ်ကမ်းတွင် ရပ်တန့်စစ်ဆေးခြင်း မလုပ်တော့ပါ ဖြစ်ကာ ၄င်းသည် ကွမ်းဒုရပ်ကွက်နှင့် ကူမင်းစီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးရေးဇုန်တို့၏ ဒေသတွင်း ချိတ်ဆက်မှုပုံစံ တစ်ခုလည်း ဖြစ်သည်။ ဤလုပ်ငန်း၏ အောင်မြင်သော စမ်းသပ်မှုမှာ ကုန်မျိုးစုံ၏ လန်ချန်း-မဲခေါင်လိုင်းကို စီးရန် "1039" တင်ပြသည့်အတွက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအသစ်ကို ဖောက်ထွင်းခဲ့ပြီ ဖြစ်၍ ကုန်မျိုးစုံ၏ လက်မှတ်မပါသော်လည်း တရားဝင်တင်ပို့သည့် ပြဿနာကို ဖြေရှင်းပေးခဲ့ပြီ ဖြစ်၍ ရှင်းလော်စီဝမ်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဈေးတန်းမှ "အသေးစားကုန်ပစ္စည်း" နှင့် ယူနန်ပြည်နယ်ရှိ စီရင်စုနှင့်မြို့များမှ "ထုတ်ကုန်ပစ္စည်းများ"ကို တောင်အာရှနှင့် အရှေ့တောင်အာရှရှိ ဈေးကွက်ကြီးများသို့ တင်ပို့ရောင်းချရန် ထိရောက်သော၊ သက်သာလွယ်ကူသော၊ လုံခြုံသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်း တစ်ခုကို တည်ထောင်ခဲ့ပြီ ဖြစ်၍ လုပ်ငန်းကုမ္ပဏီ၏ လည်ပတ်မှု ကုန်ကျစရိတ်ကို လျှော့ချစေပြီး သယ်ယူပို့ဆောင်ရေး အရှန်အဟုန်ကို တိုးမြင့်စေပြီး ယူနန့်ထုတ်ကုန်ပစ္စည်းများ၏ စုစည်းမှုနှင့် တင်ပို့မှု မြန်နှုန်းကို များစွာမြှင့်တင်တစ်ခဲ့ပြီ ဖြစ်သည်။
နောက်တစ်ဆင့်တွင် ကူမင်းမြို့ကုန်သွယ်ရေးဌာနနှင့် ကွမ်းဒုရပ်ကွက် ပြည်သူ့အစိုးရတို့သည် အကောက်ခွန် ကြီးကြပ်ရေးနေရာများကို အပြည့်အ၀ အသုံးပြုပြီး ပလက်ဖောင်း၏ လုပ်ဆောင်ချက်များကို ဖွင့်လှစ်၍ "ဈေးကွက်ဝယ်ယူရေး + လန်ချန်း-မဲခေါင်လိုင်း" ဟူသော ရောနှောတင်ဆောင်ခြင်း ပုံစံကို ဆက်တိုက် ကောင်းမွန်စေရန်နှင့် ပုံမှန်လည်ပတ်စေရန် တွန်းအားပေးမည် ဖြစ်ကာ တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း၏ ရှေးပြေးစမ်းသပ်သော မူဝါဒအားသာချက်ကို ကောင်းမွန်စွာ အသုံးပြုပြီး မျိုးစုံသော အပြည်ပြည်ဆိုင်ရာ ကုန်စည်သယ်ယူပို့ဆောင်ရေး ဖွဲ့စည်းပုံစံများနှင့် အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာ ဝန်ဆောင်မှုစနစ်များကို ဆက်တိုက်စူးစမ်းလေ့လာပြီး ဆန်းသစ်တီထွင်မည် ဖြစ်ကာ ကူမင်းမြို့သည် ပြည်ပကုန်သွယ်ရေး အတိုင်းအတာကို တည်ငြိမ်စေရန်၊ ဖွဲ့စည်းပုံ ကောင်းမွန်စေရန်၊ အရည်အသွေးနှင့် ထိရောက်မှု တိုးမြှင့်ရန် အားကောင်းသော စွမ်းအားများကို ထည့်သွင်းပေးမည် ဖြစ်ကြောင်း ကူမင်းမြို့ကုန်သွယ်ရေးဌာန၏ သက်ဆိုင်ရာတာဝန်ရှိသူက ပြောကြားခဲ့ပါသည်။
6月14日,云南省首单“市场采购贸易+澜湄线”混装班列从昆明王家营西集装箱中心站驶出,顺利将一批货值38.4万元的五金及建材产品经中老铁路澜湄线发往缅甸大其力。
为进一步放大中老铁路“黄金线路”效应,提升区域内商品流通、货物通关结算与要素流动便利化水平,昆明市商务局、官渡区政府积极与昆明邮局海关、滇中海关、中国铁路昆明局集团协调对接,在“市场采购+澜湄线”单一货品的基础上,持续探索“市场采购+澜湄线”混装新模式。
该模式创新使用昆明邮局海关与滇中海关“场场联动+中老铁路转关联动”的监管模式,货物实行“一次查验,直接通关”至缅甸,在磨憨口岸不再停留查验,也是官渡区与昆明经开区区域联动典范。此次业务的成功测试,打通了百杂货物申报“1039”搭乘澜湄线的物流新通道,破解了百杂货物无票合规出口的难题,为新螺蛳湾国际商贸城“小商品”及云南各州市“云品”奔赴南亚东南亚大市场,搭建了一条高效、便捷、安全的物流通道,助力企业降低运营成本,提高物流时效,极大促进云品集货、提速出海。
昆明市商务局相关负责人表示,下一步,昆明市商务局、官渡区政府将充分利用好海关监管场所和开放平台功能,推动“市场采购+澜湄线”混装模式持续完善和常态化运行,用好中国(云南)自由贸易试验区昆明片区先行先试政策优势,持续探索并创新多元化的国际货物运输组织模式与通关服务机制,为昆明市外贸稳规模、优结构、提质效注入强劲动能。(云南网 记者张雁群)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ကျောက်ဇီတောင်တွင် ဇလပ်နီပန်း ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ကျင်းပမည်
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
- အမှည့်စောသော ဘေဘာရီသီးများသည် ဈေးကွက်တွင် စတင်ရောင်းချခဲ့
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မေဒေး အားလပ်ရက်အတွင်း ရွှေလီဆိပ်ကမ်းတွင် ပြည်ဝင်ပြည်ထွက် သွားလာမှု ပမာဏသည် အကြိမ်ရေ ၇.၅၉ သောင်းအထိ ရောက်ရှိခဲ့
- မဟာမဲခေါင်ဒေသခွဲရှိ တရုတ်-လာအို-ကမ္ဘောဒီးယား နယ်စပ်ဖြတ်ကျော် တိုက်ရိုက် သယ်ယူပို့ဆောင်ရေး စတင်
- ယူနန်ပြည်နယ်မှ Tachysurus fulvidraco များကို ထိုင်းနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- တရုတ်နိုင်ငံ ယူနန်ပြည်နယ်- ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အထူးထုတ်ကုန်မိတ်ဆက်ပွဲကို ကျင်းပခဲ့