(၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို စတင်ကျင်းပတော့မည်

2025-06-18 17:57|ရောင်စုံတိမ်တံတား

1906979_2048x2048

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့) (၉) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၉) ကြိမ်မြောက် တရုတ် (ကူမင်း) သွင်းကုန်/ပို့ကုန် ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့ တျန်းချီ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့်ပြပွဲစင်တာ၌ ကြီးကျယ်ခမ်းနားစွာ စတင်ကျင်းပတော့မည်။ ဤကုန်စည်ပြပွဲ၏ ခေါင်းစဉ်မှာ "အခွင့်အလမ်းအသစ်များကို အတူတကွ မျှဝေခံစားခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအသစ် အတူကြိုးပမ်းဖော်ဆောင်ခြင်း" ဖြစ်၍ ပြပွဲဧရိယာမှာ စတုရန်းမီတာ ၁၆ သောင်းရှိ၍ အထူးပြခန်း ၁၆ ခုကို စီစဉ်ထားပြီး ပြည်တွင်းပြည်ပ လုပ်ငန်းကုမ္ပဏီ အခု ၁၂၀၀ ကျော်၊ လူအယောက် ၃၀၀၀ နီးပါးကို ရွေးချယ်ဝယ်ယူရန် နာမည်စာရင်းပေးသွင်းခဲ့သည် ရှိပါပြီ။ တောင်အာရှ၊ RCEP အဖွဲ့ဝင်နိုင်ငံများ၊ ဥရောပတိုက်၊ အမေရိကတိုက်နှင့် အာဖရိကတိုက် စသည့် နိုင်ငံနှင့်ဒေသပေါင်း ၃၀ ကျော်ကို ပါဝင်ပါသည်။ ယူနန်ပြည်နယ်၏ စက်မှုလုပ်ငန်း အားသာချက်များ၊ ရင်းနှီးမြှုပ်နှံမှု အလားအလာများနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အောင်မြင်မှုများကို ဘက်ပေါင်းစုံ ပြသမည် ဖြစ်၍ တရုတ်နှင့် နိုင်ငံခြား ကုမ္ပဏီများအတွက် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆင့်မြင့် ပလက်ဖောင်းတစ်ခုကို တည်ဆောက်မည် ဖြစ်သည်။

1906980_2048x2048

ဇွန်လ ၁၅ ရက်နေ့တွင် သတင်းထောက်များက တျန်းချီ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့်ပြပွဲစင်တာသို့ ပြခန်းအသီးသီး၏ ကြိုတင်ပြင်ဆင်မှု အခြေအနေများကို သွားရောက်လေ့လာခဲ့ရာ ပြခန်းထဲတွင် အလွန်အလုပ်များနေပြီး အလုပ်သမားများသည် ပြခန်းတည်ဆောက်ရန် စက္ကန့်တိုင်း မိနစ်တိုင်းကို အသုံးပြုနေကြောင်း တွေ့ရှိခဲ့သည်။ ပြခန်းများ၏ အဓိကအဆောက်အဦများကို အခြေခံအားဖြင့် ပြီးမြောက်ခဲ့ပြီး အတွင်းပိုင်း အလှဆင်ခြင်းနှင့် ပြသမည့်ပစ္စည်းများ ခင်းကျင်းမှုကိုလည်း စနစ်တကျ လုပ်ဆောင်နေ၍ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းသည် အပြေးအလွှားအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

1906981_2048x2048

1906983_2048x2048

1906982_2048x2048

1906984_2048x2048

1906985_2048x2048

1906986_2048x2048

1906987_2048x2048

1906988_2048x2048

1906989_2048x2048

1906990_2048x2048

1906979_2048x2048

第9届中国—南亚博览会暨第29届中国昆明进出口商品交易会将于6月19日至24日在昆明滇池国际会展中心盛大启幕。本届展会以“共享新机遇共谋新发展”为主题,展览面积16万平方米,设置16个特色展馆,吸引了境内外1200多家企业近3000人报名参加采购。涵盖南亚、RCEP成员国及欧洲、美洲、非洲等30多个国家和地区。全方位展示云南产业优势、投资潜力及国际合作成果,为中外企业搭建经贸合作的高端平台。

1906980_2048x2048

6月15日,记者实地探访滇池国际会展中心各个场馆筹备情况,现场一片繁忙景象,工人们正争分夺秒地进行场馆搭建工作。各个场馆的主体结构已基本完成,内部装修和展品布置也在有条不紊地进行中,筹备工作已进入冲刺阶段。(昆明信息港 记者昝娟娟 曹芸/文 张朝瑞/图)

1906981_2048x2048

1906983_2048x2048

1906982_2048x2048

1906984_2048x2048

1906985_2048x2048

1906986_2048x2048

1906987_2048x2048

1906988_2048x2048

1906989_2048x2048

1906990_2048x2048

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်