(၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ယနေ့တွင် စတင်ကျင်းပခဲ့

2025-06-20 11:01|ရောင်စုံတိမ်တံတား

1234

ဇွန်လ ၁၉ ရက်နေ့တွင်  (၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၉) ကြိမ်မြောက် တရုတ် (ကူမင်း) သွင်းကုန်/ပို့ကုန် ကုန်စည်ပြပွဲကို ယူနန်ပြည်နယ် ကူမင်းမြို့၌ စတင်ကျင်းပခဲ့ပါသည်။

XxjdzbC007027_20250619_CBMFN0A002

ဤကုန်စည်ပြပွဲ၏ ခေါင်းစဉ်မှာ "ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီစဉ်ဆောင်ရွက်ခြင်း" ဖြစ်၍ ပြပွဲဧရိယာမှာ စတုရန်းမီတာ ၁ သိန်း ၆ သောင်ရှိ၍ အထူးပြခန်း ၁၆ ခုကို စီစဉ်ထားပြီး အစိမ်းရောင်စွမ်းအင်၊ ခေတ်မီစိုက်ပျိုးရေးလုပ်ငန်း၊ ဆေးဝါးကုသရေး၊ ယဉ်ကျေးမှု ခရီးသွားလုပ်ငန်း စသည်ဖြင့် တောင်အာရှနိုင်ငံများနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အလားအလာကောင်းရှိသော စက်မှုလုပ်ငန်းများကို ဘက်ပေါင်းစုံ ပြသကာ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းလာရန်နှင့် ခိုင်မြဲရန် တိုးမြှင့်ပေးကာ သုံးစွဲမှုဦးတည်ချက်အသစ်များကို ဦးဆောင်သည်။

1908536_700x700

微信图片_20250619184020

ဤကုန်စည်ပြပွဲတွင် "ယူနန်ပြည်နယ်၌ မှီတင်းနေထိုင်ခြင်း"ဟူသော ပြခန်းကို ပထမဆုံးအကြိမ် စီစဉ်ထားပြီး တရုတ်ဆေးပညာ စံချိန်စံညွှန်သတ်မှတ်ထားခြင်း ဝန်ဆောင်မှုများ၊ နယ်စပ်ဖြတ်ကျော် ကျန်းမာစေခြင်းနှင့် မှီတင်းနေထိုင်ခြင်းဆိုင်ရာ လမ်းကြောင်းများ စသည့် "ဂေဟစနစ်+သက်ကြီးရွယ်အိုစောင့်ရှောက်မှု" "ခရီးသွားလာရေး+ကျန်းမာစေခြင်း" ဖြစ်သည့် ထုတ်ကုန်များကို စုစည်းပြသကာ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် နေထိုင်စားသောက်မှုသုံးစွဲခြင်းတို့ကို ချောမွေ့ပေါင်းစပ်ရန် တွန်းအားပေးသည်။ ကုန်စည်ပြပွဲကျင်းပရာအချိန်တွင် "ယူနန်ပြည်နယ် အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရေးမြို့တော် ပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ်" နှင့် "ပိုးထည်ကုန်သွယ်လမ်းနှင့် ယူနန့်အဝတ်တန်ဆာနှင့် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲဆိုင်ရာ ဖက်ရှင်ရက်သတ္တပတ်"တို့ကို ပထမဆုံးအကြိမ် ကျင်းပသွားမည် ဖြစ်ပြီး နိုင်ငံအသီးသီးမှ ပြည်သူလူထုများ အချင်းချင်း နားလည်မှုကို တိုးမြှင့်ပေးပါသည်။

微信图片_20250619184053

微信图片_20250619184106

微信图片_20250619184123

သေသပ်ချောမွေ့စွာနေထိုင်မှုပြခန်းတွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနှင့် တီထွင်ဖန်တီးမှုပစ္စည်းများဆိုင်ရာ အနုပညာ၊ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ စောင့်ရှောက်မှု၊ အပန်းဖြေအစားအစာ၊ အိမ်သုံးပရိဘောဂများ၊ စမတ်ကျသောဝတ်ဆင်ပစ္စည်းများ၊ အဆန်းထွင်သောနည်းပညာ၊ အစိမ်းရောင်ခရီးထွက်ခြင်း စသည့်သည့် နောက်ဆုံးပေါ်နယ်ပယ် ၇ ခုကို လွှမ်းခြုံထားပြီး အနာဂတ်အဆင့်မြင့်ဘဝပုံပြရှုခင်းကို ဘက်ပေါင်းစုံ ဖန်တီး၍ ပြည်တွင်းပြည်ပ လုပ်ငန်းကုမ္ပဏီအများအပြားကို စုစည်းထားကာ ၎င်းတို့အနက် Hangzhou Qiuguo Plan Technology Co., Ltd သည် ပြုပြင်ဆန်းသစ်သော Wigain XR စမတ်မျက်မှန်ကို ပြသမည် ဖြစ်ပြီး လာရောက်လည်ပတ်သူများအား အာကာသတွက်ချက်ခြင်းအတတ်ပညာမှာ နေထိုင်မှုကို ပြောင်းလဲစေနိုင်သည့် သိပ္ပံနှင့်နည်းပညာညှို့နိုင်စွမ်းကို တွေ့ကြုံခံစားစေကြမည် ဖြစ်သည်။

微信图片_20250619184927

微信图片_20250619185011

微信图片_20250619185018

ထို့ပြင် ပြည်ပပြခန်းနှင့် အရှေ့တောင်အာရှပြခန်းတို့တွင် နိုင်ငံနှင့်ဒေသပေါင်း ၃၂ ခုအား ကမ္ဘာလုံးမှ ထုတ်ကုန်များ၊ အစားအစာနှင့် လက်မှုပညာများကို ခင်းကျင်းပြသရန် နာမည်စာရင်းပေးသွင်းခဲ့သည် ရှိ၍ ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများနှင့် မူဝါဒခွဲဝေမှုများများ မှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးကို အဆင့်မြှင့်တင်ရန် ကူညီပေးပါသည်။

微信图片_20250619184030

၂၀၁၃ ခုနှစ်တွင် ပထမအကြိမ် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ကူမင်းမြို့၌ ကျင်းပခဲ့ပြီးကတည်းက ၁၂ နှစ်အတွင်း ကုန်စည်ပြပွဲ ၈ ကြိမ်မြောက်ကို ကျင်းပခဲ့သည်၊ တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသည် တရုတ်နှင့် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများကြား ချစ်ကြည်ရင်းနှီးမှု နွေးထွေးမှုကို မျက်မြင်သက်သေခဲ့ပြီ ဖြစ်၍ "မိတ်ဆွေစက်ဝိုင်း"နှင့် ပူးပေါင်းဆောင်ရွက်မှု နယ်နိမိတ်များကိုလည်း ချဲ့ခဲ့သည်။ ၎င်းသည် နိုင်ငံနှင့် ဒေသပေါင်း ၈၉ ခုကို ပါဝင်ရန် ဆွဲဆောင်ခဲ့ပြီး လက်မှတ်ရေးထိုးသည့် လုပ်ငန်းရပ် အခု ၂၇၀၀ ကျော်၊ အွန်လိုင်းနှင့်အော့ဖ်လိုင်း ပြပွဲပြသသူ အယောက် ၂.၇ သောင်းကျော် ရှိသည်။ "အရှေ့တောင်အာရှလမ်းကြောင်း"၏ ဆက်သွယ်ရေးဗဟိုချက်မြို့အဖြစ် ကူမင်းရှိ ဒေသများဆိုင်ရာ သြဇာလွှမ်းမိုးမှုမှာ ဆက်လက်တိုးမြင့်လာခဲ့သည်။

123

456

ဤကုန်စည်ပြပွဲတွင် အထင်ကြီးလောက်သော စာချုပ်ပမာဏများ၊ ကြီးမားသော ကုန်သွယ်ရေးပမာဏ စသည်ဖြင့် ကိန်းဂဏန်းများဖြင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်သည့် ကျေနပ်လောက်သောအဖြေကို ပေးဆောင်နိုင်မည် ဖြစ်ပြီး ကူမင်း၏ စီးပွားရေးထဲသို့ အားကောင်းသည့် စွမ်းအားကို သွင်းပေးလိမ့်မည်ဟု မျှော်လင့်ပါသည်။

1234

6月19日,第9届中国-南亚博览会暨第29届中国昆明进出口商品交易会在云南昆明开幕。

XxjdzbC007027_20250619_CBMFN0A002

本届南博会以“团结协作 共谋发展”为主题,展览面积16万平方米,设置16个专题展馆,全面展示绿色能源、现代农业、医疗康养、文化旅游等与南亚国家经贸合作潜力较大的产业,促进经贸合作走深走实,引领消费新趋势。

1908536_700x700

微信图片_20250619184020

本届南博会还首次设立“旅居云南”馆,集中展示中医药标准化服务、跨境康养旅居路线等“生态+养老”“旅游+康养”产品,推动服务贸易与生活消费无缝衔接。展会期间将首办“云南省国际友城合作周”和“丝路云裳·南博时装周”,促进民心相通。

微信图片_20250619184053

微信图片_20250619184106

微信图片_20250619184123

在精品生活馆,涵盖非遗文创艺术、健康美学护理、休闲食品、家居家纺、智能穿戴、创新科技、绿色出行等七大前沿领域,全方位构建未来高端生活图景,汇聚了众多境内外企业,其中秋果计划公司将展示颠覆性的Wigain XR智能眼镜,让观众体验空间计算技术重塑生活的科技魅力。

微信图片_20250619184927

微信图片_20250619185011

微信图片_20250619185018

此外,境外馆和东南亚馆共吸引32个国家和地区参展展出全球好物、美食与手工艺,主打“舌尖上的东南亚”,并通过文化活动和政策红利助力跨境贸易升级。

微信图片_20250619184030

自2013年首届南博会落地昆明。12年8届,南博会见证了中国与南亚、东南亚国家之间的友谊升温,也不断扩展“朋友圈”,拓宽合作边界。累计吸引89个国家和地区参与,签约项目逾2700个,线上线下参展商超过2.7万家,昆明作为“东南亚通道”的枢纽城市区域影响力不断提升。

123

456

期待本届南博会以亮眼的签约金额、庞大的贸易成交量等数据,交出一份高质量发展的满意答卷,为昆明经济注入强劲动能。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်